With You ❤ {6}

1.4K 132 0
                                    

#Unicode
2000.12.13
^ဒီနေ့ကကိုယ်မင်းကိုပိုင်ဆိုင်ခွင့်ရတဲ့နေ့လေး^
Decemberကအေးစပ်နေပေမယ့်မင်းလိုနွေးထွေးတဲ့လူသားလေးကိုပိုင်ဆိုင်ရတာကိုယ်အရမ်းကံကောင်းတယ် မင်•••
မင်းလိုဖြူစင်တဲ့လူသားလှလှလေးကိုပိုင်ဆိုင်ရတာကိုယ်တစ်ယောက်ထဲမို့ကိုယ်ကကမ္ဘာပေါ်မှာကံအကောင်းဆုံးလူသားပဲ
*အရာအားလုံးနဲ့ယှဉ်ရင်တောင်မင်းကိုပဲခြွင်းချက်မရှိရွေးချယ်မှာ*ဆိုတဲ့စကားကိုမင်းကအပြောနဲ့မဟုတ်ပဲလက်တွေ့ကိုယ့်ကိုသက်သေပြခဲ့တယ်။
မင် မင်းကလေငါနဲ့ပတ်သတ်ရင်တွေဝေမှုဆိုတာမရှိ နောင်တဆိုကိုမတွေးပဲခြွင်းချက်မရှိငါ့လက်ကိုဆုပ်ကိုင်ရဲတဲ့မင်းရဲ့သတ္တိကိုငါအရမ်းမြတ်နိုးတယ်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လက်မထပ်ခင်1ပတ်အလို
"မေမေ သားမေမေ့ကိုပြောစရာရှိလို့"
"ပြောလေသားရဲ့ဘာများလဲ"
"သားမှာချစ်ရတဲ့သူရှိနေပြီ အဲ့ဒါသားသူနဲ့လက်ထပ်ချင်လို့မေမေ့ဆီမှာခွင့်တောင်းတာပါ"
"မေမေ့သားလေးတောင်လက်ထပ်ရမယ့်အရွယ်ရောက်နေပီပဲမေမေကခွင့်ပြုပေးရမှာပေါ့သားချစ်သူကဘယ်သူလဲဘယ်ကလဲဘာအလုပ်လုပ်တာလဲ"
"သားချစ်သူက Jeon Jung Kookပါမေမေ"
"ဘာ မင်းဘာပြောလိုက်တယ်Jimin"
"သားချစ်သူကJung Kookပါမေမေ"
"ငါနားကြားမှားတာမဟုတ်ပါဘူးနော် မေမေ့ကိုမနောက်ပါနဲ့သားရယ်"
"သားမနောက်ဘူးမေမေသားအတည်ပြောတာသားတို့တွဲနေတာ8နှစ်ရှိနေပြီမေမေ"
"ဘာ ဘာ အမလေးငါ့သားကယောကျာ်းတစ်ယောက်နဲ့တွဲနေတယ် 8နှစ်တောင်ရှိနေပီဟက်လား ငါကတော့သူငယ်ချင်းဆိုပြီးစိတ်ချနေနေတာမင်းတို့ကချစ်သူရည်းစားတွေတဲ့လား
Jiminနင်ငါ့သိက္ခာကိုချနေတာလား ပတ်ဝန်းကျင်မှာဘယ်လောက်အရှက်ရစရာကောင်းလိုက်လဲJiminနင် နင်ငါ့ဘက်ကိုရောထည့်မတွေးတော့ဘူးလား".
