Part 10+11

237 58 0
                                    

Unicode

Part 10

"ဂွတ်မောနင်း!"

နို့ဘီလူးလေးက အတော်စိတ်လှုပ်ရှားနေတယ်။

"ဒီနေ့က ၁၇ရက်နေ့!"

"ဟင်(မ်)"

"ငါးရက်ပဲကျန်တော့တယ်။ အာတိတ်မှာ တစ်နေကုန်နေသာမယ့်ရက်ရောက်ဖို့ ၅ရက်ပဲ လိုတော့တယ်"

"အာတိတ်က အရမ်းကြီးတယ်။ အဲ့ဒါက မြောက်ဝင်ရိုးစွန်းမှာရှိတာ။ နေက အဲ့ဒီမှာ နှစ်ဝက်လောက် သာနေဦးမှာ"

"ဘာ...ဒါဆို ဘာလို့မင်းက ဘာလို့ ၂၂ရက်နေ့လို့ပြောတာလဲ"

"အဲ့နေရာက အဝေးကြီးလေ အရူးရဲ့"

ဖရဲသီးလေးက ရှင်းပြလိုက်တယ်။

"ငါပြောတဲ့ ၂၂ရက်က အဲ့နေ့မှာ  တစ်နေကုန်နေသာမယ့်နေရာက ငါတို့နဲ့အနီးဆုံးဖြစ်နေလို့"

"ရေး! ရေး!"

နို့ဘီလူးလေး လက်ခုပ်သြဘာတီးလိုက်တယ်။

"ဒါဆို သွားကြစို့ လုပ် လုပ်!"

ဖရဲသီးလေး သက်ပြင်းချလိုက်တယ်။သူ ဒီအကြောင်းကို ဘာလို့များ ဒီငတုံးလေးကို ပြောပြခဲ့ရပါလိမ့်။

"ငါ့ကို ခေါ်သွားပေးပါနော် ပလိစ်စ်စ်စ်"

“Nuh-uh.”

"ခေါ်သွား...ပေးပါလို့..လို့...လို့"

နို့ဘီလူးလေးက တွန့်လိမ်ခါယမ်းပြလာတယ်။

"အာတိတ်က တကယ်အေးတာနော်!"

ဖရဲသီးလေးက ဒေါသကြောင့် လွှတ်ခနဲ အော်လိုက်တယ်။

"ဥာဏ်ထုံကောင်!"

"ဒါပေ..."

"ဘာဒါပေမှ မမယ့်နဲ့တော့။ငတုံးကောင်။ အိပ်တော့!"

"ဒါပေမယ့် လင်းထိန်နေတုန်းလေ"

"အိပ်ဆို အိပ်!"

“…”

"ငှက်.."

"ငှက်ဦးနှောက်! ငါသိတယ် ငါသိတယ် ဟမ့်!"

နို့ဘီလူးလေး စိတ်ဆိုးသွားတယ်။သူ အသည်းကွဲသွားတယ်။

သစ္စာဖောက်ခံလိုက်ရသလိုပဲ။

 (ခြင်နှစ်ကောင်ရဲ့ချစ်ပုံပြင်) ဘာသာပြန်Where stories live. Discover now