FAMILY; Bread & Butter

2K 214 32
                                    

Unicode & Zawgyi

Unicode

ယောင်္ကျားလေးဖြစ်ပါရက်သဘာဝကိုလွန်ဆန်ပြီးရင်သွေးလေးကိုယူဆောင်လာပေးတဲ့မောင့်အသည်းကိုအရမ်းချစ်တယ်။ဖျားနေရင်တစ်ညလုံးမအိပ်ဘဲစောင့်နေပေးမယ်။ခြေလက်တွေကိုက်ခဲနေရင်မောင်ကိုယ်တိုင်ဖွဖွနှိပ်ပေးမယ်။မောင်ရေလို့ခေါ်လိုက်တာနဲ့ရောက်ရာအရပ်ကအမြန်ပြေးလာခဲ့မယ်။

***FAMILY:Bread & Butter***

"ဘာရယ်......ကိုကိုမူးလဲလို့ဟုတ်လား"

ရုံးခန်းထဲမှာစာရင်းတွေစစ်နေတုန်းဆက်သွယ်လာတဲ့အိမ်ကဖုန်း။ကြားလိုက်ရတဲ့သတင်းစကားကလူကိုမိုးကြိုးပစ်ချလိုက်သလိုပင်။ထင်သည်။မနက်အိပ်ရာထကတည်းကနှုံးခွေနေတဲ့ကိုကိုတစ်ခုခုဖြစ်နေမှန်းသိသည်။

ဒါကြောင့်အလုပ်မသွားတော့ဘူးဆိုတော့လူကိုအတင်းတွန်းထုတ်ပြီးဘာမှမဖြစ်ပါဘူးအတွင်တွင်ပြောနေတဲ့သူကအခုတော့ဖြင့်မူးလဲပြီတဲ့။

ဉီးနှောက်ထဲဘာကိုမှမတွေးနိုင်တော့ပဲဝုန်းကနဲမတ်တပ်ထရပ်ကာအခန်းရှေ့ပြေးထွက်သွားလိုက်သည်။ရုံးလာရင်အိန္ဒြေကြီးတစ်ခွဲသားနဲ့လမ်းလျှောက်တတ်တဲ့CEOလည်းအခုတော့အချစ်ကြောင့်နဲ့ပြေးလွှားနေရပြီ။

ကိုကိုဟာစိတ်ပူအောင်လုပ်တဲ့နေရာမှာတော့ဆရာကြီး။

"ကိုကိုရေ....."

လူကအသားကုန်ပြေးလာတာမို့နဖူးပေါ်သပ်သပ်ရပ်ရပ်ပြင်သွားတဲ့ဆံပင်ဟာလည်းကပိုကရို။မနက်ကကိုကိုကိုယ်တိုင်ချည်ပေးလိုက်တဲ့နက်ခ်တိုင်လေးမှာလည်းရွဲ့စောင်းလို့။ချွေးစက်တွေဟာလည်းမြင်မကောင်း။ဒါတောင်ကုမ္ပဏီကနေအိမ်ကိုကားနဲ့မောင်းပြန်လာလို့။

အခန်းထဲထိအလောတကြီးဝင်သွားလိုက်တော့သတိမရသေးတဲ့ကိုကို့ဘေးထိုင်နေတဲ့မာမား။အိမ်ကိုအရင်ရောက်နေနှင့်တဲ့မားကိုတောင်မနှုတ်ဆက်နိုင်။ကုတင်ပေါ်ပြေးတက်သွားပြီးလက်ချောင်းလေးကိုဖွဖွလေးဆုပ်ကိုင်လိုက်မိသည်။

The invisible string between us(Kookjin short stories) Where stories live. Discover now