SAB - 18 🚨🔞🚨

6.2K 315 21
                                    


" YiBoရေ ပြင်ဆင်တော့လေကွယ် ဘာလို့ ကျောက်ရုပ်ကြီးလို ထိုင်ပြီး ငိုင်နေရတာလဲ "

ဝမ်မာမားက ပြုံးကြည့်ရင်း ပြောလာတော့ YiBo ဗလာမျက်ဝန်းတွေနှင့် မားကို ငေးကြည့်နေမိသည် ။

" မား! … "

ကလေးတစ်ယောက်လို မာမားကို ပြေးဖက်ကာ ငိုယိုရင်း ဒီအရုပ်မရချင်ဘူး ဟိုအရုပ်လေးနဲ့လဲပေးပါ ဆိုတာမျိုး တောင်းဆိုရအောင်ကလည်း သူ ကလေးမဟုတ်တော့ ။

ရင်ဘတ်ထဲက ဆို့နင့်မှုတွေက တနင့်တပိုး ။

အဝတ်တွေ သားဖြစ်သူလက်ထဲ ထိုးသိပ်ထည့်ပြီး လှည့်ထွက်လာသည့် ဝမ်မားမားတစ်ယောက် လက်သီးဆုပ်ကာ ပြုံးလိုက်ရင်း
" Yes! "

#

Wedding ~

" သမီးလေး မာမားတို့ လုပ်စရာရှိတာ လုပ်ပြီးပြီ
သမီးလုပ်ရမယ့်ဟာဘဲ ကျန်တော့တာ "

ဝမ်မားကို မိန်မိန်း ရယ်လျက် ပြန်ပြောလိုက်သည် ။
" မား နင်စိတ်ချ ငါ ကားလဲ ခေါ်ထားပြီးပြီ ခဏနေ YiBoလာရင် ကျန့်ကျန့်လေးလက်ထဲ ထည့်ပေးလိုက်ရုံဘဲ "

အနားကပ်ကာ တီးတိုးပြောရင်း ပြုံးရယ်နေသည့် ဇနီးလောင်းနှင့် မိခင်ဖြစ်သူကို ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေသည့် YiBo စိတ်ညစ်ညူးသွားသည် ။

မားးး ! နင် ခဏလောက် ချွေးမလောင်းနဲ့ ရန်ဖြစ်လိုက်ပါလား ဘာဖြစ်လို့ အရမ်းတွေ တည့်နေရတာလဲ ။
သူများယောက္ခမတွေလို ရန်ဖြစ်ရင်း ပွဲပျက်သွားရင် အေး……

ဟင်!
ငါ ဘာတွေ တွေးနေတာတုန်း ။
မိန်မိန်းကို အားနာဖို့ ကောင်းလိုက်တာ ။

မင်္ဂလာတစ်ခုလုံး ပြုံးပန်းတွေ ဝေနေသော်လည်း
မချိနေသည့် ရင်တွင်းခံစားချက်တွေကို ဖုံးကာ ဟန်ဆောင်ပြုံးကြီး ကြိတ်ပြုံးနေရသည့်သူက သတို့သားလောင်း ဝမ်ရိပေါ်သာလျှင် ။

ဝမ်ပါး ဝမ်မား မိန်မိန်းတို့ကလည်း သူတို့အကြံနှင့် သူတို့ ကြိတ်ပြုံးနေကြသည် ။

သူ့လက်မောင်းကို မိန်မိန်းအား လက်ချိတ်စေပြီးနောက် လှည့်လည် ဧည့်ခံနေရသော်လည်း မျက်ဝန်းတို့က တစ်ဦးတစ်ယောက်၏ အရိပ်အယောင်ကို မျှော်နေမိသည် ။

Stealing A BrideGroom [သတို့သားအား ခိုးယူခြင်း][COMPLETED]Where stories live. Discover now