#Unicode
ရာသီ၄ခုဖြတ်သန်းကုန်ဆုံးသွားသော်လဲကျွန်တော်တို့ရဲ့အချစ်တွေသည်မပြောင်းလဲသလိုပိုလို့သာတိုးလာခဲ့သည်။
အခုဆိုရင်Minအရမ်းသဘောကျတဲ့ပန်းဆိုင်လေးကလဲအောင်မြင်သင့်သလောက်အောင်မြင်လာခဲ့ပြီ။ပန်းရောင်းခြင်းအပြင်ပန်းအလှဆင်သည့်လုပ်ငန်းကိုပါတိုးချဲ့ထားတာကြောင့်အရင်ကထက်လဲအလုပ်ကပိုများလာခဲ့သည်။အရာအားလုံးအဆင်ပြေနေခဲ့ပါသည်။သို့သော်ကလင် ကလင် ကလင် ကလင်
"Hello Destiny flowerဆိုင်ကပါ ဘာများအလိုရှိပါသလဲရှင့်"
"ဟုတ် အခုPark Jiminကလမ်းမှာမူးလဲသွားလို့ ကျွန်တော်ဆေးရုံကိုပို့ပေးထားတာပါ အဲ့ဒါ(***)ဆေးရုံကိုလာခဲ့ပေးလို့ရမလား"
"ဟုတ်ကဲ့ ကျွန်တောိအခုလာခဲ့ပါ့မယ်"*Minဘာဖြစ်တာလဲကွာ ကိုယ့်ကိုစိတ်ပူရအောင်လို့*
ဖုန်းချချပြီးချင်းပဲဆေးရုံကိုလိုက်သွားခဲ့သည်။ဆေးရုံရောက်တဲ့အခါ ဖြူဖျော့နေသည့်ခန္ဓာကိုယ်ငယ်လေးသည် ဆေးရုံကုတင်ထက်တွင်တည်ရှိလျက်
"ဒီက အကိုကျေးဇူးတင်ပါတယ်ဗျာ"
"ရပါတယ် ကျွန်တော့်မျက်စိရှေ့တွင်ဖြစ်သွားတာဆိုတော့ကူညီပေးတာပါ"
"ဟုတ် အကို့ကိုအားနာလိုက်တာ ကျွန်တော်လာတဲ့အထိစောင့်နေပေးနေရတာ"
"ရပါတယ်ဗျာ ညီလဲရောက်လာပြီဆိုတော့ အကိုပြန်တော့မယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်မျ"ကူညီပေးထားသည့်လူပြန်သွားသည့်အခါဆရာဝန်ရောက်လာခဲ့သည်။
"လူနာနဲ့ဘာတော်တာလဲမသိဘူး"
"ဟုတ် ကျွန်တော်သူ့အုပ်ထိန်းသူပါ"
"ဒါဆို ကျွန်တော့်အခန်းခဏလိုက်ခဲ့ပါဦး လူနာနဲ့ပတ်သတ်ပြီးဆွေးနွေးစရာရှိလို့"
"ဗျာ ဟုတ်ကဲ့""ဆရာ အခုသူကဘာဖြစ်တာလဲဟင်"
"အင်း လူနာကအခုအားနည်းလို့မူးလဲသွားတာပါ"
"စိုးရိမ်ရလားဆရာ"
"သေချာစနစ်တကျကုသမယ်ဆိုရင်တော့သက်သာလာနိုင်ပါတယ် လူနာကနှလုံးခုန်နှုန်းမမှန်တဲ့ရောဂါကိုခံစားနေရတာပါ "
"ဗျာ စိုးရိမ်ရလားဟင်ဆရာ"
"နည်းနည်းတော့စိုးရိမ်ရတယ်လို့ပြောရမယ်ဘာလို့ဆိုလူနာနှလုံးခုန်နှုန်းကပုံမှန်ထက်ကိုနှေးနေတာပါအဲ့တော့အချိန်မရွေးအသက်ဆုံးရှုံးသွားနိုင်တဲ့အထိဖြစ်နိုင်ပါတယ်"
"ဗျာ"
![](https://img.wattpad.com/cover/280478425-288-k115159.jpg)
YOU ARE READING
𝐖𝐢𝐭𝐡 𝐘𝐨𝐮❤️(Short Version) || 𝐉𝐢𝐤𝐨𝐨𝐤
Fanfictie★ကိုယ်ဒီဇာတ်လမ်းကိုမင်းနဲ့ပဲစပြီးမင်းနဲ့ပဲဆုံးချင်တယ်★