Unicode & Zawgyi
Unicode
ကျွန်တော်သူ့ကိုသိပ်ချစ်ခဲ့တယ်။လိုချင်သမျှအရာအားလုံးပုံပေးလောက်တဲ့အထိချစ်ခဲ့ပြီးမှသိခဲ့ရတာကကျွန်တော်ဟာသူ့မာနလောက်အရေးမပါဘူးဆိုတာပါပဲ။
***မာနလက်ကျန်***
"မနက်ဖြန်မောင်တို့ဒိတ်ရအောင်နော်"
ကွန်ပျူတာတစ်လုံး၊စာရွက်ပေါင်းများစွာနဲ့အလုပ်ရှုပ်နေတဲ့သူရဲ့ပုခုံးပြင်ကျယ်ကျယ်ကိုဖက်တွယ်ကာမေးလိုက်မိတော့ကြားလိုက်ရတဲ့သက်ပြင်းသံသဲ့သဲ့။ထိုအသံကြောင့်ရလာမယ့်အဖြေကိုကြိုသိနေပြီးဖြစ်သော်လည်းဆက်မျှော်လင့်နေမိချင်သေးသည်။အနည်းဆုံးတော့အားနာလို့ပဲဖြစ်ဖြစ်ပေါ့။
"ကိုယ်မအားဘူး"
ဒါပါပဲ။နောက်ဆုံးတော့လည်းဒီအဖြေပါပဲ။နှစ်ပတ်လောက်နိုင်ငံခြားကိုအလုပ်ကိစ္စနဲ့ထွက်သွားတဲ့သူ။ပြန်လာသော်လည်းမပြီးပြတ်သေးတဲ့သူ့အလုပ်တွေ။မပြီးဆုံးတဲ့ပရောဂျက်တွေ။အဆုံးမရှိတဲ့အစည်းအဝေးတွေ။ဒီလိုအရာတွေနဲ့ယှဉ်ရင်ဂျွန်ဂျောင်ကုဆိုတာပမွှားပါ။
သူအလုပ်လုပ်နေတဲ့အခန်းထဲကထွက်လာခဲ့ပြီးဆက်နေချင်စိတ်ပါမရှိတော့တာကြောင့်အိမ်ရှေ့ထိသာဆက်လျှောက်လာခဲ့တော့သည်။Helmetကိုဆောင်းလိုက်ပြီးမီးလင်းနေတဲ့အခန်းပြတင်းငယ်ကိုမော့ကြည့်လိုက်မိသေးသည်။
မောင်စိတ်ဆိုးနေတယ်လေကွာ။အနောက်ကိုလိုက်လာပြီးမောင်လို့တစ်ခွန်းတည်းခေါ်လိုက်ရုံနဲ့တင်စိတ်ဆိုးပြေပေးမယ်လေ။မောင်လို့တစ်ခွန်းခေါ်ပေးနိုင်မယ့်စက္ကန့်အနည်းငယ်လောက်ကိုဆော့ဂျင်ဆီမှာအပိုမရှိတာလားကွာ။
မျက်ရည်မကျခင်ဆိုင်ကယ်ကိုမိုင်ကုန်မောင်းကာထွက်ခဲ့လိုက်တော့သည်။နောက်ဆုံးရောက်လာတာကကိုယ့်အခန်းထဲ။မှောင်မိုက်နေတဲ့အခန်းငယ်ထဲကလင်းလက်နေတဲ့တစ်ခုတည်းသောနေရာ။ညနေကမပိတ်ခဲ့မိတဲ့ပရိုဂျက်တာ။
YOU ARE READING
The invisible string between us(Kookjin short stories)