SAB - 14

4K 277 30
                                    

Saturday…

Zhan Zhan ဒီနေ့ ကျောင်းပိတ်သည်မို့ အိပ်ယာထဲက မထဘဲ အပျင်းတစ်နေခဲ့သည် ။

တွင်းထဲက ထွက်လာတဲ့ယုန်ကလေးလို ပုံ့ပုံ့လေး ထထိုင်ရင်း ကြောင်ကလေးလိုပါ အပျင်းပြေ အညောင်းဆန့်လိုက်သေးသည် ။

" ဝါးးးး အိပ်လို့ကောင်းလိုက်တာ "

သူ ဘေးကို ကြည့်လိုက်တော့ ကိုကိုက မရှိတော့ ။
ဘယ်ရောက်သွားတာလဲ ။

ထိုအခိုက် အခန်းဝမှ ခြေသံ တဖျတ်ဖျတ်ကြောင့် သူ ပြုံးမိသွားသည် ။

" ကိုကို "

ကျွီခနဲ တံခါးပွင့်သံနှင့်အတူ ဆံပင်ကို လှန်တင်ထားသော ကိုကို့မျက်နှာက မျက်ဝန်းထဲ ဝင်ရောက်လာလေသည် ။
အပြာရင့်ရောင် တီရှပ်နဲ့ ကိုကိုက တကယ်ကို ဆွဲဆောင်မှုအပြည့် ။

[ Head & Shoulders ကြော်ညာထဲက ပုံကို မြင်ယောင်ကြည့်နော် ဒီပုံဘဲ တွေ့လို့ ဒါဘဲ ထည့်လိုက်ရတယ် ရှေ့တည့်တည့်ကနေ ရိုက်ထားတာ ရှိသေးတယ် ရှာမတွေ့တော့လို့ ]

[ Head & Shoulders ကြော်ညာထဲက ပုံကို မြင်ယောင်ကြည့်နော် ဒီပုံဘဲ တွေ့လို့ ဒါဘဲ ထည့်လိုက်ရတယ် ရှေ့တည့်တည့်ကနေ ရိုက်ထားတာ ရှိသေးတယ် ရှာမတွေ့တော့လို့ ]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" ကျန့်ကျန့် နိုးပြီလား လာ ကိုကို နံနက်စာစားဖို့ လာခေါ်တာ လာ မျက်နှာသစ်ပေးမယ်  "

Zhan Zhan လှစ်ခနဲ ကြိတ်ပြုံးလိုက်ပြီး မျက်ဝန်းလေးတွေ လခြမ်းလေးလိုဖြစ်သွားအောင် ရယ်ပြရင်း
" ကိုကို ဒီကိုလာ ကလေးလေးကို လာချီလှည့် "

Yibo ရုတ်တရက် အံ့သြမှင်တက်သွားရပြီး ကုတင်ဘေး အပြေးလာကာ ဒူးထောက်ချလိုက်သည် ။

" တက် ကိုကို ပိုးသွားမယ် "

အကြံအောင်သွားသည့် ယုန်ကလေးကတော့ ပျော်ပျော်ကြီးကို ကျောပြင်ကျယ်ကြီးပေါ် တက်လိုက်ရင်း လည်ပင်းကို လက်လေးတွေနှင့် ရစ်သိုင်းလိုက်လေတော့သည် ။

Stealing A BrideGroom [သတို့သားအား ခိုးယူခြင်း][COMPLETED]Where stories live. Discover now