အခန်း (၄၉) အဆင့်အတန်း (အပိုင်း ၁)

794 199 6
                                    

ကံဆိုတာ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ပညာထက်တောင် ပိုပြီးနားလည်ရခက်တယ်ဆိုတာ သင်သိပါသလား...

.............................

ဘူ......

အန်တိုနီရို့ဘက်မှ ကျယ်လောင်သောလေလည်သံကြီးပေါ်လို့လာသည်။ သူ့ရဲ့ကိလေသာဇောတက်ကြွနေသည့်အတွေးထဲတွင် ခုထိတိုင်နစ်မွန်းနေသည့်ဖိန်ရှာဟာ အလွန်ကိုထိတ်လန့်သွားတာကြောင့် သူ့လက်ထဲကအသားကင်တောင် မြေပေါ်သို့ပြုတ်ကျသွားလုမတတ်ပင်။

ရှမယ်ကမတ်တပ်ထရပ်လိုက်သော်လည်း မတောင်းပန်ခဲ့ပါ။ အန်တိုနီရိုဟာ သူ့ရဲ့နဂိုကိုယ်နေဟန်အတိုင်းရှိနေပြီး အသားဆက်ကင်ရန်မီးပုံဘေးတွင်ပဲ ဆက်လက်ထိုင်လို့နေသည်။ သူ့ရဲ့ခိုင်မြဲသည့်နောက်ကျောဘက်ခြမ်းမှ သူ့အမူအယာကို ဖိန်ရှာမမြင်ရသော်လည်း ရှမယ့်မျက်နှာပေါ်က အလွန်အင်မတန်ရှက်ရွံ့နေသည့်အကြည့်ကြောင့် လေလည်သည့်အနံ့မှာ သူ့အသံနှင့်တိုက်ရိုက်အချိုးကျခြင်းကို သိနိုင်သည်။

လေလည်သံပေါ်ထွက်လာသည့်အခိုက်တွင် အေစနှင့်လေတွန်တို့ဟာ သူတို့တဲအား ခပ်လှမ်းလှမ်းအတန်ဝေးသည့်နေရာသို့ရောက်‌အောင် နှစ်ယောက်သား မ ရွှေ့ကြလေသည်။ ဂျင်ကတော့ သူ့တဲကိုလုံးဝစိတ်ထဲထားမနေဘဲ ချက်ချင်းထွက်ပြေးလို့သွားသည်။ ဟီရူးလည်းပျောက်သွားကာ နောက်ထပ်တဖန် ဝတ်လစ်စလစ်ဖြင့်လျှောက်သွားနေပြန်လောက်ချေပြီ။

ဖိန်ရှာနှင့်အိုက်စဖယ်တို့မှာ ရှမယ်နှင့် အဝေးဆုံးအကွာအဝေးတွင် ထိုင်နေခဲ့တာကြောင့် သူ့နှာခေါင်းကိုသာ သရုပ်ဖော်ဟန်ဖြင့်ပိတ်ရုံပိတ်လိုက်ပြီး ဖြည်းဖြည်းချင်းမီးပုံအစွန်းထိရောက်အောင်သွား၍ ရှမယ့်၏အရှက်ရဖွယ်အကြောင်းအား အိုက်စဖယ်နှင့်အကျွမ်းတဝင်ပြောဆိုရမည့်အခွင့်အရေးရဖို့ ဇွတ်အတင်းကြိုးစားလိုက်တော့သည်။ "နတ်သူငယ်မင်းသားလေးတွေလဲ လေလည်တတ်တယ်ဆိုတာ ကျွန်တော်မကြားဖူးဘူး၊ အဲဒါရယ်စရာကောင်းတယ်လို့ ခင်ဗျားမထင်ဘူးလား"

သိသာစွာပင် အိုက်စဖယ်က ထိုအရာကိုရယ်စရာဟုပင် မသတ်မှတ်ပါ။ "အဲဒါ ဝင်သွားပြီး ပြန်ထွက်လာတာလေ"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now