#Unicode
1992.5.13
^ဒီနေ့လေးကကိုယ့်ဘဝရဲ့အပျော်ဆုံးနေ့တစ်နည်းအားဖြင့်မင်းကိုယ့်ကိုအဖြေပေးတဲ့နေ့^
2နှစ်တောင်ကြာသွားခဲ့တယ်နော်မင်းကကိုယ့်ကိုဒီကိစ္စနဲ့ပတ်သတ်ပြီးစကားတစ်ခွန်းတောင်မဟခဲ့တော့လေကိုယ်ကတော့ခံစားချက်တွေကိုရုတ်သိမ်းပြီးမင်းအနားမှာသူငယ်ချင်းအဖြစ်ပဲနေတော့မယ်လို့တောင်ဆုံးဖြတ်ခဲ့ပြီးပီ
ဒါပေမယ့်မင်းက•••°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"Jung Kook"
"အေး ပြောလေJimin"
"ဟို ဟို မနက်ဖြန်ညနေကျရင်ငါတို့သွားနေကျပန်းခြံထဲကခုံတန်းလေးမှာငါစောင့်နေမယ်သိလား မင်းကိုပြောစရာရှိလို့"
"အခုဒီမှာပြောလဲရတာပဲကို"
"ငါမနက်ဖြန်ငါ့ချစ်သူနဲ့မင်းကိုတွေ့ပေးမို့အဲ့ဒါလာခဲ့နော်"
"ဘာ! Jiminမင်းဘယ်တုန်းကရည်းစားရသွားတာလဲဒီလောက်နေ့တိုင်းအတူတူရှိနေတာကိုငါကဘာလို့မသိရတာလဲ"
"ကဲပါ မနက်ဖြန်သာလာခဲ့ ဟုတ်ပီလား"Jiminလဲပြန်သွားရောJung Kookမှာအိမ်ရှေ့ကဒန်းလေးမှာထိုင်ရင်းအတွေးများမြောလွင့်လျက်
*ငါကတော့ငါတို့သွားနေကျပန်းခြံလေးမှာချိန်းတယ်ဆိုတော့ငါပျော်သွားတာငါ့ကိုများသဘောကျလာပြီထင်ခဲ့တာလေ
အခုတော့မင်းကမင်းချစ်သူနဲ့ငါ့ကိုတွေ့ပေးမို့တဲ့လားအေးပါငါတို့နှစ်ယောက်ကမင်းပြောသလိုပဲဖြစ်နိုင်ပါ့မလားပဲပေါ့
မင်းပျော်ရင်ငါကျေနပ်ပါတယ်Jiminရာငါလာခဲ့မှာပါ"နောက်နေ့ညနေရောက်သောအခါပန်းခြံထဲတွင်
"Sorry Jiminငါနည်းနည်းနောက်ကျသွားတယ်"
"ရပါတယ်😊"
"မင်းတစ်ယောက်ထဲလား မင်းချစ်သူရော"
"ထိုင်ပါဦးလား မောနေရောပေါ့"
Jung KookလဲJiminဘေးနားဝင်ထိုင်လျက်
"ကဲ ဘယ်မှာလဲမင်းချစ်သူ မင်းနဲ့အတူတူမလာဘူးလား"
"တော်တော်စိတ်ဝင်စားနေတာလား"
"အေးပေါ့ကွ ဒီလောင်ပူးပူးကပ်ကပ်ရှိနေတာတောင်မင်းရည်းစားရသွားတာငါမသိလိုက်ဘူး ကောင်မလေးကဘယ်လိုလဲလှရဲ့လား" စိတ်ထဲကမပါပေမယ့်ပြောလိုက်ရခြင်းသာ
"ကောင်မလေးမဟုတ်ဘူး Jung Kookငါ့လိုပဲကောင်လေး".
"ဘာ!Jimin မင်းဘာပြောလိုက်တယ် ကောင်လေးဟုတ်လား"
"အင်း ကောင်လေး"
နှစ်ယောက်လုံးငြိမ်ကျတိတ်ဆိတ်သွားတယ်
Jung Kookနားမလည်နိုင်ပါသူဖွင့်ပြောတုန်းကအင်းမလုပ်အဲမလုပ်တဲ့သူကအခုကောင်လေးရသွားပြီတဲ့လားမယုံကြည်နိုင်သေးသလိုအံ့လဲအံ့ဩတယ်ဝမ်းလဲနည်းရပါတယ်
ခဏအကြာ
"Jimin"
"ဟင်"
"သူကမင်းအပေါ်ကောင်းရဲ့လား"
"ကောင်းတာပေါ့ ငါ့အပေါ်အများကြီးကောင်းတယ်"
"မင်းကိုဂရုရောစိုက်ရဲ့လား"
"လိုတာထက်တောင်ပိုသေး"
"သူကမင်းကိုရောချစ်ရဲ့လား"
"ချစ်တာပေါ့သူ့အသက်ထက်တောင်ငါ့ကိုပိုသေးတယ်"
"ဒါဆို...မင်းကရော?"
