" Zhan ခါးကို ဂရုစိုက် "
ယုန်လေး ရချင်လှပါသည်ဆိုလို့ YiBo ဝယ်ပေးလာသည့် ယုန်ကလေးနှစ်ကောင်ကို လှောင်အိမ်နဲ့ မွန်းကျပ်သည်ဆိုပြီး အပြင်ထုတ်ပေးထားသည့် ကလေးငယ်က သူ့ယုန်တွေနောက် ပြေးလိုက်နေသည်မို့ YiBo သတိလှမ်းပေးရသေးသည် ။
ကိုယ်ဝန်သည်မျောက်လောင်း ။
ဟွန်း !မပြောချင်ပေမယ့် ပြောမိပြန်ပြီ ။ဗိုက်ထဲက ကလေးတွေက အတော်အဆော့သန်မည်ထင်ရသည် ။
ခုကထဲက Zhanက ထိန်းမနိုင်သိမ်းမရ တအားဆော့နေတော့သည် ။ခုလည်း ကြည့် !
အပင်ပေါ် ကုတ်တက်နေပြန်ပြီ ။" Zhan BaoBao ဘာလို့ တက်နေတာလဲ ပြန်ဆင်းခဲ့ လာ "
" သရက်သီးစားချင်လို့ "
" လာ ကိုကို ခူးပေးမယ် "
စူပွပွနဲ့ ပြန်ဆင်းလာသည့် ကလေးက ဗျစ်တောက်ဗျစ်တောက်နဲ့မို့ YiBo ဘောင်းဘီရှည်ကို ချွတ်ကာ Boxerအနက်နဲ့ဘဲ သစ်ကိုင်းပေါ် ရောက်အောင် ခွတက်လိုက်ရတော့သည် ။
" ကိုကို ဘယ်ဘက်ကိုင်းက နှစ်လုံးခူးပေးနော် ညာဘက်မှာလည်း အကြီးကြီးဘဲ "
အောက်ကနေ လက်ညိုးလေး တထိုးထိုးနဲ့ အော်နေသည့် ဗိုက်ပေါက်စကြောင့် YiBo ခါချဉ်တွေတောင် မမှုအား ။
သူပြောသည့် အလုံးတွေ ခူးပြီး ပစ်ချပေးလိုက်တော့ ဝမ်းသာအားရနဲ့ ပြေးကောက်လေသည် ။
" ရေဆေးပြီးမှ စား အများကြီးမစားနဲ့ မနေ့ကလဲ ငရုတ်သီးတွေ ထမင်းပေါ် ဖြူးစားနေတာနော် မွေးလာတဲ့ကလေးက ကတုံးဖြစ်နေမယ် "
" ဟုတ် "
သရက်သီး ကိုင်ပြီး ပြေးသွားတဲ့ ကလေးစုတ်လေးကို လှမ်းကြည့်ရင်း YiBo ပေါင်ခြံကို ကိုက်နေတဲ့ ခါချဉ်တွေကို ဖယ်ရတော့သည် ။ပြီးမှ အိမ်ထဲ လိုက်ဝင်ခဲ့တော့ ထမင်းစားခန်းထဲကနေ ရယ်သံတွေ ထွက်နေတာမို့ YiBo ချောင်းကြည့်လိုက်မိသည် ။
ဟင်းချက်နေသည့် မားကို နောက်ကနေ ဖက်ကာ ချွဲနေသည့် ဗိုက်က ရယ်လို့မောလို့ ။
မားက သရက်သီးလေးတွေကို စိတ်ပေးပြီး တို့စရာအမှုန့်လုပ်ပေးတော့ တစ်ဖက်က သရက်သီးပန်းကန်ကို ကိုင်ကာ တစ်ဖက်က ဗိုက်ကိုပွတ်ရင်း ထွက်လာတဲ့ အဆိုးလေး ။
YOU ARE READING
Stealing A BrideGroom [သတို့သားအား ခိုးယူခြင်း][COMPLETED]
Randomလက်ထပ်ခါနီးဖြစ်တဲ့ သတို့သား WangYiBoဟာ ရုတ်တရက် ခိုးယူခံလိုက်ရတဲ့အခါ...... ZawGyi+UniCode>>> YiZhan Rated-Mဖြစ်ပါတယ် 20++🚨🚨🚨ဖြစ်ပါတယ် marriage ဖြစ်သလို Mpregလဲ ပါပါမယ် ကဲ...... နှုတ်ဆက်ကြရအောင် Hello ~~~