Ep(7){unicode}🐯

167 14 0
                                    

ကျွန်​​တော်​​ယောကျာ်​းတစ်​​ယောက်​ကိုချစ်​​နေမိတယ်​ep(7)

​နေ​ရောင်​ခြည်​နုနု​လေးကိုကျွန်​​တော်​ခံစားမိတယ်​...
မနက်​ခင်​းရဲ့အ​ငွေ့သက်​ကိုရ​နေပြီဖြစ်​တာ​ကြောင်​့ မျက်​လုံးဖွင်​့ကြည်​့လိုက်​​တော့ပြတင်​း​ပေါက်​က​နေတစ်​ဆင်​့မြင်​​နေရတဲ့ ကြည်​လင်​လှတဲ့မိုး​ကောင်​းကင်​၊တစ်​တီတူး​နေတဲ့​ကြေးငှက်​​မောင်​နှံတို့ရဲ့အသံ...

​ဘေးဘက်​ကိုကြည်​့လိုက်​​တော့ဖြူစင်​စွာအိပ်​​မောကျ​နေတဲ့အရန်​...သိပ်​ကို​ချောတဲ့အရန်​အပြစ်​​ပြောစရာမရှိတဲ့မျက်​လုံး၊မျက်​ခုံး၊နှာတံကအစသိပ်​ကိုပြီးပြည်​့စုံလွန်​းသည်​...ငယ်​ငယ်​ကတည်​းကအ​ပေါင်​းသင်​းမရှိတဲ့ကျ​နော်​ကအရန်​့ကိုညီ​လေးတစ်​​ယောက်​လိုခင်​တွယ်​မိသည်​...

*တကယ်​့က​လေးလိုပဲ​ဒေါသအိုး​လေးမင်​းသာမိန်​းမရရင်​အဲ့မိန်​းမ​တော်​​တော်​ကိုသည်​းခံရလိမ်​့မယ်​ထင်​ရဲ့*

အချိန်​ကိုကြည်​့လိုက်​​တော့မနက်​ခုနှစ်​နာရီရှိ​ချေပြီအမှန်​ဆိုငါးနာရီ​လောက်​နိုးရမှာမှန်​​ပေမယ်​့မ​နေ့ကအရန်​နဲ့စကား​တွေအများကြီး​ပြောရင်​း ညနက်​ခဲ့ကြသည်​​လေ...အရန်​ကဧည်​့သည်​ဖြစ်​တာ​ကြောင်​့အိပ်​​ရေးဝ​အောင်​အိပ်​​စေရန်​အတွက်​မနိုးဘဲတိတ်​တိတ်​​လေးထွက်​ခဲ့​တော့သည်​...

အိမ်​​အောက်​​ရောက်​​တော့ဆံပင်​ရှည်​ကိုနှစ်​ခွစည်​းပြီးသနပ်​ခါးပါးကွက်​ကြားနဲ့ဝမ်​းကွဲညီမစုစု​သွေးကိူ​တွေ့ရတယ်​...

"ကိူ​လေးနိုးလာပြီလားကို​လေးသူငယ်​ချင်​း​ရော''
"ကျွန်​​တော်​လည်​းနိုးပါပြီဗျာ''

ပြန်​​ဖြေချိန်​​တောင်​မရလိုက်​ဘဲဝင်​​ဖြေသွားတဲ့အရန်​...

"​အော်​အရန်​နိုးပြီလားငါကမင်​းကိုအိပ်​ပါ​စေအုန်​းဆိုပြီးမနိုးဘဲထားခဲ့တာ''
"ရပါတယ်​အကိုရာဧည်​့သည်​ဆိုးကြီးမလုပ်​ချင်​ပါဘူး''

စု​သွေး-''စကား​လေးဖြတ်​​ပြောလိုက်​အုန်​းမယ်​ကို​လေးတို့အတွက်​လက်​ဖက်​ရည်​နဲ့​ကောက်​ညှင်​း​ပေါင်​းပြင်​ထားတယ်​''
"ဦး​လေးနဲ့အ​ဒေါ်​ရော''
စု​သွေး-"ဦး​လေးကဒီအချိန်​ဆိုဘုန်​းကြီး​ကျောင်​းမှာ​ဝေယျဝစ္စသွားလုပ်​​နေကျအ​ဒေါ်ကခုနကမှရွာထဲသွားတာ''
"​အော်​''
စု​သွေး-"ကို​လေးတို့မျက်​နှာသစ်​သွားတိုက်​ဖို့အတွက်​စုစုတို့ပြင်​​ပေးထားတယ်​မျက်​နှာသွားသစ်​ပြီးမုန်​့လာစားကြ''
"ဟုတ်​ပါပြီဗျာငါ့ညီမက​တော်​​တော်​သွက်​လာတယ်​လာအရန်​မျက်​နှာသွားသစ်​ရ​အောင်​''
"ဟုတ်​''

ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်(ongoing)Tempat cerita menjadi hidup. Temukan sekarang