With You ❤ {10} Final

2.2K 135 0
                                    

#Unicode
Minမင်းကတော့ကိုယ့်ကိုနှုတ်မဆက်ပဲထွက်သွားခဲ့တယ်နော်Minမင်းကတော့ကိုယ့်ကိုနှုတ်မဆက်ပဲထွက်သွားခဲ့တယ်နော်
မင်းမရှိပဲကိုယ်နေသားမကျဘူးMinရယ်
နေ့ရက်တိုင်းရင်ထဲမှာဟာတာတာနဲ့နေလို့မရဘူး
ကိုယ့်ကိုဘာလို့နှုတ်ဆက်ခွင့်လေးတောင်မပေးရတာလဲကွာ
2006.5.13

ဒီနေ့ဆိုMinထွက်သွားတာ1လရှိပြီနော်
Minမရှိတော့ပန်းဆိုင်လေးတောင်ခြောက်သွေ့နေတယ်လို့ခံစားရတယ်
အရင်လိုအသံစာစာလေးတွေမရှိတော့ဘူး
အရင်လိုပုံရိပ်လှလှလေးတွေမမြင်ရတော့ဘူး
အရင်လိုအပြုံးလှလှလေးတွေမတွေ့ရတော့ဘူး
အရင်လိုရီသံလွင်လွင်လေးတွေလဲမကြားရတော့ဘူး
ကိုယ့်ကမ္ဘာကြီးသိပ်ကိုခြောက်ကပ်လွန်းသွားပြီMinရယ်
ကိုယ်တစ်ရက်မှမေ့မရသေးဘူးMinရယ်
ဒီရင်ဘတ်ကြီးထဲမှာမွန်းကြပ်နေတယ်
ကိုယ့်ရဲ့အရုပ်ကလေးရယ်မင်းထွက်သွားတော့ကိုယ့်ရင်ထဲမှာဟာတာတာနဲ့~~~
2006.6.13

Minကိုယ့်ကိုထားခဲ့တာ1နှစ်ပြည့်ပြီ
ကိုယ်Minအုတ်ဂူဆီကိုနေ့တိုင်းရောက်ဖြစ်တယ်
Minရောအဲ့ဒီမှာနေရတာအဆင်ပြေရဲ့လားဟင်
ကိုယ်ကတော့Minမရှိတော့ကတည်းကအဆင်မပြေဘူးရယ်
မင်းဓာတ်ပုံလေးတွေကိုကြည့်ပြီးစကားပြောနေရတာကိုယ့်အတွက်တကယ်ကိုခက်ခဲတယ်ကွာ
Jungဆိုတဲ့မင်းခေါ်သံလေးကိုပြန်ကြားချင်သေးတယ်
ကိုယ်အနမ်းပေးတိုင်းရှက်သွားတဲ့မင်းမျက်နှာလေးကိုလဲကိုယ့်ရင်ခွင်ထဲမှာဖွက်ထားချင်သေးတယ်
ကိုယ့်ကိုဘာလို့အရင်ထားခဲ့ရတာလဲကွာ
မင်းမရှိတဲ့နေ့ရက်တိုင်းကကိုယ့်အတွက်ငရဲတမျှပဲMin
မင်းမရှိတဲ့ညတွေကလဲညတာပိုရှည်နေသလိုလို~~~
2007.6.13

ရာသီတွေတိုက်စားသွားတာအခုဆို10နှစ်ကြာခဲ့ပြီMin
ကိုယ်နေသားကျအောင်ကြိုးစားနေရဆဲပဲ
မင်းမရှိတော့တဲ့နေ့ရက်တွေမှာအဆင်ပြေအောင်ကိုယ်ကြိုးစားနေရဆဲပဲMinရေ
Minရောကိုယ့်ကိုသတိရနေမှာလားဟင်
ကိုယ့်အလွမ်းတွေကတော့တစ်ရက်မှမလျော့သေးဘူးMinရယ်
ကိုယ့်တို့အတူတူအကြာကြီးနေကြမယ်ဆိုပြီးပေးထားတဲ့ကတိကိုMinကအရင်ဖျက်သွားတယ်
မင်းမရှိတဲ့10နှစ်လုံးကိုယ့်ရင်တွေလဲကြေမွနေပြီMinရယ်
နွေဦးမှာရွက်တွေကြွေရင်မင်းကိုလွမ်းသလို
မိုးရွာရင်လဲအလွမ်းပိုပြန်သေးတယ်
ဆောင်းဦးရဲ့ပထမဆုံးနှင်းကျတဲ့အချိန်သတိရမိပြန်သလို
ဆောင်းရဲ့နှင်းဖွေးဖွေးတွေကိုကြည့်ရင်းမင်းရဲ့ရင်ငွေ့နွေးနွေးလေးကိုလဲခိုလှုံချင်နေပြန်သေးတယ်
ရာသီတွေဘယ်လောက်ပြောင်းလဲလဲ
မပြောင်းလဲတာကတော့ကိုယ်ရဲ့အချစ်နဲ့
မင်းကိုလွမ်းတဲ့အလွမ်းတွေပဲMin
တစ်နှစ်ကုန်ရင်တစ်နှစ်ပိုလွမ်းရတယ်
နှစ်နှစ်ကုန်ရင်နှစ်နှစ်ပိုလွမ်းရတယ်
မင်းမရှိတော့တဲ့ကိုယ့်ဘဝကအရောင်တွေမစုံတော့ဘူးMin
ကိုယ့်ဘဝရဲ့Euphoriaငယ်လေးပျောက်ဆုံးသွားပြီးကတည်းကကိုယ်ကရှင်လျက်နဲ့သေနေသလို~~~
2017.7.13

𝐖𝐢𝐭𝐡 𝐘𝐨𝐮❤️(Short Version) || 𝐉𝐢𝐤𝐨𝐨𝐤Where stories live. Discover now