[ ပန်းနုရောင် ကမ္ဘာငယ် ]
… Crazy in luv …
မှန်ပြတင်း၏ပြင်ပအရပ်အား အခန်းတွင်းမှငေးမောကြည့်ရသည်ကပင် သဘောကျဖွယ်ကောင်းနေလေပြီ ။ အဆုံးမရှိသော ပန်းနုရောင် နှင်းဆီခင်းကြီး ။ အုပ်နီခဲများဖြင့် သပ်ရပ်စွာပုံဖော်ထားသည့် အနီရောင် လျှောက်လမ်းငယ် ။ ထိုလမ်း၏ တစ်ဖက်တစ်ချက်ဆီ၌ ခပ်ဖျော့ဖျော့တောက်ပနေသည့် အပြာရောင်မီးတိုင်များ ။
ကောင်းကင်တွင်တော့ဖြင့် ကြယ်ရောင်တို့က စုံလင်လို့ ။
သူမ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးမိတယ် ။ ဒီဘုံကမ္ဘာကို လူတစ်ယောက်အတွက်သာ သူမဖန်ဆင်းထားတယ် ။ အဲ့ဒီလူသားရဲ့ အံ့သြလှိုက်မောစွာမှင်သက်သွားမယ့် စိတ်လှုပ်ရှားမှုတွေကို သူမမြင်ချင်လှပြီ ။
ကမ္ဘာပေါ်က အလှဆုံးအပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ သူ ။
ငယ်ရွယ်ထက်မြတ်တဲ့ ပြည့်စုံခြင်းတွေနဲ့အတူ မာနတရားကို လက်ကိုင်ထားတဲ့ သူ ။
သူမတစ်ယောက်တည်းအပေါ်ကိုတော့ဖြင့် အကြင်နာအတိ မျက်ဝန်းများဖြင့် အစဉ်အလာမပျက်နွေးထွေးတက်ပါသော အဲ့ဒီလို သူ ။
ချစ်မိခြင်းတွင် အမှားမရှိ ။ သူမစွဲလမ်းမိပါသော မမသည် ချစ်ခြင်းတရားတစ်ခုဖြစ်ပေါ်စေရန် အဖက်ဖက်မှလုံလောက်မှုရှိနေခဲ့သည် မဟုတ်ပါလား ။
သူမ နဖူးပြင်အား နွေးနွေးထွေးထွေးနမ်းပေတက်သည့် တစ်ဦးတည်းသောသူ ။ ငယ်စဉ်ဘဝရဲ့ အိပ်ရာဝင်ချိန်တိုင်းမှာ လှပသော အဆုံးသတ်ဖြင့် ပုံပြင်များအား ပြောပြတက်သူ ။ တဖန်တလဲလဲကျရောက်ခဲ့သော သူမ၏ မွေးနေ့တိုင်း၌ အမြဲလို ကရုတစိုက်ရှိခဲ့သူ ။
မမသည် သူမအတွက် ချစ်မိဖို့ရန် အပြည့်အဝလုံလောက်ပါသော အဲ့ဒီလိုလူ ။
ဆယ်ကျော်သက်အရွယ်တွင် စတင်ခံစားမိခဲ့သော ရင်ခုန်ခြင်းအား အချစ်တစ်ခုဟု သေချာစွာသိရချိန်မှာ သူမ မနှစ်မျို့ခဲ့ ။ မနှစ်မျို့ရဲ ။
ESTÁS LEYENDO
Crazy In Luv
Fanficဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် [ Uni ] ဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် 🔞🚨