Unicode
ခြံရှေ့ရောက်လို့ စိုးစံလည်း ကားပေါ်ကဆင်းပြီးရော ချက်ချင်း ကားမောင်းထွက်သွားလေသည်။
ဒီဓာတ်တိုင်က ဘာလဲပေါ့.....။
စိုးစံလည်း အိမ်ထဲဝင်လိုက်တော့" တူလေး နောက်ကျတယ်နော်... "
" ဟုတ် တီတီ ကား နောက်ကျနေလို့ဗျ.."
" အင်း အင်း.... သွားနားတော့ "
" ဟုတ်... "
အမလေး..... ငါလေး အသက်တိုမယ် ။
တစ်ခါမှ မလိမ်ဖူးပဲ အခု တီတီလေးကို လိမ်လိုက်မိတော့ ရင်တွေတောင် တုန်သလိုလို....။
တကယ်တော့ စိုးစံ ရင်တုန်နေတာ ဓာတ်တိုင်နဲ့အတူ ကားပေါ်မှာရှိနေကတည်းကပင်...။
လူက ပင်ပန်းနေသည်မို့ ရေချိူးရန်ပြင်တော့
လက်က ပတ်တီးကို သတိရမိသွားသည်။
မသေမသပ် ပြန်စည်းပေးထားသော ပတ်တီးကို ကြည့်ကာ စိုးစံ တွေးလိုက်မိသည်။
ကောင်းကျိူးကို မပေးဘူး.......ဟု ။အမောင်ကမ္ဘာစိုးစံလေး ဘဝက သနားစရာလေးပါဗျာ...။ ရေချိူးတာတောင် ပတ်တီးစည်းထားရသည့် ညာဘက် လက်ကို အပေါ်မြှောက်ထားရသည်။ ရေချိူးရတာလည်း အဆင်မပြေသလို အားလည်း မရပါ။
" တူလေး ဒီနေ့ မင်းဦးလေးကားနဲ့သွား ဦးလေး ကျောင်းကို လိုက်ပို့ပေးလိမ့်မယ် "
" ဗျာ..... အော် ဟုတ်ကဲ့ တီတီ "
တီတီ့ယောကျာ်းက ကားနဲ့လိုက်ပို့မယ်ဆိုတော့လည်း ပို့ပေါ့........ ။ စိုးစံ လူကြားထဲ ကားတိုးမစီးရတော့ဖူးပေါ့......။ ရေး.......ပျော်စရာကြီး ။
စိုးစံ ဦးလေးကားကို ခြံပြင်ထွက်ကာ အဆင်သင့်စောင့်ရန် ခြံတံခါးကို ဆွဲဖွင့်လိုက်တော့
" ဟင်............ ဓာတ်တိုင် "
" အော်....... တူလေးရယ် အဲ့ဒါ လမ်းမီးပေးထားတဲ့ ဓာတ်တိုင်လေ ဟုတ်တယ် ဘာဖြစ်လို့လဲ "
ဟာ....... အဲ့ဓာတ်တိုင်ကို ပြောတာ မဟုတ်ဖူး ဦးလေးရဲ့....။ ကမ္ဘာစိုးစံ ခေါင်းကိုသာ လှိမ့်ပိမ့် ကုပ်မိသည်။ ဘယ်လိုလုပ်ရမလဲ......။
အခု ခြံရှေ့မှာ ဓာတ်တိုင်ကြီးက သူ့ပြိုင်ကာပြာပြာကိုမှီကာ ရပ်နေပြီး စိုးစံကို လာရန် ခေါ်နေလေသည်။
နေကာမျက်မှန်ကို တပ်ကာ ပြိုင်ကာအမိုက်စားကိုမှီရပ်နေသော အရပ်ရှည်ရှည်နှင့် ဓာတ်တိုင်ကြီးသည် တကယ်ကို မိမိုက်ကာ ချောမောလှသည်။ သို့သော် စိုးစံအတွက်တော့ ဘယ်တော့ စနပ်တံပြုတ်မလဲ ဆိုကာ ရင်တုန်နေရသော ချိန်ကိုက်ဗုံးလိုပင်.....။
BẠN ĐANG ĐỌC
ဇီဝကမ္ဘာ (Completed)