Epi - 15 final.

2.7K 165 10
                                    

Unicode

လေလှိုင်းထဲကနေပဲ ဆက်သွယ်ကာအလွမ်းဖြေရသည်မို့ ဇီဝသင်္ခ တကယ်ကို အဆင်မပြေလှပါ။
မောင့်မျက်နှာလေးကို စခရင်ထက်က မြင်ရရင်
မောင့်ကိုပြေးပြီးပွေ့ဖက်ချင်စိတ်က တဖွားဖွား။
မောင့်ကို လွမ်းတယ်လို့ ဇီဝပြောရင် မောင်က
" အင်း မောင်ရောပဲ" လို့ အမြဲပြန်ပြောတတ်သည်။

တကယ်ပါ ဇီဝသင်္ခကမ္ဘာကိုစိုးစံသူလေးက သိပ်
ချစ်ဖို့ကောင်းသည်..

" ပြန်လာရင် အံ့သြစရာရှိတယ် bio "

" ဟင် ဘာများလဲ မောင် "

" ပြန်လာမှ ပြောပြမယ် "

" မောင်ကွာ သိချင်အောင် လုပ်သွားပြီးတော့ မရဘူး ပြောပြလို့...."

တကယ်ပါပဲ bio ဘယ်လိုတွေပြောနေသလဲ မသိပါဘူး။ နှုတ်ခမ်းဆူပြီး စိုးစံကို ကောက်သွားပြီ ။
၅နှစ်သားကို ကမ္ဘာစိုးစံ ထိန်းနေရပါသည်...။

" ပြန်လာမှ ကတိပေးတယ်....
မောင် bio ကို လွမ်းတယ်နော် အစစ အရာရာ ဂရုစိုက် "

" ဟုတ် ကိုယ်လေ မောင် ခွံကျွေးတဲ့ ထမင်းကို စားချင်တယ် "

ဟုတ်ပါသည်... ။ မောင့်ရွာကို လိုက်သွားတော့
ရွာမှာက ဇွန်းခရင်းမသုံးရဘူးလေ ။
လက်ကိုသာ အသုံးပြုပြီး စားကြသည်တဲ့။
ဇီဝလည်း အဲ့အတိုင်းစားဖို့ပြင်ရာ မောင်က ငါးပိချက်တွေကို ထမင်းနဲ့နယ်ပြီး သခွားသီးတွေ ကန်စွန်းညွန့်တွေဖြင့် တို့ကာစားနေသည်။
မောင်စားနေတာကို သရေယိုနေသည်က ဇီဝ။
နောက်ဆုံး စားချင်သည့်စိတ် ထိန်းမရသည်မို့
" မောင် ခွံ့ကျွေးပါလား " ပြောလိုက်တော့ မောင်ကလည်း ခွံ့ကျွေးလာသည်။
တကယ်ကို ေပျာ်ရွှင်စရာ ထမင်းဝိုင်းလေး ဖြစ်ခဲ့သည်.....။

……………………………

အချိန်တစ်နှစ်ဆိုတာ ဘာတွေပြောင်းလဲသွားစေနိုင်ပါသလဲ မေးရင်တော့...........

အခု ဇီဝသင်္ခ မောင့်လက်လေးကို ကိုင်ပြီး ဆိုင်လေးတစ်ဆိုင်ရှေ့မှာ ရပ်နေခြင်း။
ဆိုင်လေးသည် အပြင်ပိုင်းကို မိုးပြာရောင်လေး ဆေးသုတ်ထားပြီး အတွင်းပိုင်းကိုတော့ အဝါနုလေးကို သုံးကာ ဆေးသုတ်ထားလေသည်။
ဆိုင်လေးထဲကို ဝင်သွားကြသည့်သူတိုင်းသည်
မျက်နှာထက် အပြုံးတွေဖြင့်သာ ပျော်ရွှင်စွာ
ဆိုင်ထဲမှ ပြန်ထွက်လာကြသည်ပင်....။
ဘာကြောင့်များလဲ..............

ဇီဝကမ္ဘာ (Completed) Dove le storie prendono vita. Scoprilo ora