"သားတောင်းပန်ပါတယ်မေမေ သားသူ့ကိုချစ်တယ်သူကလဲသားကိုချစ်တယ်"
"တော်စမ်း နင်ဘာမှထပ်မပြောနဲ့ နင်အခုသူနဲ့အဆက်အသွယ်ဖြတ်မဖြစ်ဘူး မဖြစ်ဘူးအိမ်ပြောင်းမှဖြစ်မယ်ဒီမှာသာဆက်နေနေနေရင်ငါနှလုံးရောဂါရပြီးသေသွားလိမ့်မယ်"
"မေမေ သားခံစားချက်ကရောမေမေအရှက်တရားလောက်အရေးမကြီးဘူးလား ပတ်ဝန်းကျင်ဆိုတာချီးမွမ်း7ရက်ကဲ့ရဲ့7ရက်ပါသူတို့ကိုဂရုစိုက်စရာမလိုပါဘူးမေမေရယ်"
"နင်ဂရုမစိုက်ပေမယ့်ငါဂရုစိုက်တယ်ဟဲ့ ငါရှက်လို့သေသွားလိမ့်မယ် Park Jiminနင်ငါ့မျက်နှာကိုတော့ထောက်ထားသင့်တယ်နင့်အဖေသိရင်မလွယ်ဘူး ဒီကိစ္စနင့်ကိုငါအမြန်ဆုံးမိန်းမပေးစားမှဖြစ်မယ်"
"သားမိန်းမတွေကိုစိတ်မဝင်စားဘူးမေမေ သားJung Kookတစ်ယောက်ထဲကိုပဲစိတ်ဝင်စားတယ်သူ့ကိုပဲချစ်တယ်သူနဲ့ပဲလက်ထပ်မယ် သူမဟုတ်ရင်ဘယ်သူနဲ့မှလက်မထပ်ဘူး"
"နင်ပြောလေကဲလေပါလားPark Jimin နင်တို့နှစ်ယောက်ယူတော့ဘယ်သူကကလေးမွေးမှာလဲငါတို့မျိုးဆက်ပြတ်သွားလိမ့်မယ်နင်နားလည်ရဲ့လားဟမ် Park Jimin"
"မလိုဘူးအဲ့ကလေးတွေလဲမလိုဘူးသားဘဝမှာJung Kookရှိရင်ရပြီ"
"နင့်ကိုမွေးထားတဲ့ငါ့ကိုပါနင်ကမလိုအပ်ဘူးဆိုတဲ့သဘောလားဟမ် နင်တော်တော်ကိုမွှန်နေလားဟမ်Park Jiminယောကျာ်းလေးနှစ်ယောက်ချစ်ကြိုက်နေတာတော်တော်များဂုဏ်ယူဖို့ကောင်းနေလားPark Jimin"
"ယောကျာ်းနဲ့မိန်းမပဲချစ်ရမယ်လို့ဘယ်သူပြောထားတာလဲမေမေယောကျာ်းလေးနှစ်ယောက်ချစ်တော့ရောဘာဖြစ်လဲအချစ်ကအချစ်ပါပဲမေမေရာရှေးရိုးမဆန်ပါနဲ့မေမေအရမ်းကိုမှရှက်နေရင်သားအိမ်ပေါ်ကနေဆင်းသွားပေးမယ်"
"နင်ပြန်ထိုင်လိုက်Park Jiminငါမွေးထားတာသားတစ်ယောက်ထဲငါတို့မျိုးဆက်အပြတ်မခံနိုင်ဘူးယောကျာ်းနှစ်ယောက်အချစ်ကဘယ်လောက်ထိတည်မြဲနိုင်မယ်ထင်နေလို့လဲ"
"သားသူ့ကိုယုံတယ်မေမေသားတို့နှစ်ယောက်ရဲ့အချစ်ကတည်မြဲလားမတည်မြဲလားဆိုတာသားသက်သေပြမှာပါ"
"ငါ့ကိုရင်ကွဲအောင်လုပ်နေတာလားPark Jiminငါ့ဘက်ကိုလဲထည့်တွက်ပေးပါဦး"
