Unicode
Part 1
ခြင်ဥတစ်ထောင် ကိုယ်စီရှိကြတဲ့ ခြင်မနှစ်ကောင် ရှိလေတယ်။
ဒီပုံပြင်ရဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်ကတော့ အဲ့ဒီခြင်ဥ နှစ်ထောင်ထဲက ခြင်နှစ်ကောင်ဖြစ်ပေတယ်။
ခြင်အမေနှစ်ယောက်ရဲ့ကြားထဲက နက်ရှိုင်းလှတဲ့ ရင်းနှီးခင်မင်မှုတွေကြောင့် သူတို့နှစ်ယောက်ရဲ့ဥတွေကိုလည်း ဘေးချင်းယှဥ်ကာ ဥထားခဲ့ကြတယ်။
ဥသေးသေးလေးတွေထဲမှာတော့ အသက်သေးသေးလေး ၂သက်ရယ်၊ အသက်ရှုသံနှစ်ခုရယ်၊ နှလုံးခုန်သံနှစ်ခုရယ် ရှိနေကြတယ်။
သူတို့တွေက အိပ်မောကျနေကြတုန်းပါပဲ။
မှောင်ရိပ်သမ်းလာချိန်မှာတော့ ဥတစ်ဥက ရုတ်တရက်ဆိုသလို လှုပ်ရှားမှုအရိပ်အယောက်တွေ ပြလာတယ်။
အထဲက အကောင်သေးသေးလေးက မိုးပေါ်ကို ခြေလက်တွေ ဆန့်ထုတ်လိုက်တယ်။
သူက "အမေ" လို့ခေါ်လိုက်တယ်။ဒါက ဒီကမ္ဘာမှာ သူပြောလိုက်တဲ့ ပထမဆုံးသော စကားလုံးပဲ ဖြစ်တယ်။
ဒါပေမယ့်လည်း ခြင်လေးက သိနေခဲ့ပါတယ်။ သူ့ရဲ့အမေက လူသားတစ်ယောက်ရဲ့လက်ဖဝါးအောက်မှာ သေသွားခဲ့ပြီ ဆိုတာကိုပေါ့။
လူတွေမှာလည်း သူတို့လူသားတွေရဲ့ပူဆွေးဝမ်းနည်းမှုတွေကို ခံစားတတ်တယ်ဆိုပေမယ့် ဒီကိစ္စကတော့ ဘာမဟုတ်တဲ့ခြင်တစ်ကောင်ရဲ့ သေးငယ်တဲ့ဝမ်းနည်းပူဆွေးရမှုပါပဲ။
အဲ့ဒီနောက်မှာတော့ ခြင်ဥလေးရဲ့ဘေးက နောက်ထပ်ဥလေးကလည်း စတင်လှုပ်ရှားလာတယ်။အနည်းငယ်ယိုင်တိယိုင်တိုင်ဖြစ်နေတဲ့လှုပ်ရှားမှုကိုတော့ ဘယ်သူကမှ မမြင်နိုင်ခဲ့ဘူး။ တကယ်တမ်းကျ သူက သိပ်ကိုသေးငယ်လွန်းနေခဲ့တယ်လေ။
သူကလည်း "အမေ" လို့ခေါ်လာတယ်။ ဒါကသူ့ရဲ့ပထမဆုံးစကားလုံးဖြစ်ပြီးတော့ သူတို့ရဲ့ပထမဆုံးစကားပြောဆိုမှုမှာ သူ့အပေါ် တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။
ဒါကတော့ ငါတို့ရဲ့ပုံပြင်လေးအစပါပဲ။ ဂျွန်လ ၄ရက် ၂၀၀၆ခုနှစ်မှာပေါ့။