"အချစ်ကို ဝန်ခံလိုက်တာက ဘာအသုံးဝင်လို့လဲ?"
သူမ အဖွဲ့မှူးနင် ဆီ ဖုန်းခေါ်
လိုက်တဲ့ အချိန်မှာ အဖွဲ့မှူးနင်
တစ်ယောက် ၉၁၁(အရေးပေါ်
နံပါတ်) ဆီကို တောင် ဆက်သွယ်
လုနီးပါး ဖြစ်သွားခဲ့တယ်။ထန်းရှောင်:
“အဟားဟားဟားဟား,
ရှင် ကျွန်မကို လစာမပေးတာ
တော်တော် ကြာနေပြီနော်။
ကုမ္ပဏီက ဒေဝါလီ ခံရတော့မှာ
လား?! အဟားဟားဟားဟား”အဖွဲ့မှူးနင်: “မင်း ဆရာဝန် ဆီ
သွားပြဖို့ ငွေလိုနေတာလား?”ထန်းရှောင်:
“အဟားဟားဟားဟား, ကျွန်မရဲ့ ခန္ဓာကိုယ် က အကောင်းမွန်ဆုံး
အခြေအနေမှာ ရှိနေတာကို ရှင် ဘယ်လိုများ ပြောလိုက်တာလဲ! အဟားဟားဟား! မြန်မြန်လေး,
ရှင်ရဲ့ ဘဏ္ဍာရေးဌာန ကို ပြော
လိုက်။ ကျွန်မရဲ့လစာကို ပေးဖို့!
ကျွန်မ အရမ်းကို မွဲတေနေလို့
သေတော့မလို ဖြစ်နေပြီ။ ကျွန်မ
မှာ နေထိုင် စားသောက်ဖို့ ပိုက်ဆံ
တောင် မရှိတာ့ဘူး။
အခု ကျွန်မ ဗိုက်ဆာလွန်းလို့ သိပ်မကြာခင်မှာ ခွေးသားဟော့ပေါ့
လုပ်စားမိတော့မယ်”အဖွဲ့မှူးနင်: “ငါက မင်းရဲ့ခန္ဓာကိုယ်
ကို စိတ်ပူနေတာ မဟုတ်ဘူး။
မင်းရဲ့ စိတ်ကျန်းမာရေး ကို
ပူနေတာ။ ငါ မင်းအတွက်
ဆရာဝန် တစ်ယောက်လောက်
ရှာပေး ရမလား?”ထန်းရှောင် ဂွပ်ခနဲ ဖုန်းချပစ်
လိုက်တယ်။ပါးစပ်ပါတိုင်း ပြစ်မှားလို့
ရတယ်လို့ ဘယ်ဖအေ က
သင်ပေးထားလို့လဲ လဒရဲ့။သူမရဲ့ စိတ်အခြေအနေ က
ဒေါင်ဒေါင် မြည်အောင်
အကောင်းကြီးကို။အဟားဟားဟားဟား!!!!
အဖွဲ့မှူးနင်ကို ဖုန်းဆက်ပြီးတာ
နဲ့ ရှောင်လင် ဆီ ဖုန်းခေါ်လိုက်
တယ်။ရှောင်လင်: “အဖွဲ့မှူးနင် က ပြော
တယ်။ နင့်ရဲ့ စိတ်အခြေအနေ က
ပုံမှန် မဟုတ်ဘူးဆို။ နင့်အတွက်
စိတ်ရောဂါပညာရှင် တစ်ယောက်
လောက် ရှာပေးဖို့ အကူအညီ
လိုလား?”ထန်းရှောင်:
“အဟားဟားဟားဟား….”သူမ ထပ်ပြီး ဖုန်းချပစ်လိုက်တယ်။ သူမရဲ့ဘလက်ထောက်နဲ့ သူဌေး က
ငါးမျှားချိတ် နဲ့ ချိတ်ကောက် လို
တော်တော် လိုက်ဖက်ကြတာပဲ။
YOU ARE READING
အရှင်မင်းကြီး ကောင်းကင်ဘုံကို မကြွသေးဘူးလား
HumorUnicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင်ကြီးဖြစ်လာဖို့။ ဒုတိယတစ်ခုကတော့စုမူကျိကို အနိုင်ကျင့်တဲ့ရန်သူမှန်သမျှကို ဆော်ပလော်တီးလွှတ်ဖို့။ Female Player: "မိန်းမရေ ...ယောက်ျားတော့ ...