ep ... (15)

3.1K 367 20
                                    



                   [ စိုးရိမ်ခြင်းရဲ့ အစ ]

                 … Crazy in love …



  အချိန်က နေဝင်ဖို့ အနည်းငယ်လိုသေးသည့် ဆည်းဆာပျိုးစ ။

  နှင်းတွေက ထူထူထဲထဲကိုကျဆင်းနေတာမို့ ကိုယ်ကားကို ကရုတစိုက်ပဲမောင်းနေရတယ် ။  ဖြတ်ခနဲ့ ပြောင်းလဲသွားတဲ့ အနီရောင်အလင်းမှာ ကားကိုဖြေးညှင်းစွာရပ်လိုက်ပေမယ့် အနည်းငယ်လှုပ်ခါသွားရောထင့် ။ နံဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တဲ့ Haein က နိုးလာတယ် ။


   " နိုးသွားလား ! .  . Sorry  ထပ်အိပ်လိုက်ဦး "


  ပျော့ပျောင်းနူးညံ့လွန်းတဲ့ ဆံနွယ်တွေကိုပွတ်သပ်ပေးတော့ Haein က ခေါင်းကိုရမ်းခါရင်း ပြုံးပြလာတယ် ။ Haein မှာ သူ့မေမေဆီက အမွေရထားတဲ့ နို့နှစ်ရောင် အသားအရေအပြင် နက်မှောင်တောက်ပလွန်းတဲ့ ဆံနွယ်တွေက ခါးသွယ်သွယ်အထိ ရှည်လျားစွာ ။

  မှိုင်းပြနက်ဝှမ်းတဲ့ မျက်ဝန်းတစ်စုံနှင့် နီထွေးစုရဲနေတက်သည့် ပါးလျလျနှုတ်ခမ်းတစ်စုံဟာတော့ သူ့ဖေဖေဆီက အမွေရသည်များလား ။ တစ်ခါတစ်ခါတော့ဖြင့် Haein ဖေဖေအကြောင်း ကိုယ်သိပ်သိချင်တယ် ။

  ဘယ်လိုအကျင်စရိုက်ရှိတဲ့ လူသားနှစ်ယောက်ကမွေးဖွားလာတာမို့  Haein ဟာ ဒီလောက်လှပပြီး ဒီလောက်လိမ္မာရတာလဲလို့ ။ ဒါမှမဟုတ် နှာတန်သွယ်သွယ်ထက်က မှဲ့ရေးရေးလေးလိုမျိုး ဘယ်သူ့ဆီက အမွေမှမဟုတ်တဲ့ ပင်ကိုယ်ကောင်းမှုလေလား ။


   " ဟင့်အင်း .  . Haein ဘာသာနိုးလာတာပါ ထပ်မအိပ်ချင်တော့ဘူး "

  အမေရိကကို မပိုတော့ပဲ ဒီမှာကျောင်းဆက်တက်ဖြစ်တော့ မေမေဆုံးပြီးကတည်းက Haein ရဲ့ ကျောင်းအကြိုအပို့ကို ကိုယ်တိုင်ပဲ တာဝန်ယူခဲ့တာ ။ ကိုယ့်မှာ အရာအားလုံးပုံအောပြီး ချစ်ပေးစရာမိသားစုဝင်ဆိုလို့ Haein ပဲ ကျန်ခဲ့တာမဟုတ်လား ။ မေမေ့တုန်းကလိုမျိုး နောင်တတွေ ကိုယ်တကယ်မရချင်တော့လို့ ။

  ဖေဖေ့အတွက်ကတော့ ကိုယ်ဟာ ကုမ္ပဏီအလုပ်တွေ ဝိုင်းဝန်းကူညီပေးရမယ့် စက်ရုပ်သာသာ သာ ။ ကိုယ်က အလုပ်ကိုကောင်းကောင်းလုပ်ပြီး အောင်မြင်မှုတွေ ရယူပေးနိုင်သ၍တော့ ကျေးဇူးသိတက်တဲ့ သမီးအလိမ္မာလေး ဖြစ်နေမှာပါပဲ ။

Crazy In Luv Where stories live. Discover now