အဖြူရောင်ဆေးသုတ်ထားတဲ့ အခန်းလေးတစ်ခန်း နှလုံးခုံတိုင်းကိရိယာရဲ့အော်မြည်သံ တ တီ တီ ကလွဲလို့ တိတ်ဆိတ်စွာရှိနေတဲ့အခန်းလေး....
ကုတင်ထက်မှာလှဲလျောင်းနေတဲ့ ကောင်လေးရဲ့မျက်နှာဟာ အပူအပင်မရှိ ပကတိကြည်လင်နေတယ် အပြင်ကကြားရတဲ့မိုးသံဖျောက်ဖျောက်ကြောင့် မိုးရာသီပြန်ရောက်လာခဲ့ပီ....
ကောင်လေးဟာလဲ ကုတင်ပေါ်မှာအိပ်စက်အနားယူခဲ့တာ ၁နှစ်တင်းတင်းပြည့်ခဲ့ပီ.....
ခဏနေတော့ အခန်းတံခါးပွင့်လာပီး လူတယောက်ဝင်လာခဲ့တယ် suit အနက်ရောင်ဝတ်ဆင်ထားပီး သပ်ရပ်ခန့်ညားတဲ့လူချောမောကြည်လင်တဲ့ မျက်နှာသွင်ပြင်က အဆင်ပြေတဲ့ပုံစံဖစ်နေပေမဲ့ မျက်နှာကတော့အပြုံးအရယ်မရှိ ဒါမဲ့ခက်ထန်နေတာမျိုးမဟုတ်ပဲ နွမ်းလျနေတာ ကုတင်နားရောက်တော့ ကောင်လေးကိုမြင်မှ မျက်နှာပေါ်ကစိတ်လိုလက်ရပေါ်လာတဲ့အပြုံးတပွင့် ထိုသူရဲ့ပျော်ရွှင်မှုက ကုတင်ပေါ်ကအိပ်စက်နေတဲ့ကောင်လေး...Bright - ကိုယ်ဒီနေ့ နည်းနည်း နောက်ကျသွားတယ် company မှာ meeting လေးရှိလို့လေ
ကုတင်ပေါ်ကကောင်လေးရဲ့ လက်ကိုကိုင်ပီး ပြောနေပေမဲ့ တဖက်ကတော့ ပြန်ပြောချင်းအလျင်းမရှိ
Bright - ဒီနေ့ နည်းနည်းပင်ပန်းတယ်
ရှယ်ယာရှင်တွေကလဲ ကိုယ့်ကို complain တက်ချင်နေတယ် ဒါမဲ့ ကိုယ့်ကဘသူလဲသိတယ်မလား သူတို့ကိုယ့်ကိုကျော်ပီးဘာမှမလုပ်ရဲ့ဘူးလေ ဟား....သူငယ်ချင်းတွေရှိနေလို့လဲ အားကိုးရတာလဲပါတာပေါ့....ထားလိုက်ပါအဲ့တာတွေ ကိုယ်တို့အကြောင်းပဲပြောရအောင်...win ရောဒီနေ့အဆင်ပြေရဲ့လား ကိုယ်မရှိတုန်းကိုယ့်ကိုလွမ်းနေရဲ့လား ကိုယ်ကတော့အရမ်းလွမ်းလို့ အမြန်အလုပ်လုပ်ပီးပြန်လာခဲ့တာလေ....ဘလိုလဲ ကိုယ်တော်တယ်မလား....လက်လေးကိုဖွဖွကိုင်လိုက် ပါးလေးကိုလှမ်းကိုင်လိုက်ပုံမှန်စကားပြောသလိုပြုံးပီးသူ့ရဲ့တနေ့တာကိုပြောပြနေတယ်
ဒါက bright ပုံမှန်လုပ်နေကြအလုပ်တွေထဲကတခုပါ win ပြန်သတိမရလာတဲ့ပထမ ၁ လလောက်ထိ bright ကwin အနားကတဖဝါးမှမခွာပဲစောင့်ရှောက်ပေးခဲ့ပေမဲ့ မိဘတွေရော သူငယ်ချင်းတွေကပါ ပုံမှန်တိုင်းပြန်နေဖို့တိုက်တွန်းခဲ့တယ် company ကလဲ bright မရှိတော့ လူတွေက ဟိုပြောဒီပြော ဖစ်လာကြတယ် ဒါတွေကိုတခုမှ ဂရုမစိုက်ပေမဲ့ ချစ်ရသူကောင်လေး စာထဲမှာရေးထားသလို့ အကောင်းဆုံးရှင်သန်ပီးသူ့ကိုစောင့်နေရမယ်ဆိုတဲ့စကားကြောင့် bright ပုံမှန်အတိုင်းပြန်နေဖစ်ခဲ့တယ်
![](https://img.wattpad.com/cover/280127198-288-k91946.jpg)
YOU ARE READING
Soulmate (complete)
Fanfiction-မင်းရဲ့ဘဝတစ်လျှောက်လုံး အနားမှာရှိပေးမဲ့သူ.... -မင်းကိုအမြဲနားလည်ပေးပီး တခြားသူတွေထက် မင်းကိုယုံကြည်ပေးမဲ့သူ.... -ပြီးတော့ ဘာတွေပဲဖြစ်နေပါစေ သူကမင်းကိုအမြဲချစ်သွားမဲ့သူ.... Soulmate -မင်းရဲ့ဘဝတစ်လျှောက်...