"သားမေမေ့ကိုချစ်ပါတယ်မေမေ ဒါပေမယ့်သားသူ့ကိုလဲလက်မလွှတ်နိုင်ဘူး မေမေတို့ဆီကကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးတာကိုလိုချင်လို့သားခွင့်တောင်းနေရတာပါမေမေတို့ကခွင့်မပြုနိုင်ဘူးဆိုတော့လဲသားအိမ်ပေါ်ကဆင်းမယ်မေမေ"
"မင်း မင်း မင်း"Jiminအမေသတိလစ်သွားခဲ့သည်။
"မေမေ မေမေ မေမေ"
ခဏကြာသောအခါ
"မေမေကစိုးရိမ်ရလားဆရာ"
"လူနာကshockအကြီးကြီးရသွားလို့သတိလစ်သွားတာပါစိုးရိမ်စရာတော့မရှိပါဘူးအခုသူ့ကိုအားဆေးလဲထိုးပေးထားခဲ့တာဆိုတော့အိပ်ပျော်နေတာပါ နောက်1နာရီ2နာရီလောက်နေရင်သတိရလာပါလိ့မ်မယ်"
"ကျေးဇူးတင်ပါတယ် ဆရာ ကျွန်တော်လိုက်ပို့ပေးပါ့မယ်"
"အေးအေး လူကိုဂရုစိုက်ပေးလိုက်ပါ"
"ဟုတ်ကဲ့ဆရာ"
ဆရာဝန်ပြန်သွားတဲ့အခါJung Kookဆီကိုဖုန်းခေါ်လိုက်တယ်။
"Hello Jung"
"Min နေမကောင်းဘူးလား မင်းအသံကဘယ်လိုဖြစ်နေတာလဲ"
"Jung မင်းငါ့ကိုချစ်လားဟင်"
"ချစ်တာပေါ့ကွာ"
"ငါနဲ့အတူထွက်ပြေးဖို့မင်းရဲလား"
"ဟမ် Min မင်းဘာတွေပြောနေတာလဲ"
"ငါမေးတာကိုပဲဖြေပါ မင်းငါနဲ့အတူတူဘယ်သူမှမသိတဲ့နေရာမှာနှစ်ယောက်ထဲအတူတူနေရဲလားလို့"
"ကိုယ့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့ Minရယ် ကိုယ့်ကိုသေချာပြောပြပါ"
"ငါတို့နှစ်ယောက်ကိစ္စမေမေ့ကိုငါပြောလိုက်ပြီ"
"ဟုတ်လား"
"အင်း ငါထင်တဲ့အတိုင်းပဲမင်းနဲ့ငါ့ကိုသဘောမတူဘူး"
"ဟင်"
"ငါမင်းနဲ့မခွဲနိုင်ဘူးJung အဲ့ဒါကြောင့်ငါနဲ့အတူတူထွက်ပြေးရအောင်"
"ကောင်းပါ့မလား Minရယ်"
"မင်းငါ့ကိုငြင်းလိုက်တာလားJung"
"မဟုတ်"
"အဲ့ဒါဆိုလဲငါဖုန်းချလိုက်တော့မယ်"
"နေဦး Min ကိုယ်မင်းကိုကောင်းပါ့မလားလို့ပဲမေးတာပါကိုယ်မင်းကိုမငြင်းပါဘူး"
"ဒါဆို?"
"ကိုယ်သဘောတူတယ်"
"မင်းတစ်ဘဝလုံးငါနဲ့လက်တွဲသွားရမှာနော်Jung တကယ်အဆင်သင့်ဖြစ်ပြီလား"
"ကိုယ်မင်းနဲ့တစ်ဘဝလုံးအတူနေဖို့ဆန္ဒရှိတာမို့အမြဲအဆင်သင့်ဖြစ်ပြီးသားပါ Min"
"ဒါဆိုမင်းရဲ့ပိုင်ဆိုင်မှုတွေအကုန်ယူပြီးကားကိုအဆင်သင့်ပြင်ထားပါငါလဲငါ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်ယူပြီးထွက်လာခဲ့မယ်အခုငါဖုန်းချလိုက်တာနဲ့ယူပြီးထွက်လာခဲ့နော်Jung"
"အခုသွားမှာလားMin"
