Unicode
Part 5
မနက်ခင်းလေဟာ လတ်ဆတ်ပြီး အလွန်အေးလှတယ်။
နို့ဘီလူးလေးက ဖရဲသီးလေးအနားကို ပူးပူးကပ်ကပ်နဲ့တိုးဝှေ့လိုက်တယ်။
တစ်ဖြည်းဖြည်းနဲ့ ယားကျိကျိနိုင်မှုက ဖရဲသီးလေးကို နိုးကြားသွားစေတယ်။
သူက ပိန်ရှုံ့နေတဲ့ နို့ဘီလူးလေးကိုကြည့်ရင်း သိချင်စိတ်တွေဖြစ်လာတယ်။
ဒီကလေးက ခြင်တစ်ကောင်တောင် ဖြစ်လာနိုင်ပါ့မလား။
…..
ဖရဲသီးလေးနိုးနေပြီဆိုတာ နို့ဘီလူးလေး သိသွားတယ်။ သူ အညောင်းဆန့်ရင်း မျက်လုံးတွေ ပိတ်လျက်သားနဲ့ပြောလိုက်တယ်။
"ဂွတ်မောနင်း"
"ဂွတ်...ငါ့ဖင်ကိုပဲ ဂွတ်။ စောစောထတဲ့ငှက်က တီကောင်စားရတယ်ကွ!"
"စောစောထတဲ့တီကောင်တွေကတော့ ငှက်စားတာ ခံရမှာပေါ့"
"မင်းကတော့..ငှက်..ငှက်ဦးနှောက်!"
…....
"ဖရဲသီးလေး"
"အင်း"
"ဒီကျည်တောက်ကြီးက ဘာလဲ။ အရမ်းထူးဆန်းတယ်"
"အမ်..မင်း အစာစားရင် အဲ့ဒါနဲ့ပဲစားတာလေ။ ဘာကိုထူးဆန်းရမှာလဲ"
"အရမ်းရုပ်ဆိုးတယ်"
"မင်းနဲ့ပတ်သက်လို့ ရုပ်မဆိုးတာ ဘာရှိသေးလို့လဲ။ တော်ပြီ။ စိတ်ပူမနေနဲ့"
"မင်းမှာလည်း တစ်ခုရှိတယ်။ဒါပေမယ့် ငါ့ဟာထက်ပိုထူပြီးပိုကြီးတယ်"
"အမ်း...မင်းဟာက ပုံပျက်နေလို့လေ..နားလည်ပြီလား ငှက်ဦးနှောက်!"
"မင်းဘာလို့ ငါ့ကို ငှက်ဦးနှောက်လို့ပဲ ခေါ်နေရတာလဲ"
"မင်းက တုံးလွန်းလို့လေ"
"ဪ"
နို့ဘီလူးလေးက အဲ့ဒီစကားကြောင့်တစ်နေကုန် မှိုင်တွေညိုးငယ်နေတယ်။
အဲ့ဒီညမှာတော့ ရေရဲ့တစ်ဖက်ဝေးဝေးကနေ အလင်းတန်းတွေ ထွက်လာတယ်။