"မင်္ဂလာဆောင်မှ ထွက်ပြေးနိုင်ခဲ့
သော်လည်း ထပ်ပြီးအရိုက်ခံရ
တုန်းပဲ"ဒုတိယမြောက်ရက်မှာတော့
ထန်းရှောင် လိုင်းပေါ် ကနေဆင်း
သွားတဲ့ အချိန်အတွင်းServer
တစ်ခုလုံး နတ်ဘုရားမ စုမူကျိနဲ့ စိတ်ကြီးဝင်နေတဲ့ အမွှေကောင် ထန်းရှီတို့ရဲ့ အချစ်ဇာတ်လမ်းကို ပဲ ပွစာတက်အောင် ပြောနေကြတော့
တယ်။တစ်ယောက်က ပြောတာတော့ Clanနှစ်ခု အစေးမကပ်ရတဲ့
အကြောင်းရင်းက ထန်းရှီက
စုမူကျိကို ဖွင့်ပြောဖို့ ကြိုးစားပေမဲ့
လည်း နတ်ဘုရားမက ငြင်းလိုက်
လို့တဲ့။
ဒါပေမဲ့ အခုတော့ နတ်ဘုရားမ
က ခံစားသွားရပြီ။ သူမက နောက်ဆုံးတော့ အိပ်မက်ထဲက ခင်ပွန်းလောင်း ကို ရှာတွေ့သွားပြီ
ပေါ့! သူမက လက်ထပ်ဖို့
လက်ခံလိုက်တယ်!
ဂုဏ်ပြုပါတယ်!ထန်းရှောင်: "ဟားဟား..."
[Systemမှအသိပေးချက်]
စုမူကျိ မှ ထန်းရှီကို နှင်းဆီပွင့်ချပ်
၉၉၉ပွင့် ပေးလိုက်ပါတယ်။ ကစားသမားနှစ်ယောက် ရဲ့
Friendship Points
က ၉၉၉မှတ်အထိ တိုးသွားပါပြီ။[Systemမှအသိပေးချက်]
စုမူကျိ မှ ထန်းရှီကို နှင်းဆီပွင့်ချပ်
၉၉၉ပွင့် ပေးလိုက်ပါတယ်။ ကစားသမားနှစ်ယောက် ရဲ့
Friendship Points
က ၉၉၉မှတ်အထိ တိုးသွားပါပြီ။[စကားဝိုင်း၁] ဘောင်းဘီမှာကပ်နေတဲ့အမွှေးတစ်
မျှင်လေး: "သေစမ်း။ ချမ်းသာ
လိုက်တာကွာ။ ဟေး...ဘောစိ,
မင်း partner ရှာနေတာလား?
ကိုရီး ဒီမှာရှိတယ်နော်!"[စကားဝိုင်း၂]
မြေအိုးထဲကရွှေတုံးလေး:
"အခုတလော လူတော်တော်
များများက ချမ်းသာတဲ့ သူတွေ
နဲ့ သူငယ်ချင်းဖြစ်ချင်နေကြတာ။ ဒါပေမဲ့လည်းကွာ ချမ်းသာတဲ့သူ
နဲ့ သူငယ်ချင်း ဖြစ်တော့ရော
ဘာလုပ်ရမှာလဲ?
မင်း သူတို့ဆီကနေ အကျိုးအမြတ်
ရတယ် ဆိုရင်တောင်မှ သူတို့ရဲ့
သနားသဖြင့် စွန့်ကြဲတာလေးကို အမြီးလေးနှံ့ပြပြီး လက်ခံရမှာ။
ပြီးတာနဲ့ မင်းက တဖြည်းဖြည်းနဲ့
ဒုတိယ မျိုးဆက်ရဲ့ ခိုင်းဖက်ဖြစ်
လာရင် အဲဒါက မင်းရဲ့ ဂုဏ်သိက္ခာ
ကို ထိခိုက်စေလိမ့်မယ်။ မင်းက အဲလိုမျိုး ပြန်ပေးဆပ်ချင်လို့
လား?"
STAI LEGGENDO
အရှင်မင်းကြီး ကောင်းကင်ဘုံကို မကြွသေးဘူးလား
UmorismoUnicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင်ကြီးဖြစ်လာဖို့။ ဒုတိယတစ်ခုကတော့စုမူကျိကို အနိုင်ကျင့်တဲ့ရန်သူမှန်သမျှကို ဆော်ပလော်တီးလွှတ်ဖို့။ Female Player: "မိန်းမရေ ...ယောက်ျားတော့ ...