Soulmate ep 17

776 44 4
                                    

ဒီနေ့တော့ ကျောင်းပိတ်ရက်လဲဖစ်သလို bright win တို့ရဲ့ချစ်သူသက်တမ်း ၃လပြည့်တဲ့နေ့လေးလဲဖစ်တယ် တရားဝင်ချစ်သူဖစ်တာသာ ၃လဆိုပေမဲ့ သူတို့တယောက်ကိုတယောက်ချစ်နေခဲ့တာကကြာပီမဟုတ်လား ဘာပဲဖစ်ဖစ် ဒီနေ့တော့၂ယောက်လုံးစိတ်လှုပ်ရှားနေကြတယ် bright ကတော့ထူးထူးဆန်ဆန်းဒီနေ့win ထက်အရင်နိုးနေလေရဲ့

Bright - win.....ထတော့လေ
အိပ်နေတဲ့ win ဘက်ကိုလှည့်ပီး win ရဲ့ပါးလေးကိုကိုင်ကာ နှိုးလိုက်တယ်

Win - အွန်း....မင်းကအစောကြီးထလို့ပါလား

Bright - အင်း ကိုယ်ဒီနေ့အစောကြီးနိုးနေတာ ဒီနေ့ဘာနေ့လဲ မှတ်မိလား

Win - ကျောင်းပိတ်တဲ့နေလေ အဲ့တာကိုဘာလို့မင်းကစောထနေတာလဲ

Bright - win......မင်းတဂယ်မသိဘူးလား

Win - ဟား....စိတ်ကောက်မယ်ဆိုတာကြီးပဲကွာ သိပါတယ် ဒီနေ့ကငါတို့ရဲ့ 3monthsary ဟုတ်တယ်မလား

Bright - သိရဲ့သားနဲ့ ကိုယ့်ကိုဘာလို့စရတာလဲ win ရဲ့
bright win ရဲ့နှာခေါင်းလေးကို အသားယားစွာ ညစ်ရင်းမေးလိုက်တယ်

Win - မင်း ဘလိုပုံစံဖစ်သွားမလဲသိချင်လို့ပေါ့ ထင်တဲ့တိုင်းပဲ စိတ်ကောက်သွားတာပဲ ဟား....

Bright - ဟွန်း...ထားပါ ကိုယ်တို့ဒီနေ့လဲအားတယ်ဆိုတော့ date ရအောင်လေ

Win - မင်းကဘယ်သွားချင်လို့လဲ

Bright - ဘယ်ဖစ်ဖစ် မင်းနဲ့ဆ်ို အကုန်လုံးသွားချင်တယ်

Win - ohh....ကြွေသွားပီ khun bright ရဲ့အပြောတွေကို

Bright - အပြောတွေကိုပဲလား လူကိုရောမကြွေဘူးလား

Win - အင်း......အဲ့တာတော့မသေချာဘူးလေ....

Bright - မသေချာဘူးပေါ့ ဟုတ်လား မသေချာဘူးပေါ့

Win - ဟား...ဟား....ယားတယ် သေချာတယ် ဟား....တော်တော့.....

bright သူ့ကို စနေတဲ့ကောင်လေးကိုအသဲတယားယားဖစ်ပီး ခါးကိုကလိထိုးနေလိုက်တယ် ဒီမနက်မှာတော့ချစ်သူ၂ဦး ကြည်နူးမှုအပြည်နဲ့ နိုးထလာခဲဲ့ကြတာပေါ့
...............................
Date မယ်ဆိုပီး ထွက်လာခဲ့ပေမဲ့ တဂယ်တမ်းကျတော့လဲ ဘယ်သွားရမှန်းမသိတော့ shopping mall ကိုသာသွားပီး ၂ယောက်အတူ လိုချင်တာတွေရော အိမ်အတွက်လိုအပ်တာတွေရော ဝယ်နေလိုက်ကြတယ်

Soulmate (complete)Where stories live. Discover now