With You❤️ {7}

1.3K 128 2
                                    

#Unicode
2002.07.08
အချိန်ကာလတွေသည်ရက်မှလ၊လမှနှစ်သို့ပြောင်းရွေ့လာလိုက်တာ2နှစ်ဆိုတဲ့အချိန်ကိုတောင်ရောက်လာခဲ့ပြီအချိန်တွေသာပြောင်းလဲသွားတယ်Minရဲ့ချစ်စရာကောင်းမှု၊ဖြူစင်မှု၊နွေးထွေးမှုတွေကအရင်အတိုင်းမပြောင်းလဲပေ။ဂရုစိုက်မှုတွေ၊ကြင်နာမှုတွေ၊နားလည်မှုတွေသည်လဲတစ်ရက်မှလျော့မသွားတစ်ရက်တိုးလေတစ်ရက်ပိုချစ်လေသာဖြစ်သည်။နေ့ရက်တိုင်းကပုံမှန်လိုလည်ပတ်နေဆဲ။

ကျွန်တော်တို့မွေးရပ်မြေလဲမပြန်ဖြစ်ကြသေးပါ။မိဘတွေကခွဲမှာကြောက်သဖြင့်အခုထိCanadaမှာတင်သောင်တင်နေသည်။နှစ်ယောက်စလုံးအလုပ်လုပ်နေတာကြောင့်စားဝတ်နေရေးကအခက်အခဲရှိလှသည်မဟုတ်။ပြေပြေလည်လည်ပင်။တစ်ခုပဲကျွန်တော့အလုပ်ကခရီးထွက်ရများလွန်းတာကြောင့်Minကမဘောမကျ။သို့သော်အပြစ်မပြော
Jungသဘောဆိုတာကြီးပင်။

