Part 14+15

505 74 7
                                    

Unicode

Part 14

နေမင်းကြီးက အလွန်စောစီးစွာ ထွက်ပေါ်လာတယ်။

အလင်းရောင်က အနည်းငယ် လင်းလွန်းနေခဲ့တယ်။

"နေထွက်လာပြီလေ နို့ဘီလူးလေး"

ဖရဲသီးလေးက ပြောတယ်။

"အချိန်မဖြုန်းနဲ့လေ ဟုတ်ပြီလား"

…..

"ထတော့လေ...ဒီနေသာတဲ့နေရောင်ခြည်က အံ့သြဖို့ကောင်းတယ်"

…..

"ဟေး ငှက်ဦးနှောက်....မင်း အိပ်ရာက မထရင် ငါစိတ်ဆိုးတော့မှာနော်"

…...

ဖရဲသီးလေးက အနားကိုတိုးကာ သူ့မျက်နှာကို နို့ဘီလူးလေးရဲ့မျက်နှာနဲ့ ထိကပ်ထားလိုက်တယ်။

"မင်းအေးနေတာလား"

သူမေးလိုက်တယ်။

အဒ့ဒီနောက် ငြိမ်သက်အေးချမ်းသွားပြီး ကမ္ဘာကြီးတစ်ခုလုံးက တိတ်ဆိတ်သွားတယ်။

"မင်းအေးနေတာပဲ"

ဖရဲသီးလေးက သူ့ကိုပွေ့ချီလိုက်တယ်။

"ငါ့အထင်တော့ ငါတို့တွေ အာတိတ်ကို သွားရမယ် ထင်တာပဲ"

အဲ့ဒီနောက် သူ ပျံသန်းခဲ့ပါတော့တယ်။

Part 15

နေ့လည်ခင်း နေရောင်က စူးရှနေတယ်။ ဖရဲသီးလေးက စကားမပြောတဲ့ နို့ဘီလူးလေးကိုချီရင်း သစ်ပင်ပေါ်မှာ ပျင်းရိစွာ လှဲချလိုက်တယ်။

"မင်း ဘယ်ချိန် နိုးလာမှာလဲ ငှက်ဦးနှောက်လေးရေ"

ဖရဲသီးလေး မေးလိုက်တယ်။

"ငါ ပျင်းလို့သေတော့မယ်"

"ခြင်လေး ဘာဖြစ်လို့လဲ"

ထင်ရှုးပင်ကြီးက မေးလာတယ်။

"ခင်ဗျားမေးလို့ရော ဘာထူးမှာလဲ။ ကျွန်တော်က ခြင်ထီးတစ်ကောင်နဲ့ ချစ်မိသွားလို့လေ"

ထင်ရှုးပင်ကြီးက ဟားတိုက်ရယ်မောလိုက်တာ မျက်ရည်တွေ ထွက်တဲ့အထိပဲ။

ထင်းရှုးရနံ့က ခြင်နှစ်ကောင်ကို လွှမ်းခြုံသွားတယ်။

အဲ့ဒီနောက် မြေကြီးပေါ် ပြုတ်ကျသွားပါတော့တယ်။

🎉 You've finished reading (ခြင်နှစ်ကောင်ရဲ့ချစ်ပုံပြင်) ဘာသာပြန် 🎉
 (ခြင်နှစ်ကောင်ရဲ့ချစ်ပုံပြင်) ဘာသာပြန်Where stories live. Discover now