𝔼𝕡𝕚 - 6

1.6K 157 2
                                    

Unicode

" မင်းက ဘယ်လိုမှ မနေဘူးလား စိုးစံ "

" ဟမ် ငါက ဘာကို ဘယ်လိုနေရဖို့လဲ "

ငတေး ဒီကောင် သူ့အိုးကြီး ဒဏ်ရာရလို့ ရူးများသွားတာလား ။ ဘာလားပေါ့........။

" ငစိုး ကိုဇီဝကြီးလည်း ဒဏ်ရာ ရတယ်နော် "

" အေးလေ မင်းပြောလို့ ငါ သိပြီးပြီလေ "

" အင်း အဲ့ဒါတောင် မင်းက ဘယ်လိုမှ မနေဘူးလား "

" ငါက........ ဘာလို့ လဲ "

ကမ္ဘာစိုးစံ ဆိုသည့် သတောင်းစားကို ဥသြ ဖြတ်ရိုက်ချင်စိတ်တွေ တဖွားဖွား ။ ဒီနလပိန်းတုံးက
ဟိုက သူ့ကိုပဲ ကြည့်နေတာတွေ သူ့ကိုပဲ လူလို့ထင်နေတာတွေကို မသိတာလား မသိချင်ယောင်ဆောင်နေတာလား ။

" စိုးစံ ကိုဇီဝကြီးက မင်းကို ရိုးရော ရိုးရဲ့လား "

အဟွတ်.......။ အမလေး ကမ္ဘာစိုးစံ မြိုချလိုက်သော တံတွေးပင် သီးသွားရသည်။
ငတေးကို ကြည့်လိုက်တော့ ' ငါ ေပြာတာ ဟုတ်တယ်မလား ' ဆိုသည့်အကြည့်ဖြင့် စိုးစံကို ကြည့်နေလေသည်။

"ဘာ ဘာလဲ...... ဘာလို့ မရိုးရမှာလဲ "

" အယ်...... မင်း မျက်နှာ နီလာတယ်နော် ငါ ပြောတာ ဟုတ်တယ်မလား "

" ဘာကို ဟုတ်ရမှာလဲ ဆရာဝင်လာပြီ တိတ်တော့ "

ဒါတောင် ဘေးကနေ လူကို လိုက်စနေသော သတောင်းစား တေးဥသြ ။
နေပါအုံး ဟိုဓာတ်တိုင်က စိုးစံအပေါ် ရိုးရော ရိုးရဲ့လားတဲ့ ။ ဓာတ်တိုင်က ကောင်မလေးတွေ ထည်လဲတွဲနေတဲ့သူကြီးလေ ။
အခုလည်း သူနဲ့တွဲနေသည့် ကောင်မလေးရှိတာပဲကို ဘာလို့ မရိုးရမှာလဲ ။
စိုးစံ ခေါင်းသာ ခါမိသည် ။ စိုးစံ ကိုယ်တိုင်လည်း ဘာတွေဖြစ်နေသလဲ မသိတော့ပါ ။

" ဟာ ဇီဝ မင်းမျက်နှာက ဒဏ်ရာ ဘယ်ပျောက်သွားတာလဲ "

အတန်းထဲဝင်လို့ ခုံမှာ ထိုင် ထိုင်ချင်း မေးလာသော ငပြေဝေ ။
အင်း....... အချစ်က ကုပေးလိုက်တာ လို့ ပြန်ပြောချင်သော်လည်း

" ငါ ဆေးလိမ်းလာလို့ပါ "

" အော်..... ငါတို့နှစ်ယောက်ကတော့ ဒဏ်ရာကလည်း နာ နားလည်း ပူလာခဲ့တယ်ကွာ "

ဇီဝကမ္ဘာ (Completed) Donde viven las historias. Descúbrelo ahora