Unicode & Zawgyi
Unicode
အိမ်နီးချင်းအဖြစ်နဲ့မင်းဘဝထဲဝင်ရောက်လာခဲ့တဲ့ကိုယ့်ကိုအိမ်ထောင်ဉီးစီးအဖြစ်သတ်မှတ်ပေးပါတော့အချစ်ရယ်။
***Neighborhood***
"တိုက်ကြီးကအမြင့်ကြီးပဲနော်"
လက်ကိုဆွဲထားတဲ့အကောင်သေးသေးဆီမှအသံထွက်လာတော့သန်မာသောလက်တစ်ဖက်ဖြင့်ဂျောင်ကုကောက်ချီလိုက်သည်။ဖောင်းအစ်နေတဲ့ပါးလေးကိုနမ်းရှိုက်လိုက်ပြီးဆံပင်လေးကိုပါဆွဲဖွလိုက်သည်။
"အင်း.....အမြင့်ကြီးပဲပေါ့"
"သားတို့ကဒီမှာနေရမှာလားဖေဖေ"
"အင်း.....ဒီနေ့ကစပြီးဒီနေရာကဖေဖေတို့ရဲ့အိမ်ပဲ"
သားကိုပွေ့ချီကာလက်တစ်ဖက်ကအိတ်ကိုကျစ်ကျစ်ပါအောင်ဆွဲကိုင်လာခဲ့လိုက်သည်။ဟိုးအပေါ်ထပ်မှာဝယ်ထားတဲ့တိုက်ခန်းဆီကိုဓာတ်လှေကားဖြင့်တက်သွားတော့သားငယ်ကမျက်လုံးကြည်ကြည်လေးများဖြင့်လိုက်ငေးနေသည်လေ။ပတ်ဝန်းကျင်အသစ်တွင်သားငယ်အသားကျပါစေလို့သာဂျောင်ကုဆုတောင်းမိသည်။
"ရောက်ပြီ"
နောက်ဆုံးနေရမယ့်အခန်းရှေ့ရောက်တွင်သားငယ်ကိုချကာရေရွတ်လိုက်မိသည်။ဘေးအခန်းကတော့အပ်ကျသံမျှမကြားရအောင်တိတ်ဆိတ်နေသည်လေ။အထုတ်တွေဖြည်ကာလုပ်စရာရှိတဲ့အလုပ်တွေအတွက်မြန်မြန်သွက်သွက်သာအခန်းထဲဝင်ခဲ့လိုက်တော့သည်။
ကျယ်ပြန်တဲ့ဧည့်ခန်း၊အိပ်ခန်းနှစ်ခန်း၊မီးဖိုခန်းနှင့်အတူအထပ်မြင့်မှာရှိတာကြောင့်ဟန်မြစ်၏မြင်ကွင်းကိုပါငေးလို့ရတဲ့ဒီအခန်းလေးဟာဂျောင်ကုတို့သားအဖနှစ်ယောက်အတွက်တော်တော်ပင်ကျယ်လွန်းသည်ဟုပြောရမည်။
မပြောင်းခင်တစ်ပတ်လိုကတည်းကလာရောက်ပြင်ဆင်ပေးထားတဲ့အဒေါ်ဖြစ်သူကြောင့်ယခုပါလာသောအိတ်လေးတစ်လုံးမှအပဖြည်စရာအထုတ်ထွေထွေထူးထူးမရှိပေ။သန့်ရှင်းရေးအနည်းငယ်သာလုပ်ရန်ကျန်တော့သည်။သားငယ်ကတော့အိမ်ထဲရောက်ကတည်းကမှန်ပြတင်းနားကနေမခွာတော့။
YOU ARE READING
The invisible string between us(Kookjin short stories)