Xiao Zhan ဗိုက်ထဲက ထိုးတက်လာသည့် နာကျင်မှုကြောင့် မျက်ခုံးတို့ကို တွန့်ကွေးကာ အသာအုပ်ကိုင်ထားမိသည် ။
" အ! "
YiBo ရင်ခွင်ထဲက အသံလေးကြောင့် ချက်ချင်းမျက်လုံးတို့ကို ဖွင့်ကာ ချစ်ရသူလေးကို ကြည့်လိုက်သည် ။
" Zhan ဘာဖြစ်တာလဲ ဗိုက်နာလို့လား "
" Bo Ge ဟင့် နာ နာတယ် တစ်မျိုးကြီးဘဲ "
နှုတ်ခမ်းကိုကိုက်ထားကာ ငိုမဲ့မဲ့လေးဖြစ်နေသည်မို့ YiBo အိပ်နေရာကနေ ချက်ချင်းထကာ ကောင်လေးကို ပွေ့ချီလိုက်တော့ လက်ဖျံပေါ် စီးကျလာသည့် ခပ်နွေးနွေးအရည်တွေ ။" ရေမြွာပေါက်သွားပြီထင်တယ် "
YiBo ရေရွတ်ရင်း ကလေးကိုပွေ့ကာ အောက်ထပ်ကို ဒုန်းစိုင်းဆင်းလာမိသည် ။မွေးခါနီး ဖွားခါနီးမို့ မားနဲ့ပါးက အိမ်မှာလာစောင့်ကူပေးနေသည်မို့ YiBo အော်ခေါ်လိုက်မိသည် ။
" မားး ပါးးး ကျန့်ကျန့် မွေးတော့မယ်ထင်တယ် ဆေးရုံသွားရအောင် "
" ဟေ လာပြီ သားရေ "
ပါးအော်သံနှင့်အတူ ကလေးပစ္စည်းတွေ ထည့်ထားသည့် luggageတွေ ဆွဲကာ ပြေးထွက်လာသည့် မားက ညအိပ်ဝတ်စုံကြီးနှင့် ။" Zhan သား မားရှိတယ်နော် အားတင်းထား "
ညည်းညူနေသည့် သားမက်လေးလက်ကို ထွေးဆုပ်ကာ အားပေးနေသည့်မားက မျက်ရည်တို့ ဝဲလျက် ။" Bo Ge ဆေးရုံကားက ရောက်တော့မလား "
" ရောက်တော့မှာ Zhan ခဏလေး အောင့်ထားနော် "
ခဏအကြာ ဆေးရုံကားရောက်လာတော့ YiBo ကလေးကို ပွေ့ချီထားရင်း လိုက်တက်သွားလိုက်သည် ။
ပါးရောမားပါ သားအမိသားအဖလေးယောက်လုံး ညအိပ်ဝတ်စုံတွေနှင့် ဖိနပ်ပင်မပါ ဖရိုဖရဲ ။ကားပေါ်မှာ တစ်ချိန်လုံး ငြီးတွားနေသည့် ကောင်လေးကို YiBoထွေးဖက်ရင်း ချော့မော့နှစ်သိမ့်နေရသည် ။
ဆေးရုံရောက်တော့ ဆရာဝန်တွေက Zhanကို ကုတင်လေးပေါ်တင်ကာ အခန်းထဲ တွန်းဝင်သွားတော့ YiBoခမျာ နံရံကိုမှီရင်း အရုပ်ကြိုးပြတ်ကျန်ရစ်ခဲ့သည် ။
" မား သူ အရမ်းနာကျင်ရရှာမှာနော် "
မျက်ရည်တွေ ရစ်ဝဲပြီး ပြောလာသည့် သားဖြစ်သူကို ဝမ်မား မျက်စောင်းထိုးပစ်လိုက်သည် ။
YOU ARE READING
Stealing A BrideGroom [သတို့သားအား ခိုးယူခြင်း][COMPLETED]
Randomလက်ထပ်ခါနီးဖြစ်တဲ့ သတို့သား WangYiBoဟာ ရုတ်တရက် ခိုးယူခံလိုက်ရတဲ့အခါ...... ZawGyi+UniCode>>> YiZhan Rated-Mဖြစ်ပါတယ် 20++🚨🚨🚨ဖြစ်ပါတယ် marriage ဖြစ်သလို Mpregလဲ ပါပါမယ် ကဲ...... နှုတ်ဆက်ကြရအောင် Hello ~~~