Unicode
Part 8
ငှက်တစ်ကောင်ရဲ့ ကျည်ကျည်တျာတျာအသံက အာရုဏ်ဦး အသစ်ကိုခေါ်ဆောင်လာခဲ့တယ်။
နို့ဘီလူးလေးက သူဟာ နည်းနည်းတော့ ကြီးထွားလာတာကိုတွေ့ရတော့ ဝမ်းမြောက်ပျော်ရွှင်နေတယ်။
သူက တောင်ပျံတွေကို တစ်ဖျတ်ဖျတ်လှုပ်ခတ်ရင်း ခြေထောက်တွေ ပေါ့ပါးလာတာကို ခံစားလိုက်ရတယ်။
ဒါပေမယ့်လည်း အဆုံးသတ်မှာ သူမပျံနိုင်ခဲ့ပါဘူး။ အဲ့ဒီအစား သစ်ရွက်ပေါ်ကို ကိုးယိုးကားရား ပြုတ်ကျသွားတယ်။
အဲ့ဒါက ဖရဲသီးလေးကို နိုးသွားစေတယ်။
"ဝီ ဝီ မင်းဘာတွေလုပ်နေတာလဲ"
သူက အိပ်ချင်မူးတူးမျက်လုံးတွေနဲ့မေးလိူက်တယ်။
"ငါက ဝီဝီ မဟုတ်ဘူး။ ငါက ခြင်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ငှက်ဦးနှောက်ရယ်။ မင်းဘာလုပ်နေတာလဲ"
နို့ဘီလူးလေးက သစ်ရွက်ပေါ်မှာ ထိုင်နေရင်း စိတ်ဓါတ်ကျနေတယ်။
"ဘာဖြစ်လို့လဲ"
"ငါ ပျံမရဘူး"
နို့ဘီလူးလေး စိုးရိမ်လာတယ်။
အိုး နိုး။ ဒီကလေးက မသန်မစွမ်းတော့ မဖြစ်သင့်ဘူးလေ။ ဖရဲသီးလေး တွေးလိုက်တယ်။
ဒါပေမယ့်လည်း သူကအက်ကွဲကွဲပြုံးရင်း ဆိုလိုက်တယ်။
"ကိစ္စမရှိပါဘူးကွာ"
အဲ့ဒီနောက် သူက စက်ဝိုင်းပုံစံ နှစ်ခါလောက်ပတ်ပျံပြလိုက်ပြီး အောက်ကိုပြန်ဆင်းလာလိုက်တယ်။ နောက် သူက နို့ဘီလူးလေးကို ဆွဲခေါ်ရင်း တစ်ဖန် ပျံသန်းပြန်တယ်။
သူတို့တွေ ပထမဦးဆုံးအနေနဲ့ တူတူပျံသန်းခဲ့ကြတယ်။
နေမင်းကြီးကတော့ ထူးဆန်းလှတဲ့မြင်ကွင်းကို ကောင်းကင်ပေါ်ကနေ ကြည့်နေလေရဲ့။
ဖရဲသီးလေးအနေနဲ့ သူ့သဘောဆန္ဒအလျောက် နို့ဘီလူးလေးနဲ့ ဒီလောက်နီးနီးကပ်ကပ်နေတာ ဒါပထမဆုံးပဲ။
နို့ဘီလူးလေးကလည်း သူ့ခန္ဓာကိုယ်ကို ဖရဲသီးလေးက တင်းတင်းကြပ်ကြပ် ဖိထားတော့ ရုတ်တရက်ဆိုသလို ထူးဆန်းတဲ့ခံစားချက်တွေ ပေါ်လာတယ်။