𝔼𝕡𝕚 - 3

1.9K 163 7
                                    

Unicode

ညနေကျောင်းဆင်းတော့ ကျောင်းပေါက်ဝကနေ စောင့်နေသော်လည်း အကောင်လေး၏ အရိပ်အယောင်ကို လုံးဝမတွေ့ရပေ ။
တကယ်ဆို အတန်းရှေ့သွားစောင့်နေလို့ရသော်လည်း ဇီဝ မစောင့်ချင် ။ အကြောင်း
ကတော့ အကောင်လေးက ဇီဝကိုဆို ဘာမှပြန်မပြောတာပဲ ကြည့်လေ လူအများကြားမှာသွားပြောကြည့်ပါလား အချေခံရလို့ ဇီဝသင်္ခ အရှက်
ဗြန်းဗြန်းကွဲမှာပေါ့လို့.....။ အာ့ကြောင့် လူအများကြားတော့ အကွဲမခံနိုင်ဘူး နှစ်​ယောက်ထဲရှိနေချိန်ပဲ အကွဲခံပါမည်။ အရှက်........ အရှက်ပြောပါတယ်........... ။

နောက်ဆုံး စောင့်ရတာ စိတ်မရှည်တော့ပြီမို့
အတန်းကိုသွားကြည့်မည်ဟုတွေးကာ တစ်ခါ
physics အခန်းရှေ့ ပြန်လျှောက်လာရသည်။
ဟော..... တဟီးဟီး တဟားဟားနဲ့ ဘာတွေ သဘောကျပြီး ထွက်လာကြသည်မသိ ။
အတန်းရှေ့မှာ အိုးဆက်ကြီးကတော့ အပီအပြင်ကို သူ့ကောင်လေး တေးဥသြကို စောင့်နေတာပါဗျာ။

အကောင်လေးလည်း ထွက်လာပြီမို့ ဇီဝလည်း အတန်းနားကို လမ်းလျှောက်သွားလိုက်တော့
What. ....... အတန်းတစ်ခုရှေ့မှာ ငပြေဝေမိုးကြီးတစ်ကောင် အခန်းတံခါးတစ်ဖက်၏အနောက်ကနေ ချောင်းနေလေသည်။
ဘာကို ချောင်းနေတာလဲ ဆိုတာတော့ ဇီဝလည်း မသိပေ ။

ဇီဝ ပြေဝေ့အနားသွားကာ ပုခုံးကို အသာကုပ်လိုက်သည်။ သို့သော် သတောင်းစားက လှည့်ကြည့်မလာပဲ ဇီဝ၏လက်ကို ပုတ်ထုတ်လေသည်။
ဘာလားပေါ့.......။ ဇီဝ စိတ်မရှည်တော့ပြီမို့
ပြေဝေ့အနားကိုကပ်သွားလိုက်ပြီး

" ငပြေ ဘာချောင်းနေတာလဲ....."

" ကောင်လေး ချောင်းနေတာ...ဟမ် "

ဇီဝ ဘာချောင်းနေလဲမေးလိုက်တော့ ငပြေက
ကောင်လေးချောင်းနေတာဟု ပြန်ဖြေပြီးကာမှ
အလန့်တကြား ဇီဝဘက်ကို လှည့်ကြည့်လာသဖြင့် အမြန်ပင် အနောက်ကို ဆုတ်လိုက်ရသည်။
မဟုတ်ရင်တော့လား........ အဟင်း မတွေးရဲစရာတွေ ဖြစ်ကုန်မည်ပင် ။
အမယ်...... အခုမှ ငပြေဝေမိုးတစ်ကောင် မျက်လုံးကြီးပြူးလာလိုက်တာ မျက်လုံးတောင်အောက်ကျွတ်ကျမတတ်ပင်...။

" ဇီဝ..... "

" အေး ငါ.... ပြောပါအုံး ဘယ်ကောင်လေးကို ချောင်းနေတာလဲ "

ဇီဝကမ္ဘာ (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