Unicode
အချိန်က မနက်ကိုမရောက်သေးပါဘူး။ အလင်းရောင်ရှိနေတဲ့ညအချိန်ခါပဲ ရှိပါသေးတယ်။
ဖရဲသီးလေး နုံးချိနေတယ်။ သူ့မှာ ဘာပန်းတိုင် ဘာဦးတည်ချက်မှ မရှိတော့ဘူး။
သူက သစ်ပင်ကိုမှီရင်း ခြေတံလက်တံလေးတွေကို ကြည့်နေမိတယ်။
ခြင်တိုင်းက သေခြင်းတရားနဲ့တွေ့ဆုံရမှာပါလား။ သူတွေးမိတယ်။
သစ်ပင်အောက်က ရှုပ်ပွနေတဲ့ သစ်ရွက်တွေအလယ်မှာတော့ ပိုးကောင်တွေရဲ့အလောင်းနဲ့ ပေပွနေတယ်။
ဖရဲသီးလေး သူတို့ကိုကြည့်နေမိတယ်။
နို့ဘီလူးလေးခမျာတော့ အလောင်းအပြည့်တောင် မရှိရှာပါလား။ ဖရဲသီးလေး နောင်တရသွားတယ်။
ရုတ်တရက်ဆိုသလိုပဲ နို့ဘီလူးလေးရဲ့ ကျန်နေသေးတဲ့ကိုယ်ထည်ကို ရှာသင့်တယ်ဆိုတဲ့အတွေးက သူ့ဆီမှာ ပေါ်လာတယ်။
သူ့ကို အလောင်းခန္ဓာအပြည့်တော့ ပေးရမှာပေါ့။
ဒါကြောင့် သူက ရွံဖို့ကောင်းတဲ့ ထိုအိမ်ကို ပြန်လာခဲ့တယ်။
တူညီတဲ့ ထိုလူသားနှစ်ယောက်ကတော့ ထိုနေရာမှာပဲ မနက်စာ စားနေတယ်။
စက်ဆုပ်စရာ လူသားတွေ ။ စက်ဆုပ်စရာ အစာတွေ၊ စက်ဆုပ်အရာ အသံတွေ။
သူတို့ရဲ့အမြင်အာရုံထဲ ရောက်မသွားအောင် ဖရဲသီးလေးက ဂရုတစိုက်နဲ့ နို့ဘီလူးလေးအလောင်းကို စတင်ရှာဖွေတော့တယ်။
စားပွဲခြေထောက်နားက သေးငယ်၊ ကျိုးပဲ့ပြီး တွန့်လိမ်နေတဲ့ ခန္ဓာကိုယ်ကို သူတွေ့လိုက်ရချိန်မှာတော့ မူးမေ့လဲမတက်ပဲ။
သူ အဲ့ဒီနားကို ကျည်ဆံတစ်ခုလို ပျံသွားခဲ့တယ်။
"နို့ဘီလူးလေး...."
သူ့ရဲ့အလောင်းပုံစံက အသက်ရှင်နေတဲ့ခြင်တစ်ကောင်နဲ့ မကွဲပြားလှဘူး။
"နို့ဘီလူးလေး.....ငါတို့ အာတိတ်ကိုသွားကြမယ်လေ"
သူဟာ အလောင်းကို သူ့ရင်ခွင်ထဲ ထည့်လိုက်တယ်။
အဲ့ဒီနောက်မှာ သူဟာ အလွန်တိုးဖွတဲ့ညည်းသံလေးကိုကြားလိုက်ရတယ်။