အခန်းအပြင်ဘက်မှာ မုန့်ရန်နဲ့ယွီကျွင်းချန်တို့ရဲ့ စီနီယာအစ်ကို၊အစ်မတွေအပြင် ပါပါရာဇီတစ်ချို့ပါရှိနေသေးတယ်။
လော်ဆန်းက ဒီလူတွေအားလုံးရဲ့ရှေ့မှာ ဒူးထောက်ပြီးမုန့်ရန်ကို ဖေဖေလေး လို့ ခေါ်ခဲ့တာဖြစ်တယ်။မုန့်ရန်တောင်မှ အတော်အံ့အားသင့်သွားခဲ့တယ်။ဒီလိုအကျင့်စရိုက်ရှိတဲ့လော်ဆန်း ကတကယ်ကြီးကိုဒူးထောက်နေတယ်ဆိုတာ မထင်မှတ်ထားတဲ့ကိစ္စတစ်ခုဖြစ်တယ်။ထင်ထားတဲ့အတိုင်းပဲ ငွေကြေးဉစ္စာဆိုတာ တကယ်ကို စွမ်းပကားကြီးမားလွန်းတယ်။
အခန်းပြင်မှာရှိနေတဲ့ ယွီကျွင်းချန် ကလဲ အတော်လေး Shock ရနေတဲ့အပြင် စိတ်ဓာတ်တွေပါကျနေခဲ့ပြီ။လော်ဆန်း အရှက်ရနေချိန်မှာ ထပ်ပြီး အပြင်းအထန်သိက္ခာချနေတဲ့ မုန့်ရန်ကို ဗီလိန်အကြီးစားကြီးတစ်ယောက်လို သဘောထားပြီး ယွီကျွင်းချန်ကြည့်နေခဲ့တယ်။
မုန့်ကန်တမင်သက်သက် အချိန်ဆွဲပြီးတော့မှ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်တယ်။ဒါပေမယ့် ဒီလက်ဖက်ရည်ကြမ်းကို တစ်စက်လေးမျှ မသောက်ခဲ့ချေ။
မုန့်ရန် လော်ဆန်းကို ကြည့်ပြီး.....
"မင်း လက်ဖက်ကြမ်းလာတိုက်တဲ့အချိန်က နည်းနည်းနောက်ကျနေပြီ၊အဲ့တော့ ငါအခု ဒီလက်ဖက်ရည်ကြမ်းကိုမသောက်ချင်သေးဘူး။ဒါပေမယ့် မင်းက ငါ့ကိုဖေဖေလေးလို့ ခေါ်နေမှတော့ ဝါစဉ်ကြီးတဲ့ငါက သည်းခံပေးရတော့မှာပေါ့။ငါမင်းကို ခွင့်လွှတ်မလား၊
ခွင့်မလွှတ်ဘူးလာဆိုတာကို မနက်ဖြန်ကြမှ ဆုံးဖြတ်ပေးမယ်"လော်ဆန်း ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ဒေါသကိုမြိုချဖို့အတွက် အံတင်းတင်းကြိတ်ထားတယ်။
"မင်း ပြန်လို့ရပြီ"
လော်ဆန်း မတ်တပ်ထရပ်လိုက်ပြီး လှည့်ထွက်သွားခဲ့တယ်။တံခါးဝနားကိုရောက်တဲ့အခါ လော်ဆန်းရဲ့ထွက်ပေါက်ကို ပိတ်ထားတဲ့ လူအုပ်ကြီးကလဲ ဘေးဘက်ကိုရှဲပြီး လမ်းရှင်းပေးလိုက်တယ်။
"အချိန်မစောတော့ဘူး၊ခင်ဗျားတို့လဲ သွားအိပ်ကြတော့လေ"
မုန့်ရန်ထိုကဲ့သို့ပြောပြီး အခန်းတံခါးကိုပိတ်လိုက်တယ်။
YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...