Unicode
ညက အိပ်တာနောက်ကျသည်မို့ စိုးစံ နိုးလာတော့
ခေါင်းထဲ သိပ်မကြည် ။ မျက်နှာသစ် သွားတိုက်လို့ အောက်ထပ်ဆင်းကာ မနက်စာ စားတော့ တီတီက စကားစလာသည်။" သား အမကို သွားကြိုဖို့ ပြင်ထားတော့နော် ကားက ၁၀ နာရီ ရောက်မှာ အခုတောင် ၈နာရီ ခွဲနေပြီ "
" ဟုတ် တီတီ "
မနက်စာစားပြီး အခန်းထဲပြန်လာကာ အမေ့ကိုသွားကြိုဖို့ ပြင်ရသည်။ ခါတိုင်းလိုပါပဲ အပြာရောင် တီရှပ်လက်တိုလေးကို အပြာရောင် အစိပ်ကျဲအကွက်ပါသော ပုဆိုးဖြင့် တွဲဝတ်လိုက်သည်။
တစ်အိမ်လုံး သွားကြိုမှာမို့ အိမ်ကိုတံခါးသော့ခတ်နေကြသည် ။
ကားတံခါးပါ ပိတ်ရအုံးမှာမို့ စိုးစံ ခြံပြင်ထွက်လိုက်တော့" ဟင်..... ဓာတ်တိုင် "
" မောင် "
အမလေး....... ဘယ်နေရာမှာ မောင် လို့ လာခေါ်နေတာလဲ ဓာတ်တိုင်ကောင်ရဲ့ ။
ငါနော်...... မနေ့က ခေါက်တာ လက်စမပျင်းလို့ ထပ်အခေါက်ခံချင်နေတာလား...။
ဘာကြောင့်မှန်းတော့ မသိပေမဲ့ အိပ်ရေးမဝလို့ မကြည်သည့်စိတ်သည် အခု ဓာတ်တိုင်ကိုမြင်လိုက်တော့ ကြည်သွားသလိုပင်.....။" သား ဘယ်သူလဲ "
စိုးစံ အနားကို ရောက်လာသော တီတီက မေးလေသည်။ အော်....အင်းပေါ့ အကုန်လုံးကားပေါ်ရောက်နေပြီ စိုးစံက အခုထိ ခြံတံခါးနားမှာကိုး ။
တံခါးကိုကြည့်လိုက်တော့လည်း သော့ကခတ်ပြီးပြီ ဘယ်တုန်းကလဲဟ.....။" တွေ့ရတာ ဝမ်းသာပါတယ် တီတီ ကျွန်တော်က
စိုးစံရဲ့ စီနီယာပါ "" အော် ဟုတ်လား ဘာကိစ္စရှိလို့လဲကွယ့်"
စိုးစံလည်း ဓာတ်တိုင်ကို ကြည့်လိုက်သည် ။
စိုးစံသိချင်နေသော မေးခွန်းကို မေးလိုက်သည်မို့ ။ စိုးစံ လေမကုန်ရတော့ပါ.....။" ကမ္ဘာစိုးစံ သူ့အမေကို သွားကြိုဖို့မလားဗျ ကျွန်တော်လည်း အတူတူလိုက်ချင်လို့ပါဗျ "
အမယ်..... ယဥ်ကျေးနေတာ ။ တဗျဗျနဲ့ ဟွန့်.... ။
တမောင်မောင်ပြီးလို့ အခု တဗျဗျ.....။
![](https://img.wattpad.com/cover/280489870-288-k511102.jpg)
YOU ARE READING
ဇီဝကမ္ဘာ (Completed)