[ လျှို့ဝှက်ခဲ့သော ]
... Crazy in Luv ...
နှင်းမှုန်တို့အနည်းငယ် ကျဆင်းနေသော မနက်ခင်း တစ်ခု ။ နေရောက်တစ်ပျောက်တောင် မရှိလေသော ရာသီဥတုသည်က အုံ့မှိုင်းမှိုင်း ။ ကြီးမားကျယ်ဝန်းလှသော အိမ်တော်တစ်ခု၏ ခြံဝန်းကြီးအတွင်း လှူပ်ရှားသက်ဝင်နေကြသော သူများဟာတော့ဖြင့် ချမ်းအေးနေပုံပင် မပေါ်ကြတော့ ။
ပန်းနုရောင်နှင်းဆီများအား ခြံဝန်ကျယ်ကြီး၏ ဟိုနေရာ ၊ သည်နေရာ တစ်ခုမျှ မလစ်လပ်ရလေအောင် စိုက်ပျိုးအလှဆင်ရသည်မို့ မောပန်းရိပ်များသာ ပြည့်လို့ ။ အဖြူရောင်အိမ်တော်ကြီး၏ အဝင်ဝ ၊ ဘေးပတ်ပတ်လည်နှင့် ခြံတံခါးဝများ၌လည်း ကြီးမားလှသော ပန်းနုရောင်နှင်းဆီပန်းအိုးများက နူးညံ့သိမ်မွေ့စွာ နေရာယူလို့ ။
တူညီဝတ်စုံတို့ဖြင့် အလုပ်များနေလေသော သူတို့အား ခြံဝန်းအလယ်တွင် ပြုံးရိပ်သန်းနေသည့် ပါးလွှာသောနှုတ်ခမ်းတစ်စုံဖြင့် ရပ်ကြည့်နေပါသော မိန်းမငယ်လေးတစ်ဦး ။ သူမ၏ ပြောင်လတ်သော ဖိနပ်ဦးထိပ်တို့တွင် နှင်းမှုန်နှင်းစတို့က ကပ်ငြိရင်း ။
သူမ၏ ဖွေးဖွေးစွတ် စင်ကြယ်လေသော ခန္ဓာကိုယ်ကိုတော့ဖြင့် ဝတ်စုံပြည့်နှင့်လူငယ်တစ်ဦးမှ အနက်ရောင်ထီးတစ်လတ်ဖြင့် အေးစက်စက်နှင်းများဒဏ်ကို ကာကွယ်ပေးထားလေရဲ့ ။
" သဘောကျရဲ့လား "
ထိုမိန်းကလေးထံပါးသို့ ရောက်ရှိလာသော ခန့်ညားလှသည့် သက်ကြီးပိုင်းလူတစ်ဦး ။ ထိုလူအား အနက်ရောင်ထီးတစ်လတ်ဖြင့် မိုးကာပေးထားသော အနောက်မှ လူငယ် ။
သူမဟာ ထိုနှစ်ဦးသားအား လှည့်မကြည့်လေတော့ပဲ တစ်ခြံလုံးပြည့်နေသော နှင်းဆီများကို ကြည့်၍သာ ပြုံးလေတယ် ။ မှဲ့ရေးရေးကပ်ငြိလေသော သူမနှာဖျားဟာ အအေးဒဏ်တို့ဖြင့် အနည်းငယ်ပင်ရဲလို့ ။
" အင်း . . သဘောကျတယ် "
လူကြီးက သူမအပြုံးတွေကို ငေးကြည့်ရင်း လိုက်လံပြုံးတယ် ။
YOU ARE READING
Crazy In Luv
Fanfictionဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် [ Uni ] ဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် 🔞🚨