ep(5){zawgyi}🐯

145 8 1
                                    

ကျနော်ယောကျာ်းတစ်ယောက်ကို ချစ်နေမိတယ် Ep(5)

သူကြီး၏လက်ရုံးကရှေ့မှဦးဆောင်ကာဦးသွေးမောင်၏အိမ်သို့ခေါ်ဆောင်ခဲ့၏။

သူကြီးလက်ရုံး-"ဦးသွေးမောင် ဒီမှာဦးလေးရဲ့တူတွေမြို့ကရောက်သဗျ"

သူကြီးလက်ရုံး၏အသံကြား၍ အိမ်ပေါ်မှဦးသွေးမောင်ဖြစ်ဟန်တူသည့် ယောပုဆိုးနှင့်အိင်္ကျီလက်ရှည်ဝတ်ထားကာ ပိန်ပိန်ပါးပါး ဥပဓိရုပ်ကောင်းကောင်းနှင့်လူတစ်ယောက်နှင့်အတူ ဝဝဖိန့်ဖိန့်အမျိုးသမီးတစ်ဦး၊ အသားဖြူဖြူ ဆံပင်ရှည်ရှည်နှင့်အပျိုမလေးတစ်ယောက်ဆင်းလာ၏။ သွေးစက်မှာဦးလေးအားအလွန်ချစ်ရှာသည်မဟုတ်လား။ ဦးလေးအားမြင်သည်နှင့် ဦးလေးဆီအပြေးသွား၍-

သွေးစက်-"ဦးလေး ကျန်းမာရေးကောင်းရဲ့လား"
ဦးလေး-"ကောင်းပါတယ်ဖိုးသွေးရယ်"
သွေးစက်-"ဟင် ဦးလေးပြောတော့အသည်းသန်ဖြစ်နေပါတယ်ဆို သားမှာစိတ်ပူလွန်းလို့အလုပ်တွေအကုန်ပစ်ချပြီး ဒီကိုလိုက်လာတာလမ်းမှာလည်းပြသနာတွေဖြစ်လို့"

ဦးသွေးမောင်မှာသွေးစက်အား ကျန်းမာရေးအကြောင်းပြ၍ညာခေါ်ခြင်းဖြစ်သည်။ သွေးစက်မှာနှုတ်ခမ်းစူ၍ဦးလေးအားစိတ်ကောက်တော့လေသည်။ ရန်ကင်းမှာရွာသားများနှင့်အတူရော၍ခြံဝိုင်းအတွင်းသို့ဝင်လာကာ သွေးစက်၏စိတ်ကောက်ပုံလေးကိုမြင်မိ၍ကြိတ်ရယ်မိတော့သည်။ ချစ်ဖို့ကောင်းနေသည်မဟုတ်လား။

ဦးလေး-"အော် တူလေးရယ်မိန်းကလေးလည်းမဟုတ်ဘဲစိတ်ကောက်နေရလား ငါ့တူကိုမတွေ့ရတော့အသည်းသန်လွမ်းနေရတာ"
သွေးစက်- "အပြောကောင်း ဒါနဲ့သားသူငယ်ချင်းတစ်ယောက်ရခဲ့တယ်"
ဦးလေး-"ဟုတ်လား ဘယ်သူလဲ"
သွေးစက်-"ဟိုမှာလေ သူ့နာမည်ကမိုးရန်ကင်းတဲ့ နောက်မှပဲအားလူံးပြောပြတော့မယ် သူ့ကိုနားဖို့လုပ်ပေးအုန်း သူကသားရဲ့ကျေးဇူးရှင်"
ဦးလေး-"Aww ဟုတ်ပါပြီ ညီမရေဖိုးသွေးနဲ့သူ့သူငယ်ချင်းအတွက်နားဖို့စီစဉ်ပေးလိုက်အုန်း ငါသူကြီးအိမ်ဘက်လှည့်လိုက်အုန်းမယ် ဧည့်သည်ရောက်ကြောင်းသွားပြောအုန်းမှဟ"

ဦးသွေးမောင်၏နှမဖြစ်ဟန်တူသည့်ဝဝဖိုင့်ဖိုင့်နှင့်အမျိုးသမီးအားလှည့်ပြောကာ ခြံဝိုင်းမှဦးသွေးမောင်ထွက်သွားလေသည်။ သွေးစက်၏အဒေါ်ဝမ်းကွဲမှာအပေါ်ထပ်သို့လက်ယပ်ခေါ်၍ သွေးစက်မှာရန်ကင်းအား ပုခုံးဖက်၍အပေါ်ထပ်သို့တက်စေသည်။
သူစိမ်းအိမ်သို့ရောက်နေ၍ရန်ကင်းစိတ်ထဲတစ်မျိုးဖြစ်နေတော့သည်။ သူနှင့်သိသူမှာသွေးစက်တစ်ယောက်ထဲရှိပေသည်။ညနေရောက်သည်အထိ သွေးစက်မှာအိမ်ပေါ်နှင့်အိမ်အောက်အလူပ်ရှုပ်နေပေသည်။ တပည့်ဖြစ်သူဝေယံအားphoneဖြင့်ရွာသို့ပြန်လာရန်ခေါ်သည်ကိုလည်းကြားရသည်။ လမ်း၌ဖြစ်ပျက်ခဲ့ပုံကိုဦးလေးတို့အားပြောပြနေသည်ကိုလည်းကြားရ၏။ ရန်ကင်းမှာတော့အပေါ်ထပ်ရှိအခန်းတစ်ခုမှာပက်လက်လှန်လဲ၍တစ်ယောက်တည်း။ ဘာလုပ်ရမည်လည်းသူမသိ သွေးစက်မျက်နှာတစ်ကမ္ဘာထင်၍လိုက်ခဲ့ရသည်မဟုတ်လား ယခုသွေးစက်မှာသူ့အားအချိန်မပေးနိုင်နေသဖြင့်သူစိတ်မကောင်း။

ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်(ongoing)Where stories live. Discover now