With You ❤ {3}

2K 173 0
                                    

#Unicode
1990.3.14
^ဒီနေ့ကတော့ကိုယ်မင်းကိုဝန်ခံခဲ့တဲ့နေ့လေး^
ကိုယ်လေကိုယ့်ရင်ခုန်သံတွေကိုပြန်ဆန်းစစ်နေရင်း3နှစ်ကြာသွားခဲ့တယ်•••
အစကတော့ကိုယ်ရှုပ်ထွေးနေခဲ့တယ်ဘာလို့ဆိုကိုယ်ကယောက်ျားလေးလေဒါ့အပြင်ကိုယ်သဘောကျတဲ့မင်းကလဲယောကျာ်းလေးဖြစ်နေတယ်
ကိုယ်အများကြီးရှုပ်ထွေးခဲ့ရတာ ဒါပေမယ့်ကိုယ့်ရင်ထဲကခံစားချက်ကဒီ3နှစ်အတွင်းမှာသေချာနေခဲ့တယ်ဒါကြောင့်မို့မင်းကိုဖွင့်ပြောဖို့ကြိုးစားခဲ့တာမင်းကရောလက်ခံနိုင်ပါ့မလားဆိုတာကိုယ်တွေးပူရတယ်•••

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကောင်လေးနှစ်ယောက်ပန်းခြံထဲတွက်တိတိတ်ဆိတ်ဆိတ်ထိုင်နေကြတယ်ညနေခင်းဖြစ်တာကြောင့်သူတို့ထိုင်နေတဲ့ရှေ့ကရေကန်ငယ်လေးကလဲနေရောင်ကြောင့်ဝါဝါလေးဖြာကျနေတယ်
ထိုစဉ်!
"Jimin"
"ပြောလေJung Kook"
"ငါမင်းကိုပြောစရာရှိလို့ချိန်းလိုက်တယ်ဆိုတာသိပါတယ်နော်"
"အေးလေ အဲ့ဒါကြောင့်မို့ပဲငါဒီမှာထိုင်နေတာလေဒါပေမယ့်မင်းကဘာမှမပြောပဲထိုင်နေတာ15မိနစ်လောက်ရှိနေပြီ😄"
"ငါပြောမယ့်စကားကငါ့ဘဝအတွက်အရမ်းအရေးကြီးလို့ပါအဲ့ဒါကြောင့်အရှိန်ယူနေတာ"
"အော် ဘာများလဲJung Kook"
"ငါလူတစ်ယောက်ကိုသဘောကျနေမိတယ်"
"ဟုတ်လား ဘယ်သူလဲ"
"သူကလေ ငါသဘောကျလို့ကျနေမှန်းမသိပါဘူးကွာ"
"ဟုတ်လား စိတ်မကောင်းပါဘူးကွာ"
"ငါသူ့ကိုသဘောကျလာတာ3နှစ်ရှိပြီ"
"အဲ့လောက်တောင်ရှိနေပြီလား"
"ငါကအစကမသေချာခဲ့ဘူးနောက်တော့ရှုပ်ထွေးလာတယ်ဒါပေမယ့်ငါသေချာတဲ့အဖြေတစ်ခုထွက်လာခဲ့တယ်"
"Omm"
"ငါသူ့ကိုသဘောကျနေပီဆိုတာပဲ"
"မင်းသူ့ကိုသွားဖွင့်မပြောဘူးလား"
"အခုပြောပြနေတယ်လေ"
"ဟင်"
"ငါအခုပြောပြနေတာလေ"
"ဟင်ဒါဆိုမင်းသဘောကျနေတာငါလား 👈Jung Kook😲"
"စိတ်ဆိုးသွားတာလားဟင်"
"ဆိုးတော့မဆိုးပါဘူး ဒါပေမယ့်•••••"
"ဒါပေမယ့်ဘာဖြစ်လို့လဲJimin"
"ငါ ငါ ငါတို့ကယောကျာ်းလေးတွေလေ မင်းရော ငါရော"
"ငါသိပါတယ် Jimin ငါလဲအစတုန်းကစိတ်ရှုပ်ခဲ့ရတယ် ငါကြောက်လဲကြောက်နေခဲ့မိတာ ဒါပေမယ့်အချိန်တွေကြာလာတာနဲ့အမျှမင်းကိုပိုပိုပြီးသဘောကျလာတယ်Jiminငါအခုမင်းကိုပြောပြတယ်ဆိုတာလဲသူများတွေဦးသွားမှာကြောက်လို့"
"ဖြစ်နိုင်မယ်လို့မင်းထင်လား"
"ဟမ် ဘာကိုလဲ"
"ငါတို့နှစ်ယောက်လေ•••ချစ်သူတွေဖြစ်နိုင်မယ်လို့"
"မင်းသဘောပါ"

𝐖𝐢𝐭𝐡 𝐘𝐨𝐮❤️(Short Version) || 𝐉𝐢𝐤𝐨𝐨𝐤Where stories live. Discover now