လော်ရှို့ နဲ့မုန့်ရန်တို့ လက်ချင်းချိတ်ပြီး Private room ထဲကို ဝင်သွားလိုက်တယ်။လော်ရှို့နဲ့ ဆက်ဆံရေးပြေလည်တဲ့ သူငယ်ချင်းတစ်သိုက်က Private room ထဲမှာ လော်ရှို့တို့ကို စောင့်ဆိုင်းနေကြတယ်။
လီယန်က ထိုသူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဆိုနေတယ်။လော်ရှို့နဲ့ မုန့်ရန်တို့ရောက်လာတာကိုမြင်တာနဲ့ ထိုသူငယ်ချင်းတစ်စုလုံးက နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။
"ဒီနေ့ ငါတို့တွေလူစုံတုန်းလေး မင်းတို့ကို မိတ်ဆက်ပေးရမယ့်သူတစ်ယောက်ရှိတယ်!!"
လီယန် ဒီစကားတွေပြောနေချိန်မှာ အရမ်းစိတ်လှုပ်ရှားနေတယ်။
"ငါ မင်းတို့အားလုံးကို ခယ်မလေးအကြောင်း ကောင်းကောင်းကြွားရဉီးမယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဆေးတစ်လုံး ၊နှစ်လုံးကနေ ၊နောက်ဆုံး လက်တစ်ဆုပ်စာလောက်အထိ ဆေးတွေသောက်ခဲ့ရပေမယ့် ငါရဲ့ရောဂါက တနေ့တခြား ပိုပိုဆိုးလာတယ်။ကုသမှုတွေအကြာကြီးခံခဲ့ယူပေမယ့်ဘာမှ ထူးခြားမလာခဲ့ဘူး။ဒါပေမယ့် နှစ်လအတွင်းမှာ တစ်ညကို ငါးနာရီလောက်ထိ အိပ်ပျော်နေပြီကွ!!"
လီယန် ပြောရင်း၊ပြောရင်းနဲ့ စိတ်တွေအရမ်းလှုပ်ရှားလာတယ်။အဲ့တာကြောင့် မုန့်ရန်ရဲ့လက်ကို သတိလက်လွတ်နဲ့ လှမ်းဆွဲမိတော့မလို ဖြစ်သွားခဲ့တယ်။သို့ပါသော်လည်း လမ်းတစ်ဝက်မှာတင် အရှိန်သတ်ပြီး လော်ရှို့ရဲ့ လက်ကို ပြောင်းကိုင်လိုက်တယ်။လော်ရှို့ရဲ့ လက်ကို ခပ်တင်းတင်းကိုင်ပြီး မုန့်ရန်ကိုကြည့်ပြီး စကားဆက်လိုက်တယ်။
"တကယ်ကြီးကို ကျေးဇူးတင်တာပါ။ညဘက်တွေကောင်းကောင်း အိပ်မပျော်နိုင်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။အခုလို ကောင်းကောင်းအိပ်ပျော်နိူင်အောင် ကုသပေးတဲ့ အတွက် တကယ်ကျေးဇူးတင်ပါတယ်"
လော်ရှို့ လီယန့်လက်ထဲကနေ သူ့ရဲ့ လက်ကို ခက်ခက်ခဲခဲဆွဲထုတ်လိုက်တယ်။
"ထိုင်ပြီးပြောလို့မရဘူးလား??ငါတို့တွေဘယ်ကိုမှ ထွက်မပြေးဘူးကွ!"
လီယန့်ရဲ့ မူလအကျင့်စရိုက်ကနေ သွေဖယ်နေတဲ့ ငိုတော့မလို ဖြစ်နေပုံကြီးကို မြင်တဲ့အခါ ကျန်တဲ့သူငယ်ချင်းတွေ ဝိုင်းချော့နေရတယ်။
YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...