"ငါလေး မူချောင်ရဲ့ အိပ်ယာပေါ် တက်နိုင်ခဲ့ပြီလေ"
ဂိမ်းထဲမှာ ဆိုရင် ကစားသမား
တော်တော်များများ က တူညီတဲ့ အရာတွေ အများကြီးရှိတယ်။
ပြောရမယ် ဆိုရင် သူတို့ ကိုင်နေတဲ့ Characterတွေ၊ Skillတွေ နဲ့ သူတို့ဘက်မှာ ရှိနေတဲ့ တပ်ကူ
မဟာမိတ်တွေ အစရှိသဖြင့်ပေါ့။သူတို့ တိုက်ခိုက်တဲ့ ပုံစံနဲ့ သေပုံသေနည်းတွေ တောင်မှ တော်တော်လေး ဆင်တူယိုမှား ဖြစ်နေကြသေးတယ်။
မိန်းကလေးတွေ အနေနဲ့ဆို
ဂိမ်းထဲမှာ သူတို့ကြုံနေကျ
မင်းသမီးဇာတ်လမ်းတွေ တောင် တူညီနေလိုက်သေးတယ်။ဒါပေမဲ့ ဆာဗာတိုင်းရဲ့ အရူးတွေ
မှာတော့ တမူထူးခြားတဲ့ ရူးပုံရူးနည်းတွေ ကိုယ်စီရှိကြ
တယ်။ရှောင်ကျိကျိ Spirit Road
ကို စဆော့တဲ့ အချိန်တုန်းကဆို Ranzhi Clanနဲ့ MengHu Clanဆိုတဲ့ Clanကြီးနှစ်ခု က ကမာ္ဘမကြေအောင် ကိုက်ကြတဲ့
အချိန်။နေ့တိုင်းနီးပါးလိုလို ထိုClanကြီး
နှစ်ခုက စကားများကြတယ်။ စကားများတဲ့ အချိန်တိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက်
စကားနာထိုးရင်း ဆဲဆိုရင်းနဲ့
စကားဝိုင်းကို အဆုံးသတ်
လိုက်ကြပြီး နောက်တနေ့
ဘယ်အချိန် ဘယ်နေရာမှာ တိုက်ပွဲစမယ်ဆိုပြီး အချိန်တွေ သတ်မှတ်ကြရော။တစ်ခါတစ်လေဆို ထိုရန်ပွဲဖြစ်ရတဲ့
အကြောင်းရင်းက ရိုးရိုးလေးရယ်။MengHu Clanက GMကို
တိုင်ပြောတယ်။ ဟိုဘက် Ranzhi
က ကောင်တွေက လူရမ်းကားတွေ။ သက်သက်မဲ့ သူတို့ကို လာစော်ကား
နေတာပါဆိုပြီး ကျမ်းကျိန်တာ
တွေ၊ သစ္စာရေသောက်တာတွေ လုပ်ပြတယ်။ ဒါကိုကြားတော့
Ranzhi Clanက လက်သင့်
မခံနိုင်ဘူး။ သူတို့က ဘယ်လိုလုပ်
လူရမ်းကားတွေဖြစ်မလဲ။ သူတို့ လုပ်နေတာတွေက အမှန်တရားရဲ့
ဘက်တော်သားတွေ၊ မတရားမှုကို လက်မခံနိုင်လို့ အချို့သော လူသောက်မြင်ကတ်စရာလေး
တွေလောက်ပဲ လုပ်ရတာပါ ဆိုပြီး ပြောကြပြန်ရော။ပြီးတော့လည်း ထိုစကားနိုင်လု
ရာ ကနေ သူတို့ရောက်ချင်နေ
ကြတဲ့ Clanသတ်ပွဲ ဘူတာဆီကို
ပဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး
ရောက်သွားကြတော့တယ်။
YOU ARE READING
အရှင်မင်းကြီး ကောင်းကင်ဘုံကို မကြွသေးဘူးလား
HumorUnicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင်ကြီးဖြစ်လာဖို့။ ဒုတိယတစ်ခုကတော့စုမူကျိကို အနိုင်ကျင့်တဲ့ရန်သူမှန်သမျှကို ဆော်ပလော်တီးလွှတ်ဖို့။ Female Player: "မိန်းမရေ ...ယောက်ျားတော့ ...