[ Mediaက သီချင်းလေးရော ဖွင့်ရင်းဖတ်ကြည့်ပါ ။]
ညနေ ၄နာရီ ။
ရှောင်းကျန့် ကိုကိုပြန်လာရာ လမ်းဆီ မျှော်ငေးရင်း ငိုနေမိသည် ။
ခုထိ ကျဲကျဲနဲ့တူတူ ရှိနေတုန်းဘဲလား ။
ထိန်းချုပ်မရအောင် တွေးနိုင်လွန်းသော စိတ်တို့ကြောင့် ထပ်မတွေးနိုင်အောင် ကိုယ့်ခေါင်းကိုယ် ထုနှက်လိုက်မိပေမယ့် အတွေးတွေက မရပ်တန့်နိုင် ။
ပြန်လာပါတော့ ကိုကိုရယ် ။
မကြာခင် ဆိုငကယ်ရပ်သံ ကြားလိုက်ရပြီး တံခါးဖွင့်ဝင်လာသံ ကြားရသည်မို့ သူ အလုံးကြီး ကျသွားသည် ။
ဆိုင်ကယ်သော့ကို လက်နဲ့လှည့်ရင်း ဝင်လာသည့်ကိုကို့ကို သူ ပြုံးပြမိလိုက်သော်လည်း အပြုံးတို့က တစ်ဝက်မှာတင် ရပ်တန့်သွားခဲ့ရသည် ။
ကိုကို့နောက်မှ ကပ်ပါလာသော ကျဲကျဲမိန်မိန်း ။ခပ်ဖျော့ဖျော့ ပြုံးပြလာသော သူမကို ရှောင်းကျန့် စိတ်တွေ ရှုပ်ထွေးနောက်ကျိလာတာကြောင့် ပြန်မပြုံးပြမိ ။
မိန်မိန်းကတော့ စိတ်ထဲကနေ ကြိတ်ပျော်နေမိသည် ။
ကြည့်ပါဦး ။ မာမားသားလေးက ရှလကာရည်နံ့လေးကို သင်းနေရောဘဲ ။
မပူနဲ့ ။ မာမားက ကျန့်ကျန့်လေးနဲ့ကျန့်ကျန့်ကောင်လေးကို အရောက်ပို့ပေးဦးမှာ ။" Zhanလေး ကိုကို ခဏနေ မာမားတို့ဆီ သွားမလို့ တူတူလိုက်ခဲ့နော် "
ကိုကို့စကားကို ခေါင်းတစ်ချက်သာ ငြိတ်ပြရင်း ကျန့်ကျန့် ရေမိုးချိုးပြင်ဆင်ရန် ထွက်လာခဲ့သည် ။
YiBo အိပ်ခန်းထဲ ဝင်လာတော့ မြင်လိုက်ရသည်က အဝတ်တွေကို စိတ်မပါလက်မပါ ချွတ်နေသော ရှောင်းကျန့်ရယ်ပါ ။
အပေါ်ပိုင်း ချွတ်ပြီးပြီမို့ ဖွေးနုနေသည့် လည်ပင်းလေးတွေ ညှပ်ရိုးထင်းထင်းလေးတွေ ပါးချပ်ချပ် ဗိုက်သားပြင်လေးရယ် ရင်ဘတ်ပေါ်က နီညိုရင့်ရောင် အဟုအဟုလေးတွေရယ် ။
ဂလု …… မဖြစ်တော့ဘူး ။
ဒီလိုသာ ဆက်နေနေရင် ဘယ်နေ့ တက်ခွမိမယ်မသိ ။
အချိန်တွေ မလွန်ခင် ကိုယ့်စိတ်ကို မနည်းနိုင်အောင် ထိန်းနေရသည် ။
YOU ARE READING
Stealing A BrideGroom [သတို့သားအား ခိုးယူခြင်း][COMPLETED]
De Todoလက်ထပ်ခါနီးဖြစ်တဲ့ သတို့သား WangYiBoဟာ ရုတ်တရက် ခိုးယူခံလိုက်ရတဲ့အခါ...... ZawGyi+UniCode>>> YiZhan Rated-Mဖြစ်ပါတယ် 20++🚨🚨🚨ဖြစ်ပါတယ် marriage ဖြစ်သလို Mpregလဲ ပါပါမယ် ကဲ...... နှုတ်ဆက်ကြရအောင် Hello ~~~