𝔼𝕡𝕚 - 1

6.5K 249 10
                                    

Unicode

စိမ်းစိုနေသော လယ်ကွင်းပြင်ကျယ်ကြီးတွေ များပြားစွာ ရှိလေသည်။ တမျှော်တခေါ် လယ်ကွက်တွေမှာ မြောက်များစွာ စိုက်ပျိူးထားသော ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ အဓိက အားထားရာဖြစ်သည့် စပါးပင်များ.....။

ဝသန်ရာသီမို့ စတင်ကာ စိုက်ပျိူးနေရပြီလေ....။
မိုးရွာထားသဖြင့် ရေတွေ အပြည့်တင်နေသော
လယ်ကွင်းတွေထဲမှာ ထမိန်တိုတိုကို အင်္ကျီအစုတ်နှင့်တွဲဝတ်ကာ အပေါ်က မိုးကာဖျင်စကြီးဝတ်ပြီး ဝါးခမောက်တွေ ကိုယ်စီစောင်းရင်း ကောက်စိုက်နေကြသော ကောက်စိုက်သမများ.......။
လက်ထဲမှာလည်း ပျိူးပင်တွေ ခရင်းခွတွေ ကိူင်လျက်ပေါ့.......။

" ဟေး........... ထမင်းစား နားကြမယ်ဝေ့ "

စိုက်ပျိူးနေသော လယ်ကွင်းပိုင်ရှင်၏ ထမင်းစားနားရန် ဆော်သြောသံ...။
ထိုအခါ ကောက်စိုက်နေသူတွေအားလုံးဟာ
လယ်ကွင်းကနေ ကန်စင်းဘောင်တွေဆီကို သွားရောက်ကြတော့သည်။
အကြောင်းကတော့ ကန်စင်းဘောင်တွေမှာ ထမင်းထည့်လာသော ေတာင်းတွေကိုယ်စီဖြင့် စောင့်နေကြသော အိမ်ကထမင်းပို့သူများ ရောက်နေကြပြီမို့....။
သက်ဆိုင်ရာ နေရာဒေသလေးတွေဆီကို သွားကြ
ကာ ထမင်းစားနေကြသော တောသူတောင်သားတွေပေါ့....။

" စိုးလေး...... မိထွေးတို့နဲ့ အတူလာစားပါလားဟင် "

ရှက်ပြုံးလေးပြုံးကာ ထမင်းစားဖို့ခေါ်နေသော
ရွာအကြီးအကဲ၏ သမီးဖြစ်သူ မိထွေး ။
အားနာသည်မို့ ကောင်းကောင်းမွန်မွန်သာ ငြင်းလိုက်သည်။
အမေလာနေကြဆီကိုသာ လှမ်းကြည့်နေကာ
အမေ့အလာကို စောင့်နေမိသည်...။

ဟော..... လာပါပြီ ကမ္ဘာစိုးစံ၏ ချစ်ရပါသော
မာတာမိခင် ဒေါ်စိုးစံ ။ အမေသည် တောရွာမှာနေသည့်တိုင် အလှမပျက် ၊ ကျက်သရေ ရှိနေမြဲပင်။
ချောမောသည့် အမေကို လိုချင်ကြသော ယောကျာ်းလူပျိူကြီးများလည်း ရှိလေသည်။
သို့သော် အမေကတော့ စိုးစံကိုသာ အရေးခါးသည်။ ကျန်တာတွေ သူ့ခေါင်းထဲ မရှိ.....။

" သား စောင့်ရတာ ကြာသွားလား အမေ သားအတွက် ပဲကြီးဟင်းရည်နဲ့ ငါးပိရည်ဖျော်လာတာ
ဦးဌေးတို့ လယ်ကွင်းဘေးမှာလေ ကန်စွန်းညွှန့်တွေ တွေ့တာနဲ့ သား ကြိုက်တယ်ဆိုပြီး ခူးနေလို့ နောက်ကျသွားတယ်ကွယ် "

ဇီဝကမ္ဘာ (Completed) Where stories live. Discover now