Chapter (64)

21.7K 2.9K 71
                                    

"မုန့်ရန်..."

ဒုဉက္ကဌစွန်းက မုန့်ရန်ဆီကို လျှောက်လာနေတယ်။

မုန့်ရန် လက်ထဲက အညစ်အကြေးတွေကိုခါထုတ်ရင်း နောက်လှည့်ကြည့်လိုက်တယ်။

"ဘာကိစ္စများရှိလို့ပါလဲ ဒုဉက္ကဌစွန်း??"

"နောက်တစ်ပတ်ထဲမှာ မင်းလုပ်စရာအလုပ်တွေဘာတွေများရှိလား??"

မုန့်ရန်က ကိုယ်ဝန်ဆောင်ချိန်ကနေ မီးဖွားပြီးတဲ့ အထိ ခွင့်တွေအများကြီးယူခဲ့တာကြောင့် အခုလိုမေးရခြင်းဖြစ်တယ်။

"နောက်တစ်ပတ်ထဲလား??ကျောင်းတက်တာနဲ့ အိမ်ပြန်ပြီး ကလေးထိန်းတာကလွဲရင် ထွေထွေထူးထူးတော့ဘာမှ မရှိဘူး"

"နောက်တစ်ပတ်ထဲမှာ နိုင်ငံခြားက စိတ်ရောဂါအထူးကုတွေက ငါတို့ဌာနခွဲကို Exchange program အတွက် လာကြလိမ့်မယ်။ဉက္ကဉကြီးက အဲ့ပွဲမှာ မင်းကို ဆရာလင်စုန့်ထိုင်ရဲ့အထူးလက်ထောက်အဖြစ်ပွဲထုတ်ချင်နေတာကွ"

"အထူးလက်ထောက်???ပုံမှန်ဆို စီနီယာMember တွေပဲ ဖြစ်ခွင့်ရှိတာမဟုတ်ဘူးလား??"

မုန့်ရန် တခဏလောက်တော့ တောင့်တင်းသွားတယ်။

"မင်းအတွက်ကတော့ ချွင်းချက်ပေါ့ကွာ။မင်းကတော်ပြီးသားပဲဟာ..ဒီလောက်ကတော့ အေးဆေးပဲပေါ့။Junior Member ထဲမှာ မင်းတစ်ယောက်ထဲပဲ တင်ခွင့်ရှိတာတော့မဟုတ်ဘူးကွ။ဉက္ကကြီးက အလားအလာရှိတဲ့ Junior member တွေကိုလဲပွဲထုတ်ဖို့ စီစဉ်ထားပြီးသား"

"ဟုတ်ကဲ့...ကျွန်တော် သေချပြင်ဆင်ထားလိုက်ပါ့မယ်"

ပြန်ဖို့ပြင်နေရာကနေ ဒုဉက္ကဌစွန်းက မုန့်ရန်ကို တစ်ခုလှမ်းမေးလိုက်တယ်။

"အခုရောက်လာမယ့် စိတ်ရောဂါအထူးကုတွေရဲ့ ခေါင်းဆောင် ဆရာ Korchiကို မင်းသိလား??သူကတော့ မင်းကို သိနေပုံပဲ"

မုန့်ရန် တခဏလောက်ပြန်စဉ်းစားလိုက်ပြီး....

"အရမ်းပြီးတော့ မရင်းနှီးပါဘူး။တစ်ခါ၊နှစ်ခါလောက်တော့ဆုံဖူးတယ်။ကျွန်တော့်သူငယ်ချင်းတစ်ယောက်က Car accidentကြောင့် စိတ်ပိုင်းဆိုင်ရာတော်တော်လေးထိခိုက်သွားဖူးတယ်။သူက ငွေကုန်ကြေးကျခံပြီး ဆရာKorchi ကို ဖိတ်ခဲ့ဖူးတယ်။ကျွန်တော်ကလဲ ကျွန်တော့်သူငယ်ချင်းကို ရနံ့ကုထုံးနဲ့ ကုပေးနေတာဆိုတော့ တစ်ခါ၊နှစ်ခါဆုံဖူးတာပါ..."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now