[ ဒုတိယအကြိမ် ရိုင်းစိုင်းခြင်း ]
… Crazy in luv …
" အရိုးနဲနဲအက်သွားတယ် ဘယ်လိုဖြစ်ရတာလဲ young ရယ် နှစ်ပတ်လောက်တော့နားရမယ် "
" ဘယ်လို ? နှစ်ပတ်တောင်နားရမှာလား ! "
" ဘာလဲ . . . နားလို့မဖြစ်ပြန်ဘူးလား အလုပ်တွေက ရှုပ်နေပြန်တာလား "
ခြေထောက်ကို ပတ်တီးစည်းပေးရင်း ဘုဆက်ဆက်ပြောလာတဲ့ Chanyeol ကို ကိုယ်လည်း ဘုဆက်ဆက်ပဲပြန်ကြည့်မိတယ် ။ အင်းပေါ့လေ သူ့လို အေးရာအေးကြောင်းပဲကြံနေတက်တဲ့ ဆရာဝန်တစ်ယောက်ကတော့ ကိုယ့်ရဲ့တောင်လိုပုံနေတဲ့အလုပ်တွေကို ဘယ်နားလည်နိုင်ပါ့မလဲ ။
" နှစ်ပတ်တော့မဖြစ်ဘူး တစ်ပတ်ပဲနားမယ် "
" Young ! ! "
ကုတင်ပေါ်ကဆင်းလို့ ညာခြေကိုအားပြုရင်း မက်မက်ထရပ်လိုက်တယ် ။ Park Chanyeol ထံကိုတော့ဖြင့် ကိုယ့်ကိုအော်ရမလားဆိုတဲ့ အတွေးနဲ့ ဂျိုကြည့်သာကြည့်ပစ်လိုက်တယ် ။ တောင်းပန်ရင်တောင် ခွင့်လွှတ်နိုင်စရာမရှိတဲ့လူက တကယ်တည်း ဘယ်သူ့ကို လာအော်နေတာပါလိမ့် ။
" စိုးရိမ်သလို လာအော်မနေစမ်းပါနဲ့ နင့်အကောင် နင်သာ ကရုစိုက်စမ်းပါ "
" ငါ့အကောင်ကို ငါကကောင်းကောင်းကရုစိုက်နေတာမို့ နင်လည်း နင့်ကိုနင် ကရုစိုက်စမ်းပါ အချိန်ပြည့် အလုပ် အလုပ် ဆိုတာတွေချည်းပဲ နင့်ခေါင်းထဲထည့်မနေနဲ့ . . . ချစ်တဲ့သူကိုလည်း ရှာဖွေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နေစမ်းပါ young ရယ် "
အချစ် . . . အချစ် . . . အချစ် ။ လူတွေများ တကယ်ခတ်တာပဲ ။ ကိုယ့်ဘဝကို ကောင်းကောင်းမဖြတ်သန်းပဲ အချစ်ကပဲ အနှိုင်းမဲ့ပျော်ရွှင်စေပါတယ်ဆိုပြီး ဘာမှမတည်မြဲတဲ့အချစ်ကို အရူးလိုကိုးကွယ်နေကြသေးတယ် ။ Haein ကအစ Chanyeol အဆုံးပဲ ။
တကယ်ဆိုရင် Park Chanyeol ဆိုတာ ကိုယ်နဲ့ဟိုးငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးခဲ့ပြီး အရွယ်ရောက်လာတဲ့အခါမှာလည်း မိဘတွေရဲ့စေ့စပ်ကြောင်းလမ်းခြင်းကို ခံရတဲ့ လူငယ်နှစ်ယောက် ။ ငြင်းပယ်လောက်စရာမရှိတဲ့ ပြည့်စုံခြင်းတွေနဲ့အတူ တစ်ယောက်ကို တစ်ယောက်လည်း သဘောကျခဲ့ကြပြီးသား ။ သေချာပါတယ် ထိုအရာက လူတွေကိုးကွယ်နေကြတဲ့ အချစ်ဆိုတဲ့အရာတော့မဟုတ်ဘူးပေါ့ ။
YOU ARE READING
Crazy In Luv
Fanfictionဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် [ Uni ] ဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် 🔞🚨