Unicode & Zawgyi
Unicode
ကိုယ့်ကိုကိုယ်ချစ်ဖို့ဘာတွေကများဒီလောက်အထိခက်ခဲနေခဲ့တာပါလိမ့်။
***Epiphany***
"ဆော့ဂျင်.....ရုပ်ရှင်သွားကြည့်မလို့လိုက်ဉီးမှာလား.....မလိုက်မှန်းသိပေမယ့်လို့ပေါ့"
မလိုက်မှန်းသိပေမယ့်လို့ဆိုတဲ့စကားကိုစိတ်ပျက်လက်ပျက်ပြောလာတဲ့ဟိုဆော့ကိုပြုံးပြလိုက်ပြီးအသာခေါင်းခါပြလိုက်သည်။
သူငယ်ချင်းတွေနဲ့ရုပ်ရှင်သွားဖို့နေနေသာသာပိတ်ရက်မှာတောင်အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့သူ့အဖို့သူငယ်ချင်းတွေတစ်ရုံးရုံးနဲ့သွားရတဲ့အရသာကိုသိချင်လွန်းလှသည်။ဒါပေမဲ့မဖြစ်နိုင်ဘူးမို့လား။
"ဒါဆိုငါပြန်ပြီဆော့ဂျင်"
"အင်း.....မနက်ဖြန်တွေ့မယ်ဟိုဆော့"
ဟိုဆော့ကိုနှုတ်ဆက်ပြီးကျောင်းဝန်းအပြင်ကအရိပ်ရသစ်ပင်အောက်မှာရပ်ထားတဲ့Hyundaiကားအနက်ရောင်ပေါ်တက်သွားလိုက်သည်။
"Babyကျောင်းဆင်းပြီလား"
"ဟုတ်"
"အိမ်မှာမေမေရောက်နေတယ်"
ကိုကို့ဆီကနေထွက်ကျလာတဲ့မေမေဆိုတဲ့အသုံးအနှုန်းကြောင့်ဆော့ဂျင်ခြေဖျားလက်ဖျားတွေအေးစက်လာသည်။
ကြောက်သည်ဟုမဆိုနိုင်သော်လည်းကိုကို့အမေကိုမတွေ့ချင်ပါ။နှစ်ပြားမတန်အောင်ပြောဆိုနေမယ့်စကားတွေကိုလည်းနားမထောင်နိုင်။
ကိုယ်ချစ်မြတ်နိုးရတဲ့ဆရာဝန်အလုပ်ကိုပြောတိုနေမယ့်စကားတွေကိုလည်းနားမထောင်နိုင်။"ကျွန်တော်မတွေ့ချင်ဘူးကိုကို.....ကိုကို့အမေလည်းကျွန်တော့်ကိုတွေ့ချင်မှာမဟုတ်ဘူး"
"တွေ့ရမယ်baby......Babyရဲ့ယောက္ခမဖြစ်တဲ့အတွက်တွေ့ရမယ်.....ဒါကယဉ်ကျေးမှုပဲ"
ဘာမှဆက်မပြောတော့ဘဲပြတင်းပေါက်ဘက်ကိုခေါင်းမှီကာမျက်လုံးတွေကိုမှိတ်ထားလိုက်မိသည်။
ယောက္ခမ....ယဉ်ကျေးမှု။ပင်ပန်းတယ်ကိုကိုရယ်။ကိုကိုပြောတဲ့စကားလုံးတွေကိုကြားရတာနဲ့တင်ကျွန်တော်အရမ်းပင်ပန်းနေပြီ။
YOU ARE READING
The invisible string between us(Kookjin short stories)