ကျနော်ယောကျာ်းတစ်ယောက်ကို ချစ်နေမိတယ်Ep(3)
ပျင်းရိခြောက်သွေ့ဖွယ်
ခရီးစဉ်ကို...
မင်းကြောင့်ငါပျော်ရွှင်စွာ
ဖြတ်သန်းနိုင်ခဲ့ပါတယ်ဒီခရီးစဉ်
ပြီးဆူံးသွားမှာတောင်
ငါစိုးထင့်မိတယ်...မင်းနဲ့အတူ
အချိန်တွေကုန်ဆုံးချင်သေးတယ်
👣👣👣
အဝေးပြေးလမ်းမဘက်သို့မလျှောက်တော့ဘဲ ဇရပ်၏အနောက်ဘက်အရပ်သို့ဦးတည်ခဲ့ပေသည်။ ဇရပ်ရှိမှတော့ရွာရှိလိမ့်မည်မဟုတ်လား။တိတ်ဆိတ်စွာလမ်းလျှောက်နေရင်းနှင့် သွေးစက်အိမ်ဘက်မှ စကားစလာ၏။
"ဒါနဲ့ မင်းနာမည်ကိုမသိရသေးဘူးနော် အသက်သခင်ကျေးဇူးရှင် ဆိုတော့ သိသင့်တာပေါ့"
"အော် ဟုတ်သားနော့ ငါ့နာမည်က မိုးရန်ကင်းမင်းကရော"
"ဟုတ်ကဲ့ပါငါ့နာမည် ကသွေးစက်အိမ်ပါ"
"သွေးစက်အိမ် နာမည်ကအဆန်းပဲ"
"မိုးရန်ကင်းဆိုတဲ့နာမည်လည်း အဆန်းပဲကိုဗျ"ရန်ကင်းနှင့်သွေးစက်အကြည့်ချင်းဆုံမိကြ၏။ လျှောက်လက်စခြေလှမ်းများပါ ရပ်တန့်၍ မျက်လုံးထဲ၌အဖြေရှာနေကြပေသည်။ သူတို့နှစ်ယောက်ထဲကတစ်ယောက်ကတော့ မျက်တောင်လည်းမခတ်သလိုရင်တွေခုန်နေမှာအမှန်ပင်။ ထို့နောက် နှစ်ယောက်သားအရှက်ပြေရယ်ကြ၍ အတွေးများကရောက်ရှိလာတော့သည်။
*မျက်လုံးလေးကပြာလဲ့လဲ့နဲ့ချစ်ဖို့ကောင်းလိုက်တာ အဲလေ ရန်ကင်း ရန်ကင်း စိတ်ထိန်း စိတ်ထိန်း သူကယောကျာ်းတစ်ယောက်ဆိုတာမမေ့နဲ့*
*သိန်းငှက်မျက်လုံးဆိုတာသူ့မျက်လုံးလိုထင်ပါရဲ့ တောက်ပ လိုက်တာအဲလေ သွေးစက်အိမ်ရေ မင်းဘာတွေတွေးနေတာလဲဟ ယောကျာ်းလေးတစ်ယောက်ကိုဘယ်လိုစိတ်မျိုးနဲ့ ဟူး*
ယောကျာ်းလေးချင်းဆိုသည့်အတွေးကသူတို့ကိုတားဆီးနေပေသည်။ သဘာဝမကျသည့်စိတ်ဝင်စားမှုကို သူတို့ဆက်မတွေးခဲ့ပေ။
ခေတ္တခဏတိတ်ဆိတ်သွားပြီးနောက်-
"ဟိုမိုးရန်ကင်းရဲ့အသက်က''
"နာမည်ကရှည်လိုက်တာအတိုချုပ်ကလေးခေါ်ပါလား?''
"အရန်လို့ခေါ်မယ်လေ''
"အရန် အင်း မင်းကသွေးစက်အိမ်ဆိုတော့အသွေးလို့ခေါ်မယ်လေ''
"ဒါနဲ့အသက်က''
"23နှစ်ပါ''
ВЫ ЧИТАЕТЕ
ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်(ongoing)
Документальная прозаHello everyone,🍁 ဒီ fictionလေးကအေးအေးငြိမ့်ငြိမ့်လေးနဲ့ ရေးသွားဖို့ရှိပါတယ်... မုန်တိုင်းနည်းပါမယ်... ကျေးလက်ရဲ့သဘာ၀အငွေ့သက်တွေပါမယ်... သာမန်မဟုတ်တဲ့ကောင်လေးနှစ်ယောက်ကြားက ကြီးမားတဲ့ချစ်ခြင်းတရားနှင့်အတူရင်မဆိုင်ရဲဘဲစိုးရိမ်ကြောင့်ကြမှုလေးတွေပါမယ်...