"ငါအဲ့အကြောင်းတွေပြောချင်လို့မင်းကိုခေါ်လိုက်တာပဲ"
"ဟမ်?"
"ငါမင်းကိုချစ်တယ်Jung Kook"
"အော် ဟမ် ဘာ ဘာပြောတယ်Jimin😳"
"ငါသေချာစဉ်းစားပြီးသွားပီJung Kookတောင်းပန်ပါတယ်ငါမင်းကို2နှစ်တောင်စောင့်ခိုင်းမိသွားတယ်ငါ့ကိုယ်ငါမသေချာသေးလို့သေချာတဲ့အချိန်ထိစောင့်ရင်းကြာသွားတယ်အခုနောက်ကျသွားပီလားဟင်"
"နောက်ကျစရာလား နောက်ကျစရာလားJiminရယ် ငါဝမ်းသာလိုက်တာ ပျော်လွန်းလို့ ပျော်လွန်းလို့ငိုတောင်ငိုချင်လာပြီ"
"မငိုပါနဲ့ ငါမင်းကိုတကယ်ချစ်တာပါ"
"ကိုယ်လဲမင်းကိုချစ်တယ်Jimin အကြောင်းပြချက်တွေကဘာပဲဖြစ်နေဖြစ်နေကိုယ့်အချစ်ကိုလက်ခံပေးပြီးကိုယ့်ဆီလာခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်တယ်"
"ငါ့ကိုအခုထိစောင့်နေပေးတဲ့အတွက်လဲငါကလဲကျေးဇူးတင်တယ်Jung Kook"
"ချစ်တယ်Jiminရယ်" ဆိုပြီးJiminခန္တာကိုယ်လေးကိုဆွဲဖက်ထားရင်း•••
"ငါအချိန်ယူတာအရမ်းကြာသွားလားဟင်Jung Kook"
"ဟင့်အင်း"
"တကယ်တော့ ငါလဲမင်းကိုအရင်ကတည်းကသဘောကျပါတယ် ဒါပေမယ့်ငါကတစ်ဖက်သတ်လို့ပဲထင်ခဲ့တာ နောက်တော့မင်းဖွင့်ပြောတဲ့အချိန်မှာငါတကယ်ကိုပျော်သွားတာ
ဒါပေမယ့်"
"ဒါပေမယ့်ဘာဖြစ်လဲJimin"
"ငါမသေချာသေးလို့စောင့်နေခဲ့တာသဘောကျတယ်ဆိုတဲ့စိတ်လေးကအချိန်ဘယ်လောက်ကြာကြာရှိနေမလဲဆိုတာ"
"မင်းလားငါလား"
"နှစ်ယောက်လုံး"
"အခုရော"
"သေချာသွားပြီ"
"သေချာသွားပြီဆိုတာက?"
"ငါမင်းကိုချစ်တယ်Jung Kookငါအများကြီးသေချာစဉ်းစားပြီးသွားပြီငါတို့နှစ်ယောက်ရင်ဆိုင်ရမယ့်အရာတွေရောပဲ"
"ငါမင်းကိုကာကွယ်သွားမှာပါ"
"ငါမင်းဘဝထဲကိုမင်းလာတော့မှာဖြစ်တဲ့အတွက်ငါ့ကိုဘယ်တော့မှမထားခဲ့ပါနဲ့ဘာတွေပဲဖြစ်လာဖြစ်လာနှစ်ယောက်အတူရင်ဆိုင်ကြမယ်မင်းဘက်မှာပဲငါအမြဲနေမှာမို့မင်းကလဲငါ့ဘက်မှာပဲရှိနေပေးပါနော်ငါအဲ့ဒါလေးတော့တောင်းဆိုချင်တယ်"
"ငါ့ဘဝနဲ့ရင်းပြီးမင်းကိုချစ်သွားမှာဖြစ်တဲ့အတွက်မင်းတောင်းဆိုတဲ့အရာတွေကမင်းမတောင်းဆိုရင်တောင်ငါကဖြည့်ဆည်းပေးမှာမို့လို့ငါ့ကိုယုံကြည်ထားလို့ရပါတယ်"
"ငါယုံပါတယ် ဒါကြောင့်လဲမင်းဘဝထဲကိုငါဝင်လာတာပေါ့"
"ချစ်တယ်Jimin"
"ငါရောပဲ င့ါထွက်သက်အထိမင်းတစ်ယောက်ထဲကိုပဲချစ်သွားမှာပါ"
YOU ARE READING
𝐖𝐢𝐭𝐡 𝐘𝐨𝐮❤️(Short Version) || 𝐉𝐢𝐤𝐨𝐨𝐤
Fanfiction★ကိုယ်ဒီဇာတ်လမ်းကိုမင်းနဲ့ပဲစပြီးမင်းနဲ့ပဲဆုံးချင်တယ်★