"Minကိုယ်မနက်ဖြန်ခရီးထွက်ရဦးမယ်"
"ဘယ်ကိုလဲJung"
"ဒီတစ်ခါကနိုင်ငံတွင်းပဲမဟုတ်ဘူးMin overseaထွက်ရမှာ"
"ဟင်"
အတန်ငယ်တိတ်ဆိတ်သွားသည်။ဒီလိုအခြေအနေကတော့အရင်နဲ့အတူချေ။ဘာလို့ဆိုခရီးထွက်မယ်ပြောတိုင်းလိုလေသေးမရှိပြင်ဆင်ပေးပေမယ့်ဒီတစ်ခါMinသည်တော်တော်တိတ်ဆိတ်သွားသည်။ခဏအကြာမှ
"ဘယ်နိုင်ငံလဲJung ဘယ်နှစ်ရက်ကြာမှာလဲ"
"Switzerland ကိုပါ3ရက်လောက်ပဲ"
"မသွားလို့မရဘူးလားJung"
"ဘာလို့လဲMinရဲ့"
"ဒီတိုင်းပဲ မသွားပါနဲ့နော်Jung"
အဝတ်အစားတွေထည့်နေရင်းJung Kookကုတင်ပေါ်ကိုတက်လာလိုက်သည်။
"Min ကိုယ်ကအလုပ်သွားမှာလေ အရင်ကလဲသွားနေကျပဲကို
ဒီနေ့ကျမှကိုယ့်ရဲ့Minကဘာဖြစ်တာလဲ"
"အကြောင်းပြချက်မပေးတတ်ဘူးJung ဒီတိုင်းရင်ထဲမကောင်းလို့မသွားပါနဲ့လား"
"Minကိုယ်အလုပ်လုပ်ဖို့သွားမှာနော် မနက်ဖြန်ပဲသွားရတော့မယ်ဘာလို့သွားခါနီးလူကိုဒီလိုတွေပြောနေတာလဲ"
"မဟုတ်ဘူး Minက"
"ဘာမှမပြောနဲ့တော့Min ကိုယ်စိတ်တိုလာပြီ"
"Minကဘာပြောနေရသေးလို့Jungကလာပြီးစိတ်တိုနေရတာလဲ"
"Minကကိုယ့်အလုပ်ကိုလာတားနေတာလေ "
"Minဘယ်တုန်းကJungလုပ်ချင်တာတားဖူးလဲ အခုကမသွားပါနဲ့ဆိုတာ စိတ်ထဲလေးနေလို့ ရင်ထဲမကောင်းလို့ ဟိုးရက်တွေကလဲအိပ်မက်မကောင်းထားလို့ မသွားဖို့ပြောနေတာ"
"အဲ့အိပ်မက်တွေကိုနားစမ်းပါMinရာ အဓိပ္ပါယ်မရှိတာ"
"Minပြောပြီးသား Jungလုံးဝမသွားရဘူး"
"သွားမှာပဲ Minအတွက်ကိုယ်ပိုက်ဆံရှာနေတာ"
"ငါလိုတယ်လို့မင်းကိုပြောမိလား"
"ကိုယ့်ကို မင်းနဲ့ငါမသုံးနဲ့မကြိုက်ဘူး"
"မကြိုက်လဲသုံးမှာပဲ ငါပြောပြီးသား မင်းကိုငါဘယ်တုန်းကတားဖူးလဲ မင်းလုပ်ချင်တာမှန်သမျှဘယ်နှစ်ခါငါတားဖူးလဲ ဒီတစ်ခါမင်းသွားလိုက်လို့တစ်ခုခုဖြစ်ရင် ရင်ကွဲသေမှာငါပဲ မင်းမရှိတဲ့ဘဝမှာငါမနေနိုင်ဘူးJung"
"Min ကိုယ်ကအလုပ်သွားလုပ်မှာလေကွာ ဘာလို့ပေါက်ကရတွေပြောနေတာလဲ"
"မင်းကိုမသွားရဘူးမပြောဘူး မနက်ဖြန်ကိုပဲမသွားပါနဲ့လိုငါတောင်းဆိုနေတာ ငါ့အိပ်မက်တွေမကောင်းဘူးမင်းတစ်ခုခုဖြစ်မှာငါစိုးရိမ်လို့ပြောနေတာ"
"Minကိုယ်ဘာမှမဖြစ်ပါဘူးကွာနော် အလုပ်ကပြောထားပြီးသားကြီးလေနော် "
"မသွားရဘူးဆိုမသွားရဘူးပဲJung တကယ်လို့မင်းသွားမယ်ဆိုရင်ငါ့ဆီဘယ်တော့မှပြန်မလာခဲ့နဲ့"
"ဟာ အဓိပ္ပါယ်မရှိတာတွေမပြောနဲ့Min ကိုယ်အလုပ်ပါလို့Minကိုပြောပြီးသား လာမတားနဲ့သွားမှာပဲ"
"သွားလေ သွားပြီးရင်ပြန်မလာနဲ့"
"Min!!!!"
ဆံပင်တွေကိုထိုးဖွလိုက်ကာမကျေနပ်ချက်ကြောင့်နံရံကိုလက်သီးနဲ့ထိုးမိလိုက်သည်။သူ့ကိုကြည့်တော့တုန်တက်သွားတဲ့ခန္ဓာကိုယ်လေးနဲ့မျက်ရည်တွေဝဲနေသည်။
"Min ကိုယ့်ကိုအခက်တွေ့အောင်မလုပ်ပါနဲ့တကယ်လို့
Minစိတ်မချရင်လိုက်ခဲ့မလားကိုယ်သူဌေးကိုပြောပေးမယ်ဒီလိုမျိုးကလေးမဆန်ပါနဲ့ကိုယ်တောင်းပန်ပါတယ်"
"Minကလေးဆန်နေတာမဟုတ်ဘူးJung Minစကားကိုနားထောင်ပေးပါ Minတောင်းပန်ပါတယ် Min Jungကိုစိတ်မချလို့ပါ"
"Minရာ ကျစ်စ်"
စချစ်ကတည်းကနေအခုချိန်ထိတစ်ခါမှစကားမများဖူးရန်မဖြစ်ဖူးတဲ့ကျွန်တော်တို့နှစ်ယောက်အတွက်ဒီညဟာအလွန်အကျည်းတန်ဆိုးရွားလှပါသည်။
Minသည်လဲကျွန်တော့ကိုကျောပေးအိပ်နေသလိုကျွန်တော်လဲMinကိုဖက်မအိပ်မိ။သေချာတာကတော့နှစ်ယောက်လုံးကမျက်ရည်တွေနဲ့သာ။

𝐖𝐢𝐭𝐡 𝐘𝐨𝐮❤️(Short Version) || 𝐉𝐢𝐤𝐨𝐨𝐤Where stories live. Discover now