"Couples' PK battle: ပထမဆုံးပွဲစဉ် စတင်ခြင်း"
အားကောင်းတဲ့ ဟော့ပေါ့လေးနဲ့ ရွှေရောင်နေ့ရက်လေးများ က တစ်ယောက်နဲ့ တစ်ယောက် အနေရခက်နေတုန်းကြပင်။
ပြီးတော့ မသက်မသာဖြစ်ရတဲ့ အခြေအနေက ပိုပြီးဆိုးရွားလာ
တယ်။ပုံမှန်လိုဆိုရင် ရွှေရောင်နေ့ရက်
လေးများ နောက်ကနေ တစ်ကောက်ကောက် လိုက်နေတဲ့
သူက အားကောင်းတဲ့
ဟော့ပေါ့လေး ဖြစ်ပြီး လက်ရှိ
မှာတော့ ရွှေရောင်နေ့ရက်လေးများ
က အားကောင်းတဲ့ဟော့ပေါ့လေး နောက်ကို လိုက်နေတဲ့သူအဖြစ် နဲ့ ပြောင်းလဲသွားလေတယ်။Spirit Roadရဲ့ စုံတွဲPK Battle ပွဲစဉ်တွေကလည်း ကျင်းပနေ
ပြီဖြစ်တယ်။
ထိုပွဲစဉ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်
ဖို့ စာရင်းသွင်းထားတဲ့သူတွေဟာ ကျပန်းချပေးထားတဲ့ ရန်သူတွေနဲ့ တိုက်ခိုက်ရမှာဖြစ်တယ်။ထန်းရှောင် သူမရဲ့လက်နက်တွေ
ကို အဆင့်မြင့်နိုင်ဖို့အတွက် ကျောက်မျက်ရိုင်းတုံး တွေကို တစ်ပတ်လုံးလုံး လိုက်လံ
ရှာဖွေနေခဲ့ပေမဲ့ အခုချိန်ထိ တစ်ခုမှမရသေးပေ။
တစ်ချို့အချိန်တွေမှာတော့
Ranzhi နဲ့ MengHu Clanနှစ်ခု အတူပေါင်းပြီး အမြီးကိုးချောင်း
မြေခွေး ကို တိုက်ခိုက်ကြပေမဲ့ ထန်းရှီအတွက် ကျောက်စရစ်ခဲ
လေး တစ်ခုကိုတောင် ဖြစ်ဖြစ်
မြောက်မြောက် မယူပေးနိုင်
ကြသေးဘူး။ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
လေးနဲ့ ဒီအရှင်မင်းကြီးတို့
နှစ်ယောက် ဆိုရင် ကျောက်မျက်
ရိုင်းတုံးတွေကို ရနိုင်မဲ့ နည်းလမ်း
ပေါင်းစုံကို GMဆီ နေ့တိုင်း အပူကပ်ပြီး တစ်တွတ်တွတ် နဲ့ မေးကြတယ်။[လက်ရှိ] ထန်းရှီ:
"ငါတို့ အခုချိန်ထိ ဘာမှမရသေး
ရင်လည်း အားကောင်းတဲ့ဟော့ပေါ့
လေးနဲ့ ရွှေရောင်နေ့ရက်လေးများ
တို့နှစ်ယောက် က အရင်ဆုံး ယာယီအနေနဲ့ PKထဲ ဝင်ပြိုင်
ထားပါလား။ အရင်တစ်ခေါက်က တားမြစ်မြို့တော်က ကောင်တွေ ကို ဆော်ပလော်တီးတုန်းကဆို သူတို့နှစ်ယောက်က တွဲဖက်ညီ
ကြသားပဲ"လူနှစ်ယောက်ကတော့ သူမ ပြောသမျှကို လျစ်လျူရူ
ထားကြတယ်။
ထိုကဲ့သို့ ပြုမူလိုက်တာကပင်
လူတိုင်းရဲ့ ပါးစပ်ဖျားမှာ အတင်း
ပြောစရာတစ်ခု ရသွားလေတယ်။
YOU ARE READING
အရှင်မင်းကြီး ကောင်းကင်ဘုံကို မကြွသေးဘူးလား
HumorUnicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင်ကြီးဖြစ်လာဖို့။ ဒုတိယတစ်ခုကတော့စုမူကျိကို အနိုင်ကျင့်တဲ့ရန်သူမှန်သမျှကို ဆော်ပလော်တီးလွှတ်ဖို့။ Female Player: "မိန်းမရေ ...ယောက်ျားတော့ ...