Soulmate ep39

1.1K 46 3
                                    

မိုးလင်းလာတော့ ရင်ခွင်ထဲ အိပ်နေတဲ့ကောင်လေးကို အသာချပေးပီး bright အပြင်ထွက်လာခဲ့တယ် သူcompany မလာနိုင်ဘူးဆိုတဲ့အကြောင်းနဲ့ win အ​ကြောင်းကိုအသိပေးဖို့ fong ကိုဖုန်းဆက်တယ် ခဏနေမှ win နိုးလာရင်စားဖို့ မနက်စာသွားဝယ်ဖို့ထွက်လာလိုက်တယ်.....

Pearl - bright ငါတို့စကားပြောရအောင်

မနက်စာဝယ်ပီးပြန်လာတော့ pearl နဲ့တွေ့တာမို့ စကားပြောဖို့ခေါ်တာကြောင့် pearl နောက်ကိုလိုက်သွားခဲ့လိုက်တယ်

Pearl - ဒီအကို ကိုသိပီးသားမလား

Bright - အင်း p'top

Top - အကိုတို့ win အကြောင်းဆွေးနွေးရအောင် ကိုယ်လဲမနေ့ကမှ pearl ပြောလို့သိခဲ့တာ

Bright - ဟုတ်....

Top - ကိုယ်အခုပြောချင်တာက win အခြေအနေကို ညီလဲသေချာသိရမယ်ထင်လို့ပါ ပီးတော့ သူ့မိဘတွေကိုလဲဆက်သွယ်သင့် မသွယ်သင့် ညီနဲ့ win ဆုံးဖြတ်ပါ

Bright - ဟုတ် အက်ိုပြောပါ ကျွန်တော်နားထောင်နေပါတယ်

စတွေ့တုန်းကနဲ့မတူပဲ အခုလိုကောင်းကောင်းမွန်မွန်ပြောလာတဲ့ကောင်လေးကိုကြည့်ပီး win အပေါ်ဘလောက်ဂရုစိုက်လဲ သိသာလှပါတယ်

Top - ဒါwin ရဲ့ဓာတ်မှန် ညီနားလည်အောင်ပြောရရင်တော့ ဒီဘက်က သာမန်လူရဲ့ဦးနှောက် ဒါမဲ့ အခုwin ရဲ့ဦးနှောက်မှာ အကြိတ်ကဖိထားတယ် အကို့ခန့်မှန်းချက်အရတော့ ဖစ်တာအတော်ကြာနေပီ  စသိထဲက ခွဲစိတ်ခဲ့ရင်တော့မစိုးရိမ်ရပေမဲ့ အခုအကြိတ်ကအရမ်းကြီးပီးအမြစ်တွယ်နေပီ ဒါကိုwin ကသိလို့ခွဲစိတ်ဖို့ငြင်းခဲ့တာ ခွဲစိတ်မှုကအောင်မြင်နိုင်ချေ 40 % တောင်မရှိချင်ဘူး တဂယ်လို့အောင်မြင်ခဲ့ရင်လဲ ပြန်နှိုးလာဖို့မသေချာဘူး ပြောရရင်coma ဝင်သွားတဲ့ထိဖစ်နိုင်တယ် နှိုးလာခဲ့ရင်တောင်မှ side effect အရ မျက်လုံးကွယ်တဲ့ထိဖစ်နိုင်တယ် အကိုထင်တာမမှားဘူးဆို win အခုထဲက ​သေချာမမြင်ရလောက်တော့ဘူး

top ကသာပြောနေပေမဲ့ bright ကတော့ ခေါင်းသာငုံ့ရင်းသူပြောသမျှကိုဘာမှပြန်မပြောခဲ့

Top - အကိုအခုပြောတာက ဆေးပညာသဘောတရားကိုပြောပြတာပါ ဒါမဲ့ အကိုအတတ်နိုင်ဆုံးကြိုးစားမှာပါ အခု US က ဦးနှောက်နဲ့အာရုံကြောအထူးကုကြီးဆီကို win ရဲ့ရောဂါမှတ်တမ်းတွေပို့ထားတယ် သူ့ဘက်ကwin ကိုခွဲစိတ်ဖို့လက်ခံရင်တော့ ကံကောင်းခြင်းတခုပေါ့ သူက အဲ့အပိုင်းမှာအရမ်းတော်တဲ့သူလေ

Soulmate (complete)Where stories live. Discover now