မုန့်ရန် နဲ့ ယွီကျွင်းချန် တို့ရဲ့မွေးနေ့ပွဲကိုတက်ရောက်လာသူတွေက လက်ဆောင်တွေပေးရင်းနှုတ်ဆက်စကားဆိုနေကျတယ်။
"Happy Birthday "
"Happy Birthdayပါ၊ဒီမှာ မင်းအတွက်လက်ဆောင်၊ မင်းကြိုက်လောက်မယ်ထင်တယ်"
"Thank You"
မုန့်ရန်နဲ့ ယွီကျွင်းချန် တို့က လက်ဆောင်တွေကို လက်ခံရင်း ကျေးဇူးတင်စကားပြောနေရတယ်။
"မင်းတို့မွေးနေ့ပွဲအတူတူလုပ်လိုက်တာ အရမ်းကောင်းတာပဲ"
"အာ.. ငါတို့ရဲ့ ညီအစ်ကိုဆက်ဆံရေးက သိပ်မကောင်းပါဘူး"
"မုန့်ရန် ကသာ ဒီနေရာကိုပြင်ဆင်ပေးပြီးငါနဲ့အတူမွေးနေ့ပွဲလုပ်ဖို့ ပြောခဲ့တာပါ"
ယွီကျွင်းချန် ကတော့ အပြုံးတစ်ခုနဲ့ပြန်ဖြေတယ်။
"ခံစားချက်ဆိုတာအသွားအပြန်ရှိတယ်။မင်းလဲငါ့အကြောင်းသိသားပဲ။ငါ့အပေါ်ကောင်းကောင်းဆက်ဆံတဲ့သူတွေကို ငါက ၂ ဆပြန်ကောင်းပေးမယ်။ကျွင်းချန် ငါ့ကိုပြောခဲ့ဖူးတယ်။တခြားသူတွေငါ့ကိုစွန့်ပစ်ခဲ့ရင်တောင် သူက ငါ့ကိုဘယ်တော့မှစွန့်ပစ်မသွားဘူး၊သူက ငါ့ဘက်မှာအခိုင်အမာရပ်တည်ပေးပြီး ငါ့ကိုသစ္စာဖောက်တဲ့လုပ်ရပ်မျိုးဘယ်တော့မှမလုပ်ဘူးတဲ့လေ။သူကငါ့ကိုအဲ့လိုမျိုး ကတိအထပ်ထပ်ပေးခဲ့မှတော့ ငါကလဲ ကျွင်းချန်အတွက်ကောင်းတာလေးတွေလုပ်ပေးရမှာပေါ့"
ယွီကျွင်းချန် တစ်ယောက်ပြုံးနေပေမယ့် အပြုံးတွေထဲမှာအနည်းငယ်တုံ့ဆိုင်းနေတဲ့အငွေ့အသက်တွေယှက်သန်းနေတယ်။နှလုံးသားထဲမှာကတော့ နောင်တတွေပြည့်နှက်နေလေပြီ။
မုန့်ရန် ရဲ့အမေက သူ့အဖေနဲ့ကွာရှင်းပြီးသိပ်မကြာခင်မှာပဲဆုံးပါးသွားခဲ့တာပါ။ပြီးတော့ သူ့အဖေက သူ့အမေနဲ့ ကွာရှင်းပြီးသိပ်မကြာခင်မှာပဲ ယွီကျွင်းချန်ရဲ့ အမေနဲ့ လက်ထပ်ခဲ့တယ်။ယွီကျွင်းချန် က မုန့်ရန် တို့အိမ်ကို အသက်ကိုးနှစ်သားအရွယ်ကတည်းကရောက်လာခဲ့တာဖြစ်တယ်။မုန့်မိသားစုကိုမရောက်လာခင်တုန်းက ယွီကျွင်းချန်ရဲ့ဘဝကအတော်လေးခက်ခဲခဲ့ပါတယ်။အခုတော့ သူတစ်ခါမှ အိမ်မက်မမက်ဖူးခဲ့တဲ့ဘဝမျိုးနဲ့နေထိုင်နေနိုင်ပါပြီ။ဒီလို ဘဝမျိုးနဲ့တစ်သက်လုံးနေထိုင်သွားချင်ရင် မုန့်ရန် စိတ်ကျေနပ်အောင်ဘာမဆိုလုပ်ပေးရမယ်လို့ သူ့အမေကမှာဖူးထားတယ်။
YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...