[ နောင်တတို့၏ အလွန် ]
… Crazy in luv …
ကားမှန်တစ်ဖက်ခြားက မြို့ပြကို ငူငူငိုင်ငိုင်ထိုင်ကြည့်နေမိတော့ အရာရာဟာ ကြွယွလှုပ်ရှား သက်ဝင်လှပလို့ ။ ဖျက်ခနဲ့ ပျောက်ကွယ်သွားတဲ့ မြင်ကွင်းအဆုံး လတ်ခနဲ့တိုးဝင်လာတဲ့ မြင်ကွင်းအသစ်တွေ ။
ကားအရှိန်ဟာ ခပ်ပြင်းပြင်းတော့မဟုတ် ။ ဒီတိုင်း ကိုယ့်မျက်လုံးတွေကပဲ အရာအားလုံးကို ကြည့်နိုင်စွမ်းရှိဖို့ အားနည်းလွန်းနေတာ ။
" Haein ကော ? မတွေ့မိပါလား "
ကားရှေ့ခန်းက အတွင်းရေးမှူးကို လှမ်းမေးတော့ နောက်ကြည့်မှန်မှာ မြင်ရတဲ့ သူမမျက်နှာက ပြောစရာစကားလုံးများအား ပြောသင့်မပြောသင့် စဉ်းစားနေပုံ ။ စိတ်တွေလည်း လောမနေနိုင်တာမို့ သက်ပြင်းတစ်ချက်ချလို့ ခေါင်းငုံ့လိုက်မိတယ် ။
အနက်ရောင်တောက်ပသော Hanbok ထက်တွင် ချည်ထိုးထားသည် ဂန္ဓာပန်းများသည်ကအစ ကျက်သရေမရှိ ။ ကိုယ့်မှာ မိဘနှစ်ပါးပဲရှိလေသည်ကို တစ်နှစ်အတွင်း နှစ်ခါပြန်ဝတ်ရလောက်အောင် ကံကြမ္မာက ရက်စက်သည် ။
ဖေဖေ့ ဈာပန ၃ ရက်အတွင်း တစ်ခါတောင် ကြွရောက်မလာတဲ့ Haein ဟာတော့ဖြင့် တကယ့် အဆိုးလေး ။
" တကယ်တော့ ဒုဥက္ကဌထွက်သွားတဲ့နေ့ကတည်းက မမလေး Heain အိမ်ပြန်မလာတာပါ "
" ဘ . . . ဘယ်လို ! ? "
ပူလောင်နေခဲ့တဲ့ ရင်အစုံက မီးဖွားတွေတောင် လွင့်စင်လာသလိုပဲ ။ အထက်တန်းကျောင်းသူလေးတစ်ယောက်က အိမ်ကိုပြန်မလာဘူးဆိုတာ ဘယ်လောက်တောင် အန္တာရာယ်များလိုက်တဲ့ အလုပ်လဲ ။
" အဲ့ဒီတော့ လိုက်မရှာကြဘူးလား ! "
" ဒုဥက္ကဌ စိတ်ပူစရာမလိုပါဘူး . . မမလေး Haein က အိမ်ကိုပဲပြန်မလာတာပါ ပျောက်နေတာမျိုးမဟုတ်တာမို့ စိတ်အေးအေးထားပါ "
အတွင်းရေးမှူးရဲ့ ပြောစကားတွေကို အကုန်လုံးသေချာနားမလည်နိုင်ပေမယ့် အတက်နိုင်ဆုံးစိတ်ကိုလျော့လို့ ကားမှန်တစ်ဖက်ဆီ အကြည့်တို့ ပြန်ပို့မိတယ် ။ မကြာလိုက်တဲ့ အချိန်အတွင်းမှာပဲ ကြီးမားကျယ်ပြန့်လှသော ခြံဝန်းအတွင်း ဝင်ရောက်ရပ်တန့်လိုက်သော ကားငယ် ။
YOU ARE READING
Crazy In Luv
Fanfictionဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် [ Uni ] ဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် 🔞🚨