Part 13
Bangkok ကနေ ချင်းမိုင်ကိုပျံသန်းလာတဲ့ လေယာဥ်ဟာ ချင်းမိုင်းလေယာဥ်ကွင်းသို့ ဆိုက်ရောက်လာခဲ့တယ် ခဏနေတာ ခရီးသည်တွေ ဆင်းလာကြပီ အသီးသီး လိုရာခရီးကိုဆက်ဖို့ ပြင်ဆင်နေကြတယ်......
Win - ဝှား.....ပင်ပန်းလိုက်တာကွာ
လေယာဥ်ကွင်းထဲကထွက်လာပီး ကားငှားရန်စောင့်နေရင် win တယောက် လက်နှစ်ကို မြှောက်ကာ အကြောဆန့်လိုက်တယ်
Bright - လေယာဥ်ပေါ်လဲအိပ်လာတယ် အခုလဲ ရှိသမျှအထုပ်အကုန် ငါဆွဲလာရတာကို ဘာကိုပင်ပန်းနေရတာလဲ ပြောပါအုံး
Win - မင်းကအခု အထုပ်တွေတယောက်ထဲဆွဲရလို့ ငါ့ကိုအပြစ်ပြောနေတာလားပြော ငြိုငြင်တယ်ပေါ့
Bright -ဘသူကငြိုငြင်တယ်ပြောလို့လဲ မပြောပါဘူး ဟီး....
ခုနက လေသံမဟုတ်တော့ပါ သူလေသံထက် win လေသံက ပိုမြှင့်သွားတာကြောင့် bright ပြန်ငြိမ်လိုက်ရပါတယ်
Win - ဟွန်း....နေအုံး taxi ငှားအုံးမယ်
Bright - ဟုတ်
ခဏနေတော့ taxi တစ်စီးငှားပီး win တို့အိမ်ကို ခရီးဆက်ခဲ့ကြတယ်
မရောက်တာလဲ အတော်ကြာပီမို့လို့လားမသိ ချင်းမိုင်းက အရမ်းကိုအေးချမ်းပီးလှပနေတယ် bright ကားမှန်တံခါးကိုချပီး အပြင်ကိုငေးမောကြည့်နေမိတယ်
လမ်းတောက်လျှောက် ယာခင်းတွေ ခြံတွေစိုက်ထားပီး ဘေးပတ်လည်မှာ တောင်တန်းတွေနဲ့ ကာရံထားတဲ့ အလှဟာ စိမ်းစိုပီး ပန်းချီကားတချပ်သဖွယ်Win - ဘလိုလဲ မရောက်တာကြာပီဆိုတော့ ပြောင်းလဲသွားလား
Bright - အင်း....ပိုပီးပြည့်စုံလာတယ်
ပီးတော့ အရမ်းသဘောကျတယ်Win - ပတ်ဝန်းကျင်ကိုလား
Bright - ဟင့်အင်း....မင်းကို
win ဘက်ကိုလှည့်လာပီး ပြောလိုက်တဲ့စကားကြောင့် win ပြုံးလိုက်မိတယ်
bright က တခါတလေးလဲ အဲ့လိုအတည်ပေါက်နဲ့ flirt တတ်သေးတယ်
သူ့အတွက်ရိုးနေပီဆိုပေမဲ့ bright အဲ့လိုပြောတိုင်းတော့ ရင်ခုန်နေရတုန်းပဲWin - မင်းကတော့လေ....
Bright - ငါအတည်ပြောတာ ငါတယောက်ထဲလာတုန်းကဆို အခုလိုမခံစားမိဘူး အခုမင်းနဲ့အတူဆိုတဲ့ စိတ်က ငါ့ကိုပိုပီးပြည့်စုံစေတယ် ပီးတော့ အဲ့ခံစားချက်ကိုသဘောကျတယ်
![](https://img.wattpad.com/cover/280127198-288-k91946.jpg)
YOU ARE READING
Soulmate (complete)
Fanfiction-မင်းရဲ့ဘဝတစ်လျှောက်လုံး အနားမှာရှိပေးမဲ့သူ.... -မင်းကိုအမြဲနားလည်ပေးပီး တခြားသူတွေထက် မင်းကိုယုံကြည်ပေးမဲ့သူ.... -ပြီးတော့ ဘာတွေပဲဖြစ်နေပါစေ သူကမင်းကိုအမြဲချစ်သွားမဲ့သူ.... Soulmate -မင်းရဲ့ဘဝတစ်လျှောက်...