SAB - 9

10.1K 697 50
                                    

(သတို့သားအား ခိုးယူခြင်း အပိုင်း - ၉ )

မိုး​စက်​​လေးများက တဖွဲဖွဲ ။

လမ်းမထက်​မှာ အများသူငါ ထီး​ရောင်​စုံ​တွေနဲ့
ဖြတ်​သန်းသွားလာ​နေသည်​ကို သူ လိုက်​ကြည့်​​နေမိသည်​ ။

စုံတွဲ​လေး​တွေ ထီးတစ်​​ချောင်းထဲ ​ဆောင်းပြီးသွား​နေသည်​ကလဲ အများသား ။

သူ လိုက်​ကြည့်​​နေရင်း ​တွေးမိသည်​ ။
က​တောက်​စ်​ ။ သူတို့က ထီးမဝယ်​နိုင်​ဘူးလား ။
တစ်​​ယောက်​ တစ်​​ချောင်း​ ဆောင်းလဲရသားနဲ့
ခေါက်​ထီး​လေးမလုံ့တလုံ့ လုပ်​နေ​သေး ။

ထီ​ပေါက်​လို့က​တော့ shopping mall​ရှေ့က​နေ ထီးတစ်​​ချောင်း နှစ်​​ယောက်​​ဆောင်း​နေတဲ့ သူ​တွေကို
ထီး အလကား​ဝေပစ်​မယ်​ ။
ရှောင်းကျန့်​ တို့က ​သ​ဘော​ကောင်းတယ်​ ။

ရှောင်းကျန့်​  အဖြူ​ရောင်​ hoodieက ​ဦးထုပ်​​လေးကို ​ဆောင်းလိုက်​ပြီး မိုးဖွဲဖွဲ​လေးထဲ ဆက်​​လျှောက်​လာခဲ့သည်​ ။
မြေသင်းနံ့ ၊ မိုး​ရေနံ့တို့ ပျံ့ပျံ့​လေး လွှမ်း​နေသည့်
လမ်းမကြီးတစ်​​​လျှောက်​ ​ဖြတ်​သန်းလာရင်း လက်​ဖဝါး​သေး​သေး​လေးကို ဖြန့်​လိုက်​ပြီး မိုးစက်​​လေး​တွေကို ခံယူမိသည်​ ။

သူ အတိတ်​​နေ့ရက်​​တွေဆီ ပြန်​သွားချင်​မိသည်​​ ။
ဒီလိုမိုးရက်​​တွေဆို ရိ​ပေါ်က ​ရှောင်းကျန့်​ကို ​ကျောပိုးပြီး မိုး​ရေ​တွေကြားထဲ လိုက်​​ပြေးရင်း ​ဆော့ကစားခဲ့ကြသည်​​လေ ။
မိုး​ရေေ​တွ ဘယ်​​လောက်​​အေး​အေး ၊
ကျောပြင်​​ကျယ်​ကြီးက​တော့ သူ့ကိုယ်​လုံး​လေးကို
အ​နွေးဓာတ်​​လေး​ပေးဖို့ လုံ​လောက်​ခဲ့တာဘဲ ။

ကျောပြင်​ကျယ်​ကြီး​ပေါ် ကုတ်​တက်​ကာ လည်​ပင်းကို သိုင်းဖက်​ထားရင်း လည်​ဂုတ်နွေး​နွေးကို တိတ်​တခိုး ခိုးနမ်း​လေ့ရှိသည်​မှာ ကြာခဲ့ပြီ ။
ကိုကို့ လည်​ဂုတ်​​လေး​ပေါ်က မှည့်​နက်​​လေးကို
ခိုးနမ်းလိုက်​တိုင်း သူ ပြုံးမိ​သေးသည်​ ။

မိုး​နေ့ရက်​များကြား " ဝမ်​ရိ​ပေါ် ဆိုတဲ့လူသားဟာ
သူ့အပိုင်​ပါ " လို့ ​ရှောင်းကျန့်​ ခံယူခဲ့မိ​သေးသည်​ ။

Stealing A BrideGroom [သတို့သားအား ခိုးယူခြင်း][COMPLETED]Where stories live. Discover now