"အခုမသွားရင်တစ်ဘဝလုံးဝေးသွားမှာ ငါအကြောင်းစုံကိုနောက်မှပြောပြမယ်လေဖြစ်တယ်မလား"
"ဒါဆိုကိုယ်စောင့်နေမယ်"
"ကျေးဇူးတင်ပါတယ် Jung"
Jiminလဲဖုန်းချလိုက်ပြီးစာတစ်စောင်ချန်ခဲ့ကာJungနဲ့အတူထွက်ပြေးရင်အိမ်ပေါ်မှနေသားမိုက်အဖြစ်ခံယူပြီးထွက်ခဲ့ပြီ။
Jiminအိမ်ရှေ့ကိုရောက်တဲ့အခါJung Kookကားကလဲအဆင်သင့်ရောက်နေပြီဖြစ်သဖြင့်အလျင်အမြန်ပဲကားပေါ်တက်သွားသည်။
"ကိုယ်ဘယ်ကိုသွားရမလဲMin"
"လေဆိပ်ကိုမောင်း"
Jiminပြောသည့်အတိုင်းလေဆိပ်ကိုသာဦးတည်မောင်းနှင်ရင်း
"Min"
"ဟင်"
"ကိုယ်မေးလို့ရပြီလားဟင်"
"အင်း"
"ကိုယ်တို့အခုဘယ်သွားကြမှာလဲ"
"အရင်ဆုံးဒီနိုင်ငံထဲကထွက်မှဖြစ်မယ်Jungဘယ်နိုင်ငံဖြစ်ဖြစ်ငါတို့အရင်ဆုံးထွက်သွားဖို့လိုတယ်ကိုရီးယားမှာပဲရှိနေရင်အချိန်မရွေးငါ့တို့ကိုရှာတွေ့သွားမှာငါ့ဖေဖေအကြောင်းငါသိတယ်အခုတောင်ငါ့အမေသတိလစ်နေတုန်းငါထွက်လာခဲ့တာ"
"Min😯"
"ဟုတ်တယ်Jung ငါမင်းနဲ့ခွဲရမှာစိုးလို့ဒီလိုလုပ်ခဲ့တာမေမေ့အခြေအနေကလဲမစိုးရိမ်ရပါဘူးနိုးလာရင်သက်သာသွားမှာငါဘာကိုမှဂရုမစိုက်တော့ဘူးJungမင်းနဲ့ဝေးလို့မဖြစ်ဘူးငါသေသွားလိမ့်မယ်"
"ကိုယ်မင်းကိုတစ်ဘဝလုံးလက်တွဲသွားမှာပါMinအခုကိုယ်တို့ထွက်ပြေးလာပြီဆိုတော့ကျန်တဲ့အရာတွေကိုခေါင်းထဲကထုတ်လိုက်တော့နော်"
"မင်းအိမ်ကရောမင်းပျောက်သွားတာမစိုးရိမ်လောက်ဘူးလား"
"အမှန်တကယ်တော့ကိုယ့်အိမ်ကလဲMinနဲ့သဘောမတူဘူး
တိုက်တိုက်ဆိုင်ဆိုင်ပဲကိုယ်လဲဒီနေ့မနက်ကပဲမင်းနဲ့အကြောင်းအိမ်ကိုဖွင့်ပြောခဲ့တာသဘောမတူဘူးဆိုပေမယ့်ကိုယ့်ကိုလဲအတင်းအကြပ်ဘာမှမပြောဘူးမင်းရွေးချယ်မှုကိုမင်းခံနိုင်ရည်ရှိဖို့လဲလိုတယ်တဲ့အဲ့စကားပဲပြောတာကိုယ်အလုပ်ကပြန်လာရင်မင်းကိုဖုန်းဆက်မလို့ပဲဒီကိစ္စတွေကိုဒါပေမယ့်Minဘက်ကလဲဒီလိုတွေဖြစ်လာတော့ကိုယ်လဲMinနဲ့အတူထွက်ပြေးဖို့ဆုံးဖြတ်လိုက်တာ"
"ငါ့ကိုရွေးချယ်ပေးလို့ကျေးဇူးတင်ပါတယ်Jung"
"မဟုတ်ဘူးMin Minမှကိုယ့်ကိုအရာအားလုံးနဲ့ယှဉ်ပြီးကိုယ့်ကိုပဲရွေးချယ်ခဲ့တာ"
"ဒီမှာဆိုရင်တော့ငါတို့လက်ထပ်လို့ရမှာမဟုတ်ဘူးနော်Jung"
"2ဦးသဘောတူပဲလက်ထပ်ကြမယ်လေMin"
