ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်ep(7)
နေရောင်ခြည်နုနုလေးကိုကျွန်တော်ခံစားမိတယ်...
မနက်ခင်းရဲ့အငွေ့သက်ကိုရနေပြီဖြစ်တာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ပြတင်းပေါက်ကနေတစ်ဆင့်မြင်နေရတဲ့ ကြည်လင်လှတဲ့မိုးကောင်းကင်၊တစ်တီတူးနေတဲ့ကြေးငှက်မောင်နှံတို့ရဲ့အသံ...ဘေးဘက်ကိုကြည့်လိုက်တော့ဖြူစင်စွာအိပ်မောကျနေတဲ့အရန်...သိပ်ကိုချောတဲ့အရန်အပြစ်ပြောစရာမရှိတဲ့မျက်လုံး၊မျက်ခုံး၊နှာတံကအစသိပ်ကိုပြီးပြည့်စုံလွန်းသည်...ငယ်ငယ်ကတည်းကအပေါင်းသင်းမရှိတဲ့ကျနော်ကအရန့်ကိုညီလေးတစ်ယောက်လိုခင်တွယ်မိသည်...
*တကယ့်ကလေးလိုပဲဒေါသအိုးလေးမင်းသာမိန်းမရရင်အဲ့မိန်းမတော်တော်ကိုသည်းခံရလိမ့်မယ်ထင်ရဲ့*
အချိန်ကိုကြည့်လိုက်တော့မနက်ခုနှစ်နာရီရှိချေပြီအမှန်ဆိုငါးနာရီလောက်နိုးရမှာမှန်ပေမယ့်မနေ့ကအရန်နဲ့စကားတွေအများကြီးပြောရင်း ညနက်ခဲ့ကြသည်လေ...အရန်ကဧည့်သည်ဖြစ်တာကြောင့်အိပ်ရေးဝအောင်အိပ်စေရန်အတွက်မနိုးဘဲတိတ်တိတ်လေးထွက်ခဲ့တော့သည်...
အိမ်အောက်ရောက်တော့ဆံပင်ရှည်ကိုနှစ်ခွစည်းပြီးသနပ်ခါးပါးကွက်ကြားနဲ့ဝမ်းကွဲညီမစုစုသွေးကိုတွေ့ရတယ်...
"ကိုလေးနိုးလာပြီလားကိုလေးသူငယ်ချင်းရော''
"ကျွန်တော်လည်းနိုးပါပြီဗျာ''ပြန်ဖြေချိန်တောင်မရလိုက်ဘဲဝင်ဖြေသွားတဲ့အရန်...
"အော်အရန်နိုးပြီလားငါကမင်းကိုအိပ်ပါစေအုန်းဆိုပြီးမနိုးဘဲထားခဲ့တာ''
"ရပါတယ်အကိုရာဧည့်သည်ဆိုးကြီးမလုပ်ချင်ပါဘူး''စုသွေး-''စကားလေးဖြတ်ပြောလိုက်အုန်းမယ်ကိုလေးတို့အတွက်လက်ဖက်ရည်နဲ့ကောက်ညှင်းပေါင်းပြင်ထားတယ်''
"ဦးလေးနဲ့အဒေါ်ရော''
စုသွေး-"ဦးလေးကဒီအချိန်ဆိုဘုန်းကြီးကျောင်းမှာဝေယျဝစ္စသွားလုပ်နေကျအဒေါ်ကခုနကမှရွာထဲသွားတာ''
"အော်''
စုသွေး-"ကိုလေးတို့မျက်နှာသစ်သွားတိုက်ဖို့အတွက်စုစုတို့ပြင်ပေးထားတယ်မျက်နှာသွားသစ်ပြီးမုန့်လာစားကြ''
"ဟုတ်ပါပြီဗျာငါ့ညီမကတော်တော်သွက်လာတယ်လာအရန်မျက်နှာသွားသစ်ရအောင်''
"ဟုတ်''

ESTÁS LEYENDO
ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်(ongoing)
No FicciónHello everyone,🍁 ဒီ fictionလေးကအေးအေးငြိမ့်ငြိမ့်လေးနဲ့ ရေးသွားဖို့ရှိပါတယ်... မုန်တိုင်းနည်းပါမယ်... ကျေးလက်ရဲ့သဘာ၀အငွေ့သက်တွေပါမယ်... သာမန်မဟုတ်တဲ့ကောင်လေးနှစ်ယောက်ကြားက ကြီးမားတဲ့ချစ်ခြင်းတရားနှင့်အတူရင်မဆိုင်ရဲဘဲစိုးရိမ်ကြောင့်ကြမှုလေးတွေပါမယ်...