"ငါလက်ခံပါတယ်"
ညတွင်းချင်းပြေးလာတာမို့လေယာဉ်လက်မှတ်ရတဲ့နိုင်ငံဖြစ်တဲ့Londonကိုထွက်ပြေးခဲ့ကြသည်။12နာရီကျော်ကြာလေယာဉ်စီးပြီးတဲ့အခါLondonမြို့ကိုရောက်ရှိလာခဲ့ပြီ။
အဆင်ပြေတဲ့နီးစပ်ရာhotelတစ်ခုခုမှာသာဝင်တည်းလိုက်သည်။
"Min ကိုယ်တို့ဒီမှာဘယ်လောက်နေမှာလဲ"
"မကြာပါဘူး 3ရက်လောက်နေပြီးရင်Canadaသွားကြရအောင်အဲ့မှာလိင်တူလက်ထပ်လို့ရတယ်တဲ့"
"ဒါဆိုလဲMinသဘော"
"Jung"
"ပြောလေ Min"
"ငါအားလုံးစွန့်လွှတ်ပြီးမင်းဆီလာခဲ့ပြီးပီနော်ငါ့ကိုဘယ်တော့မှထားမသွားဘူးမလားဟင်"
"Minရယ် ကိုယ့်ဘဝနဲ့ရင်းပြီးကိုကတိပေးတာပါ"
"Minယုံပါတယ်ဒါပေမယ့်Jung"
"ရှူး🤫 ဘာမှမပြောနဲ့Min ဘာမှလဲမတွေးနဲ့တော့ ကိုယ့်ကိုယုံတယ်ဆိုရင်ကျန်တာတွေမလိုအပ်တော့ဘူး"
"Minတို့တွေခက်ခဲနိုင်တယ်နော်Jung"
"ဒီလိုမျိုးလက်တွဲထားရင်အရာရာကျော်ဖြတ်နိုင်ပီလေMin
ကိုယ်သိပ်ဝမ်းသာတာပဲသိလားမင်းကိပိုင်ဆိုင်ခွင့်ရတော့မှာပါလားဆိုပြီး"
"Minလဲပျော်တယ် Jungနဲ့အတူတူရှိနေရလို့"
3ရက်ကြာတဲ့အခါLondonမြို့ကနေCanadaမြို့ကိုသွားရောက်လက်ထပ်ပြီးနေထိုင်ခဲ့ကြသည်။
လက်ထပ်သည့်နေ့
"Min"
"ဗျာ"
"ကိုယ်တို့တရားဝင်အိမ်ထောင်ရှင်တွေဖြစ်သွားပြီနော်"
"ဒါပေါ့ Minအရမ်းပျော်တာပဲ ရင်ထဲမှာကလိကလိတွေဖြစ်နေတာ"
"ကိုယ်လဲပျော်တယ် Minလိုဖြူစင်နွေးထွေးတဲ့လူသားလေးကိုလက်ထပ်ခွင့်ရလို့"
"Minတို့လဲဘယ်အချိန်များမှကိုရီးယားကိုပြန်နိုင်မလဲမသိဘူးနော်Jung"
"ကိုယ်ကတော့ဒီမှာ1နှစ်2နှစ်လောက်ပဲနေချင်တယ်တစ်သက်လုံးတော့ဒီမှာမနေချင်ဘူးဒီမှာအလုပ်လုပ်ပိုက်ဆံစုပြီးကိုရီးယားပြန်ကြမယ်လေ"
"ကိုရီးယားပြန်လို့Minနဲ့Jungကိုခွဲကြရင်ဘယ်လိုလုပ်မလဲMinမခံစားနိုင်ဘူးနော်"
"Seoulကိုမပြန်ပဲBusanမှာဇာတ်မြှုပ်ပြီးနေကြမယ်လေMin"
"Jungသဘော Jungအတူရှိမယ်ဆိုရင်ဘယ်နေရာဖြစ်ဖြစ်ရတယ်"
"ချစ်လိုက်တာMinရယ်"
"MinလဲJungကိုသိပ်ချစ်တယ်အရာရာထက်ပိုပြီး"
နှုတ်ခမ်းနှစ်စုံထပ်တူကျလျက်•••

𝐖𝐢𝐭𝐡 𝐘𝐨𝐮❤️(Short Version) || 𝐉𝐢𝐤𝐨𝐨𝐤Where stories live. Discover now